၀ါရှင်တန်၊ နို၀င်ဘာ-၁၄-၂၀၂၁ မျိုးဆက်(VOM) ၁၉၇၂ ခုနှစ်မှာ နာဆာရဲ့ လကမ္ဘာခရီးစဉ်နောက်ပိုင်း လကမ္ဘာရဲ့မျက်နှာပြင်ပေါ်ကို လူသားတွေစေလွှတ်ဖို့ နာဆာက ၂၀၂၅ ခုနှစ်မှာ စီစဉ်ထားတယ်လို နာဆာအကြီးအကဲ ဘီလ်နယ်ဆန်က အတည်ပြုပြောဆိုပါတယ်။ မျှော်လင့်ထားပေမယ့် ရန်ပုံငွေပြတ်လပ်မှုနဲ့ ဂြိုဟ်ဆင်းယာဉ်တည်ဆောက်ရေးအပေါ် တရားစွဲမှုတွေဖြစ်ပွားခဲ့တာကြောင့် ယခင်စီစဉ်ထားတဲ့ ၂၀၂၄ ခုနှစ်မှာ စေလွှတ်ရေးကို စောင့်ကြည့်လေ့လာသူ အနည်းငယ်ကသာ မျှော်လင့်ခဲ့ကြပါတယ်။ ဒီလိုစေလွှတ်ရေး တစ်နှစ်နောက်ဆုတ်လိုက်တာကို နာဆာအကြီးအကဲ ဘီလ်နယ်ဆန်က သတင်းစာရှင်းလင်းပွဲတခုမှာ အတည်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ Artemis အဲဒီအစီအစဉ်အရ လကမ္ဘာပေါ်ကို ပထမဆုံးအမျိုးသမီးအာကာသယာဉ်မှူးတဦးနဲ့ ၁၃ ယောက်မြောက် အမျိုးသားအာကာသယာဉ်မှူးတဦးတို့ကို စေလွှတ်မှာဖြစ်ပါတယ်။ ဒီမစ်ရှင်အတွက် အီလွန်မာ့ခ်ရဲ့ Space X ကုမ္ပဏီက ဂြိုဟ်ဆင်းယာဉ်ကို တည်ဆောက်ပေးဖို့အတွက် စာချုပ်ကို အမေရိကန်အစိုးရတရားသူကြီးတဦးက မကြာသေးမီက အတည်ပြုဆုံးဖြတ်ပေးခဲ့ပါတယ်။ လကမ္ဘာခရီးစဉ် နှောင့်နှေးရတာဟာ Space…
Read MoreMonth: November 2021
ဒူတာတေးရဲ့သမီးဖြစ်သူက ရွေးကောက်ပွဲမှာ ဒုသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်
မနီလာ၊ နို၀င်ဘာ-၁၄-၂၀၂၁ မျိုးဆက်(VOM) ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ သမီးကြီးဖြစ်သူ ဆာရာဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံရွေးကောက်ပွဲမှာ ဒုသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်လိုက်တာကြောင့် သူမအနေနဲ့ ရွေးကောက်ပွဲ၀င်မ၀င်နဲ့ပတ်သက်ပြီး လပေါင်းများစွာ ထင်မြင်ယူဆချက်တွေကို အဆုံးသတ်လိုက်ပါတယ်။ သူမ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ထပ်သမ္မတသက်တမ်းကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့တဲ့ ဖခင်ဖြစ်သူ ဒူတာတေးနေရာမှာ ဆက်ခံဖို့အတွက် မျှော်မှန်းချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။ ဒါဗာအိုမြို့ရဲ့ မြို့တော်၀န်ဖြစ်သူ ဆာရာဒူတာတေးဟာ ယခုနှစ်မှာပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရ ထိပ်တန်းသမ္မတလောင်းအဖြစ် ရေပန်းစားခဲ့ပါတယ်။ သူမဟာ သမ္မတဟောင်း အာရိုယိုဦးဆောင်တဲ့ Lakas-CMD ပါတီသစ်နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲနဲ့ ဒုသမ္မတရွေးကောက်ပွဲတွေကို သီးခြားကျင်းပလေ့ရှိပါတယ်။ ဖိလစ်ပိုင်သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယါ့သူတွေထဲမှာမှာ နာမည်ကျော်လက်ဝှေ့သမားတဦးဖြစ်တဲ့ မနီလာမြို့တော်၀င် ပက်ကွီအိုလည်း ပါဝင်မှာ ဖြစ်ပါတယ်။ Ref: BBC Photo:AFP
Read Moreအီကွေဒေါထောင်မှာ ပြိုင်ဘက်ဂိုဏ်းတွေအကြား တိုက်ခိုက်မှုတွေကြောင့် လူ ၆၈ ဦးသေဆုံး
ကွီတို၊ နို၀င်ဘာ-၁၄-၂၀၂၁ မျိုးဆက်(VOM) အီကွေဒေါနိုင်ငံမှာ ပြိုင်ဘက်ဂိုဏ်းတွေအကြား စက်တင်ဘာလအတွင်းက အဓိကရုဏ်းဖြစ်ပွားမှုကြောင့် အကျဉ်းသား ၁၀၀ ကျော်သေဆုံးခဲ့တဲ့ အကျဉ်းထောင်မှာ အလားတူလပဋိပက္ခထပ်မံဖြစ်ပွားခဲ့လို့ အကျဉ်းသား ၆၈ ဦးသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီပဋိပက္ခဟာ ဂွိုင်ယာကွေးအကျဉ်းထောင်မှာ နို၀င်ဘာ ၁၂ ရက်နေ့ ညနေပိုင်းကတည်းက စတင်ဖြစ်ပွားခဲ့တာလို့ တာ၀န်ရှိသူတွေကပြောပါတယ်။ လက်ရှိမှာတော့ သေဆုံးသူတွေရဲ့ အမည်တွေကိုသိရှိနိုင်ဖို့ ဆွေးမျိုးသားချင်းနဲ့ မိတ်ဆွေတွေက ထောင်ပြင်ပမှာ စောင့်ဆိုင်းနေကြပါတယ်။ ဖြစ်စဉ်ကြောင့် အကျဉ်းထောင်အတွင်းကို ၀င်ရောက်သွားတဲ့ ရဲတပ်ဖွဲ့ကတော့ ထောင်ထဲမှာ သေနတ်တွေ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ ဓါးတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ နို၀င်ဘာ ၁၃ ရက်နှောင်းပိုင်းမှာ အကျဉ်းထောင်အတွင်း နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်သားတွေဟာ ထောင်ပြင်ပမှာ သံချပ်ကာယာဉ်တွေနဲ့ လုံခြုံရေးယူခဲ့ရပါတယ်။ အီကွေဒေါနိုင်ငံမှာ…
Read Moreမော်လမြိုင်မှာ မိသားစုလိုက် ဓားခုတ်ခံရပြီး ကလေးအပါအဝင် ၂ ဦးသေဆုံး ၊ ၂ ဦးအပြင်းထန်ဒဏ်ရာရရှိ စိုးရိမ်ရဆဲ
နိုဝင်ဘာ ၁၄ GH (VOM ) မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက် ၉ လမ်းမှာ မိသားစုဝင် ၄ ဦးလုံး ဓားနဲ့ခုတ်ခံရပြီး ၂ ဦးသေဆုံးကာ ၂ ဦးက ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ည ၇ နာရီလောက်က နေအိမ်မှာ မိသားစုလိုက် ထမင်းစားနေတုန်း ဓားနဲ့ခုတ်ခံရတာဖြစ်ကြောင်း၊ အဖေဖြစ်သူနဲ့သားဖြစ်သူကလေးငယ်က နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာပါ။အမေဖြစ်သူနဲ့ သမီးဖြစ်သူတို့လည်း ဓားခုတ်ဒဏ်ရာကြောင့် မော်လမြိုင်ဆေးရုံမှာ အရေးပေါ် ဆေးကုသမှုခံနေရတယ်လို့သိရပါတယ်။ ” သမီးနဲ့အမေက ဆေးရုံမှာကုသမှုခံယူနေတယ်။ခုထိတော့အနီရောင်အဆင့် အခြေအနေကစိုးရိမ်ရသေးတယ်။သမီးကကျောကုန်းမှာဓားဒဏ်ရာကြောင့် အရိုးတွေပါပေါ်တဲ့အထိဖြစ်တယ်။အမေကလည်း လက်ထိတာအတော်ပြင်းတယ် ” လို့ ဓားခုတ်ခံရတဲ့မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။ မိသားစုလိုက် ဓားခုတ်ခံရမှုနဲ့ပတ်သက်ပြီး တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။ ” ဖြစ်တာက ရဲစခန်းလမ်းနဲ့ ၉…
Read Moreနတ်မောက်မြို့မစျေး မီးလောင်၊ ဆိုင်ခန်း၂၄၂ခန်း ပျက်စီးဆုံးရှုံး
ရန်ကုန်၊နိုဝင်ဘာ ၁၄၊၂၀၂၁ KK(VOM) နတ်မောက်မြို့နယ်၊ စျေးရပ်ကွက်၊ ရန်အောင်မြင်လမ်းရှိ မြို့မဈေးကြီးမှာ မနေ့ည ၉နာရီက မီးလောင်မှုဖြစ်လို့ ဆိုင်ခန်း ၂၄၂ခန်း မီးလောင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်းလေးရာကျော်ရှိတယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။ ဒေသခံတယောက်က “မီးသတ်ကားတွေက အကုန်ငြိမ်းတာပဲ တော်တော်ကြာမှ မီးငြိမ်းသွားတာ အကုန်လုံးနီးပါးလို့ပြောလို့ရတယ် အပြင်ဘက်ကုန်စျေးတန်းပဲ ကျန်တယ်” လို့ပြောပါတယ်။ မီးလောင်မှုကျွမ်းမှုကို မကွေးတိုင်း မီးသတ်တပ်ဖွဲ့၊ နတ်မောက်မြို့နယ်မီးသတ်တပ်ဖွဲ့ နဲ့ဒေသအရန်မီးသတ်တပ်ဖွဲ့တွေအပြင် လူမှုရေး အသင်းအဖွဲ့တွေ ပူးပေါင်းပါဝင် မီးငြိမ်းသတ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတဦးက VOM ကို ပြောပါတယ်။ “မုန့်မျိုးစုံဆိုင်က စလောင်တယ်လို့ သိရတယ်။ ၉နာရီကျော်မှာ စလောင်တယ်။ ၁၁ နာရီ ၁၅ မှာ မီးထိန်းနိုင်ခဲ့တယ်။ ဆိုင်ခန်းပေါင်း ၇၁၉ ခန်းရှိတာ၊ ၂၄၂ခန်း မီးလောင်သွားတယ်”လို့ သူကရှင်းပြပါတယ်။…
Read Moreလေထုညစ်ညမ်းမှုကြောင့် ပေါ်တူဂီကို အီးယူက တရားစွဲတော့မယ်
ဘရပ်ဆယ်၊ နို၀င်ဘာ-၁၃-၂၀၂၁ မျိုးဆက်(VOM) ပေါ်တူဂီနိုင်ငံမှာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်မြင့်မားမှုကြောင့် လေထုအရေအသွေး ကျဆင်းမှုနဲ့ပတ်သက်ပြီး ပေါ်တူဂီကို တရားစွဲဖို့ဆုံးဖြတ်ခဲ့ကြောင်း ဥရောပကော်မရှင်က နို၀င်ဘာ ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပြီး အဲဒီပြသနာကိုကိုင်တွယ်ဖြေရှင်းဖို့ သင့်လျော်သည့်အစီအမံတွေ ပေါ်တူဂီမှာမရှိဘူးလို့ ထောက်ပြပြောဆိုပါတယ်။ ပေါ်တူဂီဟာ လေထုအရေအသွေးဇုန်သုံးခုမှာ နှစ်စဉ်နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်ကန့်သတ်ချက် တန်ဖိုးဟာ အဆက်မပြတ်ကျော်လွန်နေကြောင်း ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး နိုင်ငံရဲ့ည အကြီးဆုံးမြို့တွေဖြစ်တဲ့ ပေါ်တိုနဲ့ လစ္စဘွန်းတို့လည်း ပါ၀င်နေပါတယ်။ အဲဒီဇုန်တွေမှာ သဘာ၀ပတ်၀န်းကျင်ကို ကြီးစွာထိခိုက်စေတဲ့ လေထုညစ်ညမ်းမှုဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အထူးသဖြင့် ဒီဇယ်စွမ်းအင်သုံးကားတွေကြောင့်လို့ ဥရောပကော်မရှင်ကဆိုပါတယ်။ ကားတွေ၊ ဓါတ်အားပေးစက်ရုံတွေနဲ့အခြားစက်ရုံတွေမှ ထွက်ရှိတဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်တွေကြောင့် အသက်ရှူလမ်းကြောင်းနဲ့ နှလုံးရောဂါတွေဖြစ်ပေါ်စေပြီး ဥရောပသဘာ၀ပတ်၀န်းကျင်အေဂျင်စီရဲ့ အဆိုအရ ဥရောပမှာ အရွယ်မတိုင်မီသေဆုံးမှု နှစ်စဉ်ငါးသောင်းကျော်ရှိတယ်လို့သိရပါတယ်။ ဥရောပဒေသမြို့ကြီးတိုင်းနီးပါးမှာ လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့အဆင့်သို့ ရောက်ရှိနေကြောင်း အဲဒိအေဂျင်စီမှ ၂၀၁၉…
Read Moreတရုတ်နိုင်ငံ ဒါလျန်မြို့မှာ ကိုဗစ်-၁၉ အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပွားနေ
ပေကျင်း၊ နို၀င်ဘာ-၁၃-၂၀၂၁ မျိုးဆက်(VOM) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒါလျန်မြို့မှာ ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်မှုများဖြစ်ပွားနေတာကြောင့် ပြင်ပခရီးသွားလာမှုတွေကိုကန့်သတ်ထားပြီး စာသင်ကျောင်းတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ နေရာအချို့ကို ပိတ်ထားလိုက်ကာ ရောဂါဖြစ်ပွားမှုကို အလျှင်အမြန်ထိန်းချုပ်ဖို့ အာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်။ ဒါလျန်မြို့မှာ နို၀င်ဘာ ၁၁ ရက်က ဒေသတွင်းကူးစက်မှု ၅၂ ဦးရှိခဲ့ပြီး အောက်တိုဘာလလယ်မှစပြီး အခြားသောတရုတ်မြို့ကြီးတွေထက် နေ့စဉ်ကူးစက်မှုနှုန်း ပိုမိုများပြားနေတယ်လိုပ အာဏာပိုင်တွေက ပြောပါတယ်။ တရုတ်နိုင်ငံမှ အောက်တိုဘာ ၁၇ ရက်မှ နို၀င်ဘာ ၁၁ ရက်ကြားကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှု ၁၁၄၉ဦးထိရှိခဲ့ပြီး ဒီအရေအတွက်ဟာ အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် လွန်စွာနည်းပါးပေမယ့်လည်း ကူးစက်မှုလုံး၀မရှိစေရေးကို အာဏာပိုင်တွေက အားထုတ်လုပ်ဆောင်နေပါတယ်။ ရောဂါထိန်းချုပ်ရေးအတွက် အမျိုးမျိုးသောအစီအမံတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အချိန်တိုအတွင်းရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်အပေါ် သက်ရောက်မှုအနည်းဆုံးဖြစ်ဖို့ လုပ်ဆောင်နေတယ်လို့…
Read Moreမြန်မာနိုင်ငံမှ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေကို ချက်ချင်းလွှတ်ပေးဖို့ ကုလတိုက်တွန်း
ကုလသမဂ္ဂ၊ နို၀င်ဘာ-၁၃-၂၀၂၁ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာစစ်ဘက်တာ၀န်ရှိသူတွေကို ကုလမသဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ နို၀င်ဘာ ၁၂ ရက်ကလည်း အမေရိကန်သတင်းသမားတစ်ဦးဖြစ်သူ ဒန်နီဖန်စတာကို သတင်းမှားဖြန့်ဝေမှုအပြင် အခြားစွဲချက်တွေနဲ့ ထောင် ၁၁ နှစ်ချမှတ်ခဲ့ပါတယ်။ ဒီလိုထောင်ချတာတွေနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်တယ်လို့ ကုသလမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒန်နီဖန်စတာကို အခုလိုပြင်းထန်တဲ့ စီရင်ချက်ချတာဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် မြန်မာနိုင်ငံကသတင်းသမားတွေရဲ့ ကျယ်ပြန့်တဲ့အကြပ်အတည်းကို ဖော်ပြနေတာလို့ သူကဆိုပါတယ်။ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် သတင်းသမားတွေကို စောင့်ကြည့်တာတွေ ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ပြီး သတင်းလုပ်ငန်းနဲ့ဆက်နွယ်သူ ၁၂၆ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ကာ လက်ရှိချိန်ထိ ၄၇ ဦးဟာ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လိ်ု့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ Ref: NHK…
Read Moreလာအိုကို အလုပ်သွားလုပ်ပြန်လာတဲ့ မြန်မာ၈ ဦး စက်လှေမှောက်ပြီး ပျောက်ဆုံးနေ
နိုဝင်ဘာ ၊ ၁၃ ၊ ၂၀၂၁ Voice Of Myanmar (VOM) မကွေးတိုင်းနဲ့ မန္တလေးတိုင်းထဲက လူငယ် ၈ ဦးဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်(က) ကျေးရွာကနေ တဆင့် မဲခေါင်မြစ်ကိုဖြတ်ကျော်ပြီး လာအိုနိုင်ငံဘက်ကို တရားမဝင် အလုပ်သွား လုပ်ရာက စက်လှေတိမ်းမှောက်ပြီး ရေနစ်ပျောက်ဆုံးနေတယ်လို့ တာချီလိတ် လူမှုကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။ ” လာအိုဘက်ကို သွားရောက်ခဲ့တဲ့ စက်လှေပေါ်မှာ မြန်မာရွှေ့ပြောင်း လုပ်သား ၁၉ ယောက်ပါတယ် ၊ စက်လှေတိမ်းမှောက်တဲ့အခါ အဲ့ဒီ ၁၉ ယောက်ထဲက ၁၁ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ် ၊ ကျန် ၈ ယောက်ကတော့ ရေနစ်ပျောက်ဆုံးနေခဲ့တာ အခု ( နိုဝင်ဘာ ၁၂ ရက်…
Read Moreမအူပင်ရဲတပ်ဖွဲ့ ဖမ်းဆီးစစ်ဆေးနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တဦး ရိုက်နှက်ဒဏ်ရာတွေနဲ့သေဆုံး
နိုဝင်ဘာ ၁၃-၂၀၂၁ KK(VOM) မအူပင်မြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ရိုက်နှက်ခံထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မအူပင်မြို့နယ်က ဒု-ဦးစီးမှုးတစ်ဦးရဲ့နေအိမ်မှာ ရွှေထည်ပစွည်းတွေပျောက်ဆုံးမှုနဲ့ နေအိမ်မှာ လာရောက်လုပ်ကိုင်ပေးနေတဲ့ ကိုယ်ဝန်ဆောင်လင်မယားနှစ်ဦးကို နိုဝင်ဘာ ၉ ရက်နေ့က ဖမ်းဆီးစစ်ဆေးရာကနေ သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “ယောက်င်္ကျားက စည်ပင်နေ့စားဝန်ထမ်းပါ ထွေအုပ်ကဒုဦးစီးမှုးနေအိမ်မှာ ဝိုင်းလုပ်လုပ်စားပေါ့၊ ရွှေတွေပျောက်တယ်ဆိုပြီးဖမ်းသွားတာ၊ ဖမ်းတဲ့နေ့ကစပြီး ရိုက်နှက်စစ်ဆေးတာပါ၊ သေတော့မှသိတာ ဒဏ်ရာတွေချည်းပဲ ကောင်မလေးက ကိုယ်ဝန်နဲ့”လို့ သူကပြော ပါတယ်။ မအူပင်ရဲတပ်ဖွဲ့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနေအိမ်မှ ရွှေထည်ပစ္စည်းတွေပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး စည်ပင်နေ့စားဝန်ထမ်းနဲ့ဇနီးဖြစ်သူတို့ကို ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့တာဖြစ််တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ခြေထောက်တွေရိုက်ချိုးခံထားရတဲ့အပြင် နှိပ်စက်ခံထားရလို့ တကိုယ်လုံး ညိုမည်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ မတင်မော်လင်းရဲ့ရုပ်ခန္ဓာကို မနေ့ နိုဝင်ဘာ ၁၂ရက် နေ့လယ်ပိုင်းက သင်္ဂြိုဟ်ခဲ့တယ်လို့ လူမှုကူညီရေးအ…
Read More