တောင်ငူရွှေဆံတော်ဘုရား ဂေါပကအဖွဲ့ဝင်(၁)ဦး အဖမ်းခံရပြီး သေဆုံး

အောက်တိုဘာ ၉-၂၀၂၁
GH ( VOM )
 
တောင်ငူမြို့ ရွှေဆံတော်ဘုရားဂေါပကရုံးအဖွဲ့မှူး(၁)ဦးဟာ မနေ့ အောက်တိုဘာ ၈ရက် ညပိုင်းက ဖမ်းဆီးခံရပြီး အဲ့ဒီ ညတွင်းချင်းပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မနေ့ အောက်တိုဘာလ ၈ ရက်နေ့ ည ၁၀ နာရီလောက်မှာ ရွှေဆံတော် ဘုရားဝန်းအတွင်းဝင်ရောက်ပြိး ဖမ်းဆီးသွားတာဖြစ်ကြောင်း၊ ဖမ်းဆီးပြီးနောက် သေဆုံးသွားကြောင်းကို မိသားစုတွေဆီ ဆက်သွယ်အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ် ။
 
” ညတွင်းပဲအကြောင်းကြားတာ၊ အလောင်းကို ရင်ခွဲရုံပို့ထားတယ်ပေါ့။ မနေ့ကဖမ်းတော့ ဘုရားထဲဝင်ဖမ်းတာ ။ ဦးစန်းကြည်က ဘုရားမှာစောင့်အိပ်တာ အဲ့ဒါကို စစ်တပ်က ဝင်ဖမ်းတာ။ ဘာလို့ဖမ်းလဲတော့ မသိရသေးပါဘူး၊ ” လို့ မိသားစုနဲ့ နီးစပ်သူ တောင်ငူဒေသခံတဦးကပြောပါတယ်။
 
ဦးဆန်းကြည်ဟာ အသက် ၆၅ နှစ်အရွယ် ဖြစ်ပြီး တောင်ငူမြို့၊ ကရင်မစျေးရှေ့ ၊ အမှတ် ၂၀ ရပ်ကွက်မှာနေထိုင်တယ်လို့သိရပါတယ်။
 
ဦးဆန်းကြည်ရုပ်အလောင်းကိုတော့ ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့မှာပဲ မီးသင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။
 
” ဖောက်ခွဲမှုတခု နဲ့ ပက်သက်တယ်လို့ စွပ်စွဲပြီးဖမ်းတာလို့ကြားတယ်။ “လို့ ဒေသခံတဦးကလည်း ပြောပါတယ် ။
 
တောင်ငူမြို့မှာ မနေ့အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၆ နာရီခွဲမှာ တကြိမ်၊ ည ၁၀ နာရီဝန်းကျင်မှာ တကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုတော့မရှိဘူးလို့ သိရပါတယ်။
 
#voiceofmyanmar #VOM #တောင်ငူ

Related posts

Leave a Comment

VOM News

FREE
VIEW