အောက်တိုဘာ ၁၃ GH ( VOM ) တရုတ်ငွေ ယွမ်နဲ့ ဂျပန်ငွေ ယန်းကို မြန်မာနိုင်ငံထဲမှာ တရားဝင် ဝယ်ယူရောင်းချခွင့်ပြုလိုက်ကြောင်း ဗဟိုဘဏ်က မနေ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ အသိပေးလိုက်ပါတယ်။ ဒီလို တရားဝင်ရောင်းချခွင့်ပြုလိုက်တဲ့အတွက် တရုတ်နဲ့ ကုန်သွယ်မှုလုပ်ကိုင်နေရတဲ့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အဆင်ပြေတဲ့အပြင် စီးပွားရေးကို ပိုပြီးကျယ်ပြန့်သွားစေမှာဖြစ်တယ်လို့ လုပ်ငန်းရှင်တဦးကပြောပါတယ်။ “စီးပွားရေးလောက ပိုကျယ်ပြန့်သွားတာပေါ့။အန်ကယ်တို့လို့ တရုတ်ပြည်ကိုပို့နေရတဲ့သူတွေဆိုရင် ပိုအဆင်ပြေတယ် ၊နောက်တစ်ခုက အိုဗာဆီးကနေ တရုတ်ကိုပို့တယ်။တရုတ်က သူတို့နိုင်ငံမှာ ဒေါ်လာပေးတာမဟုတ်ဘူး။သူတို့ငွေပဲပေးတာ၊တရုတ်ငွေဆိုတော့ ဒေါ်လာပြန်ဝယ်ရတယ်။ အခုက တရားဝင်ဖြစ်သွားပြီဆိုတော့ဒေါ်လာပြန်ဝယ်စရာမလိုတော့ဘူး တရုတ်ငွေနဲ့ပဲအရောင်းအဝယ်လုပ်လို့ရသွားပြီ။ဗဟိုဘဏ်မှာပဲပေါ့။ ” လို့ တရုတ်ကို ဆန် တင်ပို့နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။ အရင်က တရုတ်ငွေ ယွမ်ကို နယ်စပ်မှာ တရားမဝင်လဲလှယ်နေရတာဖြစ်ကြောင်း၊ အခုလို တရားဝင်ခွင့်ပြုလိုက်တာကြောင့် တရုတ်ငွေနဲ့ပဲ…
Read MoreMonth: October 2021
နီပေါအနောက်မြောက်ပိုင်းမှာ ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၂၈ ဦးသေဆုံး
ခတ္တမန္ဒူ ၊ အောက်တိုဘာ-၁၃-၂၀၂၁ မျိုးဆက်(VOM) နီပေါနိုင်ငံအနောက်မြောက်ပိုင်းမှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၂၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ အဲဒီဘတ်စ်ကားဟာ မူဂူခရိုင်ကိုဖြတ်ပြီး မောင်းနှင်နေချိန်မှာ အောက်တိုဘာ ၁၂ ရက်နေ့လယ်ပိုင်းမှာ လမ်းချော်ပြီး ချောက်အတွင်းကို တိမ်းမှောက်သွားတာဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဘတ်စ်ကားတိမ်မှောက်ရတဲ့ အကြောင်းရင်းကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။ ဒါပေမယ့် ဘတ်စ်ကားဟာ ဘရိတ်ပေါက်ပြီးနောက် ချောက်အတွင်းသို့တိမ်းမှောက်သွားတာဖြစ်ဖွယ်ရှိတယ်လို့ သတင်းဌာနအချို့ ဖော်ပြထားပါတယ်။ နီပေါနိုင်ငံမှာ များသောအားဖြင့် လမ်းတွေမကောင်းတာနဲ့ မော်တော်ယာဉ်တွေကို ထိန်းသိမ်းမှုအားနည်းခြင်းကြောင့် လမ်းမတော်တဆမှုဖြစ်ပွားတာတွေဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။ ဘတ်စ်ကားတိမ်းမှောက်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး ဒဏ်ရာရရှိသူတစ်ဒါဇင်ကျော်ကို အနီးနားရှိဆေးရုံသို့ တင်ပို့ထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ Ref: BBC Photo: APA #voiceofmyanmar #VOM #ခတ္တမန္ဒူ
Read Moreထိုင်းကို တရားမ၀င်သွားတဲ့ မြန်မာ ၄၈ ယောက် ချင်းမိုင်မှာ အဖမ်းခံရ
ချင်းမိုင်၊ အောက်တိုဘာ-၁၃-၂၀၂၁ မျိုးဆက် (VOM) ထိုင်းနိုင်ငံအတွင်းကို တရားမ၀င်လာရောက်တဲ့ မြန်မာလုပ်သား ၄၈ ယောက်ကို ချင်းမိုင်အာဏာပိုင်တွေက အောက်တိုဘာ ၁၃ ရက်မနက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေဖို့အတွက် နယ်စပ်ကတဆင့် ခြေလျင်ဖြတ်ကျော်၀င်ရောက်လာတာဖြစ်ပြီး မနက် ၃ နာရီလောက်မှာ အာဏာပိုင်တွေက သူတို့ကို တွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူတို့ကို နိုင်ငံတွင်း တရားမ၀င်၀င်ရောက်မှုနဲ့ပတ်သက်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေအရ အရေးယူမှုမပြုခင်မှာ ကိုဗစ်-၁၉ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားအဖွဲ့ထဲမှာ အသက် ၁ နှစ်ကနေ ၅ နှစ်ကြားအရွယ် ကလေးငယ် ၁၂ ဦး၊ အသက် ၁၅ နှစ်ကနေ ၇၉ နှစ်အကြားအရွယ် အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၂၀ ဦးပါ၀င်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းကလည်း…
Read Moreနှာခေါင်းဖြန်းဆေးနဲ့ ကိုဗစ်ကာကွယ်ဖို့ ရုရှားနိုင်ငံမှာ စမ်းသပ်နေ
မော်စကို၊ အောက်တိုဘာ-၁၃-၂၀၂၁ မျိုးဆက်(VOM) ကိုဗစ်-၁၉ ရောဂါကို နှာခေါင်းဖြန်းဆေးတစ်မျိုးနဲ့ ကာကွယ်ဖို့အတွက် ရုရှားနိုင်ငံမှာ စမ်းသပ်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ ပြည်တွင်းထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေးကို နှာခေါင်းဖြန်းဆေးပုံစံတစ်ခုပြုလုပ်ပြီး အရွယ်ရောက်ပြီးသူ စေတနာ့၀န်ထမ်းတွေနဲ့ စမ်းသပ်သွားမယ်လို့ ရုရှားနိုင်ငံပိုင်သတင်းဌာနက အောက်တိုဘာ ၁၂ ရက်မှာ ဖော်ပြထားပါတယ်။ ရုရှားနိုင်ငံဟာ လက်ရှိမှာ နိုင်ငံတွင်းကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုမြင့်တက်နေတာကို ထိန်းချုပ်ဖို့ ရုန်းကန်နေရပါတယ်။ စမ်းသပ်ခံမယ့် စေတနာ့၀န်ထမ်းတွေအတွက် အဲဒီနှာခေါင်းဖြန်းဆေးကို စိန့်ပီတာစဘတ်ဆေးရုံမှာ နှစ်ကြိမ်ဖြန်းပေးမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနကဖော်ပြထားပြီး လက်တွေ့စမ်းသပ်မှုနဲ့ပတ်သက်ပြီး အချိန်ကာလကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ ဇွန်လအတွင်းကလည်း အသက် ရှစ်နှစ်မှ ၁၂ နှစ်အရွယ်ကလေးငယ်တွေအတွက်သင့်တော်တဲ့ နှာခေါင်းဖြန်းဆေးတစ်မျိုးကို စမ်းသပ်ခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေကပြောပါတယ်။ နိုင်ငံတွင်းမှာ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေစံချိန်တင် ဖြစ်ပွားနေတာကြောင့် ကာကွယ်ဆေးထိုးအစီအစဉ်ကို အရှိန်မြှင့်လုပ်ဆောင်ဖို့လိုအပ်နေကြောင်း သမ္မတ ဗလာဒီမာပူတင်ကတိုက်တွန်းထားပါတယ်။…
Read Moreမင်္ဂလာတောင်ညွှန့်မှာ မီးရထားဝန်ထမ်းတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး
ရန်ကုန်၊အောက်တိုဘာ ၁၃-၂၀၂၁ KK(VOM) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မီးရထားရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်း၊သိမ်ဖြူမီးပွိုင့်မှာ ဒီကနေ့ မနက် ၉နာရီက မီးရထားဝန်ထမ်းတစ်ဦးသေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေကနေ သိရပါတယ်။ အဲ့ဒီမီးရထားဝန်ထမ်းဟာ နေအိမ်ကနေ အလုပ်ကိုအသွား ကားပေါ်က အဆင်းမှာ ပစ်ခတ်ခံရလို့ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဗိုလ်မင်းရောင်လမ်းမှာ နေထိုင်သူတဦးက ပြောပါတယ်။ “ကားပေါ်ကအဆင်းမှာ သေနတ်နဲ့ပစ်တာ ရင်ဘတ်ကို ပစ်တာ၊ အဲ့ဒီနေရာမှာပဲ သေသွားတာ၊ စစ်သားတွေအလောင်းလာသယ်သွားပါပြီ၊ စစ်ဆေးမှုတွေလည်း လုပ်နေတယ်”လို့ သူကပြောပါတယ်။ သေဆုံးသူဟာ မြန်မာ့မီးရထား သတင်းနှင့်ပြန်ကြားရေးဌာနမှ ဦးထိန်ဝင်း (ခေါ်) ရန်ကင်းမောင်ဆိုသူဖြစ်ပြီး ရန်ကုန်ဘူတာကြီးကနေ ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့မီးရထားတိုင်း (၆)ရုံးကို သွားရောက်ချိန် သိမ်ဖြူမီးပွိုင့်မှာ ရင်ဘတ်ကို သေနတ်နဲ့သုံးချက်ပစ်ခံရကာ သေဆုံးသွားတာဖြစ််တယ်လို့ တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေက သိမ်ဖြူမီးပွိုင့်အနီးမှာ ကားတွေနဲ့လမ်းသွားလမ်းလာတွေကို…
Read Moreရုပ်ရှင်လောကသားတွေ အစည်းအဝေးလုပ်ပြီးမှသာ ရုပ်ရှင်ရုံတွေ ဖွင့်နိုင်၊မဖွင့်နိုင် သိရမယ်
အောက်တိုဘာ ၁၃-၂၀၂၁ GH ( VOM ) မကြာခင်မှာ ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်ခွင့်ပြုတော့မယ်လို့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပေမယ့် မြေပြင်မှာ တကယ်ဖွင့်နိုင်မယ့် အခြေအနေ ရှိ၊မရှိကိုတော့ ရုပ်ရှင်လောကသားတွေ ဆွေးနွေးမှုပြုလုပ်ရအုံးမှာဖြစ်တယ်လို့ ရုပ်ရှင်လုပ်ငန်းအသိုင်းအဝိုင်းက သိရပါတယ်။ ” ရုံပိုင်ရှင်နဲ့ထုတ်လုပ်သူတွေ ထုတ်လုပ်သူကလည်းရုံတင်အုံးမှ။ ရုံပိုင်ရှင်ကလည်း သဘောတူအုံးမှ အဲ့ဒါမှရမှာလေ။သူတို့ကို သေချာမေးပြီးမှသိရမှာ။အစည်းအဝေးတွေသေချာလုပ်ပြီးမှသိရမှာ “လို့ အမည်မဖော်လိုသူ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးအဖွဲ့ဝင်တဦးကပြောပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ကိုဗစ်ကပ်ရောဂါအခြေအနေတွေကြောင့် ရုပ်ရှင်လုပ်ငန်းတွေ ပြန်လည်စတင်ဖို့ရာ အခက်အခဲတွေရှိနေတယ်လို့ ရိုက်ကူးထုတ်လုပ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ် ။ “ဒီအချိန်မှာဖွင့်ရင် နိုင်ငံရေး အခြေအနေမကောင်းတော့ ဘယ်သူမှ ကြည့်မယ် မထင်ပါဘူး၊ တည်ငြိမ်နေတာမဟုတ်တော့လေ၊ နောက်ပြီး အခုလောလောဆယ် အနုပညာလောက က ဘယ်သူမှမရှိကြဘူး၊ကျန်နေတဲ့သူတွေနဲ့လုပ်လည်း အဲ့လူတွေကို ဘယ်သူမှအားပေးမှာမဟုတ်ဘူး ” လို့ ရုပ်ရှင်လောကသားတစ်ဦးကပြောပါတယ်။…
Read Moreမုံးကိုးမှာ အရပ်သားပြည်သူ ၆ ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရ
အောက်တိုဘာ ၁၃-၂၀၂၁ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့မှာ မနေ့ အောက်တိုဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းကစ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သား ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လက်နက်ကြီး ကျရောက်ထိမှန်တာကြောင့် နေအိမ် ၂ အိမ်ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၆ ဦး ဦးရန်ကျုံး ၆၃ နှစ်၊ မရန်စီဖာ ၂ နှစ်၊ ဒေါ်ဆုမွေ ၆၁ နှစ်၊ ဒေါ်ဂလောင်းဝ်ယိမ်းဆောင် ၂၅ နှစ်၊ ဦးဂယာသား ၂၃ နှစ် နဲ့ မမရန်ဆိုင်းနန် ၂ နှစ် ၁၀ လ တို့လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး ၎င်းတို့ ၆ ဦး ထဲက ၄ ဦး…
Read Moreလုယက်မှုဆက်တိုက်ဖြစ်နေတာကြောင့် ကုန်တင်ရေယာဉ်တွေပြေးဆွဲမှု ယာယီရပ်နားမယ်
အောက်တိုဘာ ၊ ၁၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ သလ္လာဝတီဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ကုန်စည်ပို့ဆောင်ပေးနေတဲ့ ကုန်တင်ရေယာဉ်လမ်းကြောင်းတွေမှာ ကုန်ပစ္စည်းတွေ လုယက်ခံရတာ များလာတဲ့အတွက် အောက်တိုဘာ ၁၄ ရက်ကစပြီး ပြေးဆွဲသွားလာတာတွေ ယာယီရပ်နားထားတော့မှာဖြစ်တယ်လို့ ကုန်တင်ရေယာဥ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ ပစ္စည်းလုခံရတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကုန်တင်ရေယာဥ် ပိုင်ရှင်တစ်ယောက်က” ကလေးဝနဲ့ မုံရွာအကြား နေရာ ၅ နေရာထက်မနည်း မော်တော် အတားခံရတာပါ ၊ ရှော်တယ် (စက်လှေ)တွေနဲ့ လိုက်ကပ်ပြီး တားတယ် ၊ မော်တော်မှာပါတဲ့ ကုန်ပစ္စည်းတွေကို မွှေနှောက်ရှာပြီး စားသောက်ကုန် ၊ ဆေးနဲ့ ဆေးပစ္စည်းတွေ စိတ်ကြိုက်ရွေးယူတယ် ၊ သူတို့ယူသွားသမျှ ကုန်ဖိုးတွေကို ကုန်သည်တွေဆီ ပြန်လျော်ပေးရတယ် ၊ အဲ့ဒီလို လျော်ရတဲ့အခါ မုံရွာစျေးနူန်းနဲ့…
Read Moreညောင်ဦးက ရွှေကန်ဖြူရွာအုပ်ချုပ်ရေးမှူးနဲ့သားဖြစ်သူ သေနတ်နဲ့ပစ်သတ်ခံရ
အောက်တိုဘာ ၁၃-၂၀၂၁ GH ( VOM ) ညောင်ဦးမြို့နယ် ၊ ရွှေကန်ဖြူရွာအုပ်ချုပ်ရေးမှူးနဲ့သားဖြစ်သူတို့ မနေ့ အောက်တိုဘာ ၁၂ရက် ညပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ ” ညက ပစ်ခံရပြိးသေတာ ဟုတ်တယ်။ အုပ်ကြီးနာမည်ကလှတိုး။အသက်က ၅၀ ဝန်းကျင်ပေါ့။သူ့သားလည်းသေတယ်။အလောင်းကို ညကတည်းက စစ်တပ်ကသယ်သွားတယ်။ စစ်တပ်ကညထဲကရောက်လာပြီး စစ်ဆေးတာတွေရှာဖွေတာတွေလုပ်တယ်၊ အခုထိတော့ရွာမှာတပ်စွဲတာမရှိသေးဘူး။ ” လို့ ဒေသခံတဦးကပြောပါတယ် ။ မနေ့က အောက်တိုဘာလ ၁၂ ရက်နေ့ ည ၈ နာရီကျော်လောက်မှာ ဆိုင်ကယ်တွေနဲ့ အုပ်ချုပ်ရေးမှူးဦးလှတိုး နေအိမ်အထိ လာရောက်ပြီး သေနတ်နဲ့ ၇ချက်ခန့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်က ညကတည်းက ကား(၅)စီးနဲ့ရောက်လာကာ စစ်ဆေးတာတွေလုပ်ခဲ့ပြီး အလောင်းကိုသယ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ …
Read Moreနွားထိုးကြီးမြို့နယ်တရားရုံး ဗုံးပေါက်လို့ ရဲ အပါအဝင် ၂ယောက်ဒဏ်ရာရ
အောက်တိုဘာ ၁၂-၂၀၂၁ GH ( VOM ) နွားထိုးကြီးမြို့နယ်က တရားရုံးမှာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရဲ တယောက်နဲ့ အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့ခံတွေဆီကသိရပါတယ်။ မနက် ၁၀ နာရီလောက်ကစပြီး မြို့နယ်တရားရုံး ၊ အထွေအထွေအုပ်ချုပ်ရေးရုံးအနီးမှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မနက်က ထမင်းစားနေတုန်း ပေါက်ကွဲသံတချက်ကြားတယ်။နောက်တခါ ဗုံးပေါက်သံ တချက်ထပ်ကြားတယ်။ပြီးတော့သိရတာ တရားရုံးမှာဗုံးပေါက်တယ်။ ၂ ယောက်ဒဏ်ရာရတယ်။ ရဲကတယောက်၊ အမှုရင်ဆိုင်နေရတဲ့အမျိုးသားက တယောက်ဒဏ်ရာရတယ်။ တရားရုံးနဲ့ ထွေ/အုပ်ရုံးက အနီးလေးပဲလေ။အခုတော့ မြို့ထဲမှာ တင်းကြပ်စစ်တာမရှိဘူး။ အခုပဲရဲစခန်းရှေ့ကဖြတ်လာတာ ” လို့ နွားထိုးကြီးမြို့ခံ ပရဟိတလုပ်ဆောင်နေသူတဦးက ပြောပါတယ်။ တရားရုံးမှာက ရဲလုံခြုံရေးရယူတာမျိုးမရှိတာကြောင့် ဒီနေ့ ဗုံးပေါက်ကွဲမှုကြောင့်…
Read More