ဒဂုံအရှေ့မှာ ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျလို့ လူ(၃)ဦးသေဆုံး၊ (၃)ဦးဒဏ်ရာရရှိ

ရန်ကုန်၊အောက်တိုဘာ ၁၅-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့)ပိုင်းမြို့နယ်၊ (၆) ရပ်ကွက်၊ ကျန်စစ်သားလမ်းနဲ့ မေယုလမ်းထောင့်မှာရှိတဲ့ ဆောက်လုပ်ဆဲ အဆောက်အအုံ ဒီကနေ့မနက် ၉နာရီခွဲခန့်က ပြိုကျခဲ့ရာ လူ (၃)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
 
ဆောက်လက်စတိုက်မှာ ကန်ထရိုက်အပါအဝင် ၁၄ဦး အလုပ်လုပ်နေကြပြီး ပြိုကျချိန်မှာ ၈ဦးထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ၆ဦးကျန်ရှိရာ သုံးဦးမှာသေဆုံးပြီး သုံးဦးကိုသာ ကယ်ထုတ်နိူင်ခဲ့တယ်လို့ သိရပါတယ်။
 
မီးသတ်ဦးစီးဌာနက ညွန်ကြားရေးမှူးဦးသိန်းထွန်းဦးက ” ၉နာရီ ၄၅မီနစ်မှာ ၃ ဦးကယ်နိူင်တယ်၊ သူတို့ကတော့ အသက်ရှင်လျက်ပဲ၊ ၁၂နာရီ ၂၀မှာ တဦး၊ ၂နာရီ ၂၅မီနစ်မှာ တဦး၊ ၂နာရီ ၄၅မှာ တဦး၊ ၃ဦးကတော့ သေဆုံးခန္ဓာကိုယ်တွေပဲ ပြန်ထုတ်နိူင်ခဲ့တယ်”လို့ VOMကို ပြောပါတယ်။
 
ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကို မြောက်ဥက္ကလာပပြည်သူဆေးရုံကို ပို့ဆောင်ထားတယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။
 
မနေ့ အောက်တိုဘာ ၁၄ရက် နေ့လည်ပိုင်းကလည်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ နယ်မြေ(၆)၊ ဇောတိကလမ်းမှာ RC(၁)ထပ်တိုက် ပြုပြင်နေချိန် အမိုးပြိုကျမှုဖြစ်ပွားပြီး အလုပ်သမားတဦးဒဏ်ရာရရှိပြီး တဦးသေဆုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
 
Photo- MFSD
#voiceofmyanmar #VOM #ရန်ကုန် #တိုက်ပြို #သုံးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW