ထိုင်၀မ်မှာ အထပ်မြင့်အဆောက်အအုံမီးလောင်ကျွမ်းမှု ၄၆ ဦးသေဆုံး ၈၀ နီးပါးဒဏ်ရာရ

တိုင်ပေ၊ အောက်တိုဘာ-၁၅-၂၀၂၁
မျိုးဆက်(VOM)
 
ထိုင်၀မ်တောင်ပိုင်းမှာ ၁၃ ထပ်အဆောက်အအုံတစ်ခုမီးလောင်ကျွမ်းမှုကြောင့် လူ ၄၆ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်များစွာ အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။
 
Kaohsiung မြို့မှာရှိတဲ့ လူနေနဲ့စီးပွားရေးလုပ်ငန်းတွေတည်ရှိတဲ့ အဲဒီအဆောက်အအုံမီးလောင်ကျွမ်းမှုဟာ အောက်တိုဘာ ၁၄ ရက်အစောပိုင်းမှာဖြစ်ပွားခဲ့တာလို့ မီးသတ်ဌာနကပြောပါတယ်။
 
မီးသတ်သမားတွေဟာ မီးငြိမ်းသတ်နိုင်ဖို့ လေးနာရီကျော်ကြာ အချိန်ယူခဲ့ရ လူ ၇၉ ဦးကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ၁၄ ဦးကတော့ စိုးရိမ်ဖွယ်အခြေအနေရှိနေပါတယ်။
 
မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို ရှင်းလင်းသွာမသိရသေးပါဘူး။ တာ၀န်ရှိသူတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေကြပါတယ်။
 
အဆောက်အအုံရဲ့အနိမ့်ပိုင်းအထပ်တွေမှာတော့ စားသောက်ဆိုင်၊ ကာရာအိုကေနဲ့ ရုပ်ရှင်ရုံတွေရှိပြီး ဒါတွေက လုပ်ငန်းမလည်ပတ်တော့တာကြပြီလို့ သတင်းတွေကဖော်ပြထားပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW