Pfizer ရဲ့ ကိုဗစ်သောက်ဆေး ရောဂါကြောင့်သေဆုံးမှုကို ၈၉ ရာခိုင်နှုန်းလျှော့ချနိုင်

၀ါရှင်တန်၊ နို၀င်ဘာ-၆-၂၀၂၁
မျိုးဆက်(VOM)
 
အမေရိကန်ဆေးကုမ္ပဏီ Pfizer မှထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ရောဂါကုသဆေးတစ်မျိုးဟာ ရောဂါကြောင့် ဆေးရုံတက်ရခြင်းသို့မဟုတ် သေဆုံးခြင်းကို ၈၉ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့ လက်တွေ့စမ်းသပ်မှုရလဒ်တွေကို ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။
 
Paxlovid လို့ခေါ်တဲ့ အဲဒီသောက်ဆေးဟာပြင်းထန်တဲ့ ရောဂါဖြစ်နိုင်ခြေရှိတဲ့သူတွေမှာ ရောဂါလက္ခဏာပြသပြီးနောက် များမကြာမီမှာ အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။
 
Merck Sharp နဲ့ Dohme ကုမ္ပဏီတို့မှ ပူးတွဲထုတ်လုပ်တဲ့ အလားတူသောက်ဆေးတစ်မျိုးကို ဗြိတိန်တာ၀န်ရှိသူတွေက ခွင့်ပြုလိုက်ပြီးနောက်တစ်ရက်အကြာမှာ Pfizer ကုမ္ပဏီကလည်း သူ့ရဲ့ဆေးနဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
 
ဗြိတိန်ဟာ Merck Sharp နဲ့ Dohme ကုမ္ပဏီတို့မှ ဆေး လေးသိန်းရှစ်သောင်းကို မှာယူထားပြီး ခွင့်ပြုချက်မပေးရသေးတဲ့ Pfizer ကထုတ်လုပ်တဲ့ ဆေနှစ်သိန်းငါးသောင်းကိုလည်း မှာယူထားပြီးဖြစ်ပါတယ်။
 
Pfizer ကနေထုတ်လုပ်လိုက်တဲ့ဆေးရဲ့ ရလဒ်တွေဟာ မယုံကြည်နိုင်လောက်အောင်ကောင်းမွန်ကြောင်း၊ ဆေးရဲ့ဘေးကင်းမှုနဲ့ထိရောက်မှုကို ကျွမ်းကျင်သူတွေက အကဲဖြတ်နေတယ်လို့ ဗြိတိန်ကျန်းမာရေး၀န်ကြီး ဆာဂျစ်ဂျာဗစ်က ပြောပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW