ဒူတာတေးရဲ့သမီးဖြစ်သူက ရွေးကောက်ပွဲမှာ ဒုသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်

မနီလာ၊ နို၀င်ဘာ-၁၄-၂၀၂၁
မျိုးဆက်(VOM)
 
ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ သမီးကြီးဖြစ်သူ ဆာရာဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံရွေးကောက်ပွဲမှာ ဒုသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
 
ဒီလိုဆုံးဖြတ်လိုက်တာကြောင့် သူမအနေနဲ့ ရွေးကောက်ပွဲ၀င်မ၀င်နဲ့ပတ်သက်ပြီး လပေါင်းများစွာ ထင်မြင်ယူဆချက်တွေကို အဆုံးသတ်လိုက်ပါတယ်။
 
သူမ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ထပ်သမ္မတသက်တမ်းကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့တဲ့ ဖခင်ဖြစ်သူ ဒူတာတေးနေရာမှာ ဆက်ခံဖို့အတွက် မျှော်မှန်းချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။
 
ဒါဗာအိုမြို့ရဲ့ မြို့တော်၀န်ဖြစ်သူ ဆာရာဒူတာတေးဟာ ယခုနှစ်မှာပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရ ထိပ်တန်းသမ္မတလောင်းအဖြစ် ရေပန်းစားခဲ့ပါတယ်။
 
သူမဟာ သမ္မတဟောင်း အာရိုယိုဦးဆောင်တဲ့ Lakas-CMD ပါတီသစ်နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲနဲ့ ဒုသမ္မတရွေးကောက်ပွဲတွေကို သီးခြားကျင်းပလေ့ရှိပါတယ်။
 
ဖိလစ်ပိုင်သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယါ့သူတွေထဲမှာမှာ နာမည်ကျော်လက်ဝှေ့သမားတဦးဖြစ်တဲ့ မနီလာမြို့တော်၀င် ပက်ကွီအိုလည်း ပါဝင်မှာ ဖြစ်ပါတယ်။
 
Ref: BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW