ဒေလီမြို့ရဲ့ လေထုအရည်အသွေး အန္တရာယ်ရှိတဲ့အဆင့် ရောက်ရှိနေ

ဒေလီ၊ နို၀င်ဘာ-၆-၂၀၂၁
မျိုးဆက်(VOM)
 
အိန္ဒိယနိုင်ငံ ဒေလီမြို့ရဲ့ လေထုအရည်အသွေးဟာ ဒီပါ၀လီပွဲတော်ပြီးနောက် အန္တရာယ်ရှိတဲ့အဆင့်ထိ ညစ်ညမ်းနေတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။
 
တားမြစ်ပိတ်ပင်ထားပေမယ့်လည်း ပွဲတော်ကာလအတွင်း မီးရှူးမီးပန်းတွေပစ်ဖောက်မှုကြောင့် လေထုညစ်ညမ်းမှုဟာ ပိုမိုဆိုးရွားခဲ့ပါတယ်။
 
ယာဉ်တွေ၊ စက်ရုံတွေက ထုတ်လုပ်တဲ့မီးခိုးတွေ၊ ဖုန်မှုန့်နဲ့ ရာသီဥတုပုံစံတွေကြောင့် ဒေလီမြို့ဟာ ကမ္ဘာ့ပေါ်မှာ လေထုညစ်ညမ်းမှုအဆိုးဆုံးမြို့တွေထဲက တစ်မြို့ဖြစ်ပါတယ်။
 
အထူးသဖြင့် ဆောင်းရာသီကာလအတွင်း အနီးနားရှိပြည်နယ်တွေက လယ်သမားတွေဟာ လယ်မြေတွေကို မီးရှို့မှုတွေလုပ်တာကြောင့်လည်း လေထုညစ်ညမ်းမှုဖြစ်ပွားလေ့ရှိပါတယ်။
 
တချိန်တည်းမှာဘဲ လေတိုက်နှုန်းနိမ့်ပါးတဲ့အချိန် ဒီပါ၀လီပွဲတော်ကာလမှာ မီးရှူးမီးပန်းဖောက်တာတွေကြောင့် လေထုအောက်ပိုင်းမှာ မီးခိုးတွေပိတ်မိနေတတ်ပါတယ်။
 
ဒီနှစ်မှာတော့ လေထုညစ်ညမ်းမှုအဆင့်ကို လျှော့ချဖို့အတွက် အစိုးရဟာ မီးရှူးမီးပန်းရောင်းချတာတွေကို တားမြစ်ပိတ်ပင်ခဲ့ပေမယ့် ဒေသခံတွေကို ထိရောက်စွာမဟန့်တားနိုင်ခဲ့ပါဘူး။
 
Ref: BBC
Photo:ANI
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW