ပင်လည်ဘူးမြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌအပါအဝင် လူ ၂ ဦးသေ

နိုဝင်ဘာ ၊ ၃၀ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့ ၊ မြို့မပိုင်းထဲက လက်ဘက်ရည်ဆိုင်ထဲမှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီ ပစ်ခတ်မှုကြောင့် လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ပင်လည်ဘူး ပြည်ခိုင်ဖြိုးမြို့နယ်ဥက္ကဌ(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)နဲ့ အခြားလူ ၁ ယောက်သေဆုံးခဲ့တယ်လို့ ပင်လည်ဘူးမြို့ခံတွေဆီက သိရပါတယ်။
 
” ဒီမနက် ၈ နာရီလောက်မှာ လက်ဘက်ရည်ဆိုင်ထဲကို သေနတ်သမားက ဝင်ပြီးပစ်သွားတာ ၊ ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးဝင်းသိန်းနဲ့ ဦးညိုသန်းတို့ ၂ ယောက် ကျည်ဆံထိမှန်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုနဲ့ ချိန်ကိုက်ပဲ ပြည်ခိုင်ဖြိုးဥက္ကဌ ဦးဝင်းသိန်းရဲ့ အိမ်ဘက်မှာ ပေါက်ကွဲသံ ကြားရတယ် ၊ ထိခိုက်ပျက်စီးမှု အခြေအနေက မသိရသေးဘူး ၊ အခု လုံခြုံရေးတွေ တင်းကြပ်ထူးထပ်ပြီး လူတွေ မထွက်ရဲကြဘူး “လို့ ပင်လည်ဘူးမြို့ခံတယောက်က ပြောပါတယ်။
 
ဒါ့အပြင် ပင်လည်ဘူးမြို့နယ်ကောင်စီရုံးနဲ့ နီးစပ်သူ တစ်ယောက်က ” ပစ်ခတ်မှူနဲ့ ပေါက်ကွဲမှူဖြစ်တာ အတည်ပြုလို့ရတယ် ၊ အပစ်ခံရတဲ့သူက လူ ၂ ယောက်ဖြစ်ပြီး စိုးရိမ်ဒဏ်ရာတွေရထားတယ် ” လို့ ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မိနစ်အနည်းငယ် အကြာမှာ ပစ်ခတ်ခံရသူ၂ ယောက်စလုံး သေဆုံးသွားတယ်လို့ ပင်လည်ဘူးမြို့ခံတွေက ပြောပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး ။
 
ဒါ့အပြင် ပြီးခဲ့တဲ့လကလည်း ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ် ၊ မြို့နယ်စုပေါင်းရုံးရှေ့က လက်ဘက်ရည်ဆိုင်ထဲမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး လက်ဘက်ရည်သောက်နေတဲ့ ဗိုလ်မှူးတစ်ယောက် အပါအဝင် လူ ၃ ယောက် သေဆုံးခဲ့ကာ လူ ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါသေးတယ် ။
 
#voiceofmyanmar #VOM #ပင်လည်ဘူး #ပစ်ခတ်မှု #ပြည်ခိုင်ဖြိုးဥက္ကဌ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW