ဘူးဂေးရီးယားမှာ ဘတ်စ်ကားမီးလောင်မှု ကလေးငယ်တွေအပါအ၀င် လူ ၄၅ ဦးသေဆုံး

ဆိုဖီယာ၊ နို၀င်ဘာ-၂၃-၂၀၂၁
မျိုးဆက်(VOM)
 
ဘူဂေးရီးယားနိုင်ငံ အနောက်ပိုင်းရှိ ကားလမ်းတစ်ခုပေါ်မှာ ဘတ်စ်ကားတစ်စင်းမီးလောင်မှုကြောင့် ကလေးငယ် ၁၂ ဦးအပါအ၀င် လူ ၄၅ ဦးသေဆုံးသွားတယ်လို့ ဒေသဆိုင်ရာတာ၀န်ရှိသူတွေက နို၀င်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
 
အဲဒီမတော်တဆမှုဟာ ဘော့စ်နက်ကျေးရွာအနီးမှာ ဒေသစံတော်ချိန်နေ့လယ် နှစ်နာရီက ဖြစ်ပွားခဲ့တာလို့ ဘူလ်ဂေးရီးယားပြည်ထဲရေး၀န်ကြီးကပြောပါတယ်။
 
သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်းပါ၀င်ပြီး လူခုနှစ်ဦးကို ကယ်တင်နိုင်ခဲ့တေယ်လို့ ပြည်ထဲရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကိုလိုင်နီကိုလော့ဗ်က ပြောပါတယ်။
 
အဲဒီဘတ်စ်ကားသည် တူရကီမှ မြောက်မက်ဆီဒိုးနီးယားသို့ သွားရောက်တယ်လို့ ယုံကြည်ရပြီး အခင်းဖြစ်ရာနေရာကို လက်ရှိမှာ ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။
 
ဘတ်စ်ကားမီးလောင်ရတဲ့အကြောင်းရင်းကိုတော့ လက်ရှိမှာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
 
ဘတ်စ်ကားမတော်တဆမှုနဲ့ပတ်သက်ပြီး မြောက်မက်ဆီဒိုးနီးယား၀န်ကြီးချုပ်နဲ့ ဘူဂေးရီးယား၀န်ကြီးချုပ်တို့ဟာ တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။
 
Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဆိုဖီယာ

Related posts

Leave a Comment

VOM News

FREE
VIEW