မြန်မာဒုက္ခသည်တွေကိုကူညီဖို့ အိန္ဒိ၀န်ကြီးချုပ်မိုဒီကို မီဇိုရမ်ပြည်နယ်၀န်ကြီချုပ် တောင်းဆို

ဒေလီ၊ ဒီဇင်ဘာ-၁-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေကို စာနာနားလည်ပေးဖို့ အိန္ဒိယ၀န်ကြီးချုပ်မိုဒီကို မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်သန်ဂါက နို၀င်ဘာ ၃၀ ရက်မှာတောင်းဆိုလိုက်ပါတယ်။
 
ပြည်နယ်အတွင်းကို ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ အကူအညီတွေပေးအပ်ဖို့ကိုလည်း ပြည်နယ်၀န်ကြီးချုပ်က ၀န်ကြီးချုပ်မိုဒီနဲ့ ဒေလီမှာ တွေ့ဆုံစဉ် တောင်းဆိုခဲ့ပါတယ်။
 
မြန်မာနိုင်ငံမှာနိုင်ငံရေး အပြောင်းအလဲဖြစ်ပွားပြီးနောက် လွှတ်တော်အမတ် ၂၀ ဦးနဲ့ ၀န်ကြီးချုပ်တစ်ဦးအပါအ၀င် မြန်မာနိုင်ငံသား တသောင်းနီးပါးဟာ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြပါတယ်။
 
မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ညွှန်ကြားချက်တွေရှိခဲ့ဖူးပေမယ့် မီဇိုရမ်ပြည်နယ်ဟာ ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်းတွေနဲ့ ထောက်ပံ့မှုတွေပေးခဲ့ပါတယ်။
 
ချင်းမျိုးနွယ်စုတိုင်းရင်းသားတွေဟာ မျိုးနွယ်စုအရ မီဇိုညီအကိုတွေဖြစ်တဲ့အတွက် စောင့်ရှောက်ဖို့ တာ၀န်ရှိကြောင်း ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်သန်ဂါက ပြောပါတယ်။
 
လက်ရှိမှာတော့ မီဇိုရမ်ပြည်နယ်အစိုးရဟာ ဒေသခံ NGO တွေ ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေအတွက် အစားအသောက်၊ နေရာထိုင်ခင်းတွေ စီစဉ်ပေးထားပြီး ဒုက္ခသည်ကလေးငယ် ၅၀၀ နီးပါးကိုလည်း ပြည်နယ်အတွင်းက အစိုးရကျောင်းတွေမှာ ပညာသင်ဖို့ ကျောင်းအပ်ပေးထားပါတယ်။
 
Ref: Deccan Herald
Photo: Mizoram Government
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW