နတ်မောက်မြို့မစျေး မီးလောင်၊ ဆိုင်ခန်း၂၄၂ခန်း ပျက်စီးဆုံးရှုံး

ရန်ကုန်၊နိုဝင်ဘာ ၁၄၊၂၀၂၁
KK(VOM)
 
နတ်မောက်မြို့နယ်၊ စျေးရပ်ကွက်၊ ရန်အောင်မြင်လမ်းရှိ မြို့မဈေးကြီးမှာ မနေ့ည ၉နာရီက မီးလောင်မှုဖြစ်လို့ ဆိုင်ခန်း ၂၄၂ခန်း
မီးလောင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်းလေးရာကျော်ရှိတယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။
 
ဒေသခံတယောက်က “မီးသတ်ကားတွေက အကုန်ငြိမ်းတာပဲ တော်တော်ကြာမှ မီးငြိမ်းသွားတာ အကုန်လုံးနီးပါးလို့ပြောလို့ရတယ် အပြင်ဘက်ကုန်စျေးတန်းပဲ ကျန်တယ်” လို့ပြောပါတယ်။
 
မီးလောင်မှုကျွမ်းမှုကို မကွေးတိုင်း မီးသတ်တပ်ဖွဲ့၊ နတ်မောက်မြို့နယ်မီးသတ်တပ်ဖွဲ့ နဲ့ဒေသအရန်မီးသတ်တပ်ဖွဲ့တွေအပြင် လူမှုရေး
အသင်းအဖွဲ့တွေ ပူးပေါင်းပါဝင် မီးငြိမ်းသတ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတဦးက VOM ကို ပြောပါတယ်။
 
“မုန့်မျိုးစုံဆိုင်က စလောင်တယ်လို့ သိရတယ်။ ၉နာရီကျော်မှာ စလောင်တယ်။ ၁၁ နာရီ ၁၅ မှာ မီးထိန်းနိုင်ခဲ့တယ်။ ဆိုင်ခန်းပေါင်း
၇၁၉ ခန်းရှိတာ၊ ၂၄၂ခန်း မီးလောင်သွားတယ်”လို့ သူကရှင်းပြပါတယ်။
 
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေနဲ့ လက်တလောမှာ မီးလောင်မှုအကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ခန့်မှန်းတန်ဖိုး သိန်းလေးရာကျော်ရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar
#VOM
#နတ်မောက်
#နတ်မောက်ဈေးမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW