ကလေးဝ-တန့်ဆည်ကားလမ်းမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ယာဥ်တန်း မိုင်းဆွဲခံရ

နိုဝင်ဘာ ၊ ၁၉-၂၀၂၁
နှင်းဝေဖြူ (VOM)
 
စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ ကလေးဝ-တန့်ဆည်ကားလမ်းပေါ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ယာဉ်တန်း မိုင်းဆွဲခံရတယ်လို့ အောင်ချမ်းသာကျေးရွာခံတွေက ပြောပါတယ်။
 
” တန်ဆောင်မုန်းလပြည့်နေ့မှာ နှစ်စဥ်ကျင်းပတဲ့ မဟာမြိုင် ရွှေတိဂုံပုံတူ လေးကျွန်းရန်အောင် ဘုရားပွဲကနေ အပြန် အောင်ချမ်းသာရွာကနေ ကလေးဝဘက်ကို ၁၃ မိုင်အကြားနေရာလောက်မှာ မိုင်းဆွဲခံရတာပါ ၊ လမ်းဘေးထောင် မြေမြုတ်မိုင်း သုံးလေးလုံးပေါက်ကွဲတယ် ၊ ယာဥ်တန်းကျော်ပြီးမှ ပေါက်တာပါ ၊ မပေါက်သေးတဲ့ မိုင်းတွေလည်း ရှင်းလင်းဖယ်ရှား သက်မဲ့ လုပ်ခဲ့တယ် ” လို့ အဲ့ဒီကားတန်းမှာ လိုက်ပါခဲ့တဲ့ ယာဥ်မောင်းတယောက်က ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီကားတန်းကို မိုင်းခွဲခံရအပြီးမှာ ကားတန်းအဖွဲ့က သေနတ်နဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့ပြီး လူ ၁ ယောက် ကျည်ဆံထိမှန်ခဲ့တယ်လို့ အဲ့ဒီ ကားသမားက ပြောပြပါသေးတယ်။
 
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ကားတန်းဟာ မကြာခဏ မိုင်းဆွဲခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ဘုတလင် ကနေ မုံရွာကိုအပြန် ဇီးတောရွာနား မုံရွာ-ရေဦး-မန္တလေးကားလမ်းနဲ့ မြင်းမူမြို့နယ် မုံရွာ-မန္တလေးကားလမ်းတွေမှာ မိုင်းဆွဲခံရတာတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ကလေးဝ #ယာဉ်တန်း #မိုင်းဆွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW