မြန်မာနိုင်ငံမှ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေကို ချက်ချင်းလွှတ်ပေးဖို့ ကုလတိုက်တွန်း

ကုလသမဂ္ဂ၊ နို၀င်ဘာ-၁၃-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာစစ်ဘက်တာ၀န်ရှိသူတွေကို ကုလမသဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
 
နို၀င်ဘာ ၁၂ ရက်ကလည်း အမေရိကန်သတင်းသမားတစ်ဦးဖြစ်သူ ဒန်နီဖန်စတာကို သတင်းမှားဖြန့်ဝေမှုအပြင် အခြားစွဲချက်တွေနဲ့ ထောင် ၁၁ နှစ်ချမှတ်ခဲ့ပါတယ်။
 
ဒီလိုထောင်ချတာတွေနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်တယ်လို့ ကုသလမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ထုတ်ဖော်ပြောဆိုထားပါတယ်။
 
ဒန်နီဖန်စတာကို အခုလိုပြင်းထန်တဲ့ စီရင်ချက်ချတာဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် မြန်မာနိုင်ငံကသတင်းသမားတွေရဲ့ ကျယ်ပြန့်တဲ့အကြပ်အတည်းကို ဖော်ပြနေတာလို့ သူကဆိုပါတယ်။
 
နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် သတင်းသမားတွေကို စောင့်ကြည့်တာတွေ ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ပြီး သတင်းလုပ်ငန်းနဲ့ဆက်နွယ်သူ ၁၂၆ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ကာ လက်ရှိချိန်ထိ ၄၇ ဦးဟာ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လိ်ု့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
 
Ref: NHK
Photo: AFP
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW