မန္တလေးမှာ ၅၀၀ ကျပ်တန် တန်ဖိုးနည်း ထမင်းဆိုင် နှစ်ဆိုင်ဖွင့်တာမှာ တနာရီအတွင်းကုန်

မန္တလေး၊ ဒီဇင်ဘာ- ၂၀၂၁ ရှိုင်းအောင်(VOM)   အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေးပြေလည်အောင်ရည်ရွယ်ပြီး မန္တလေးမြို့မှာ ၅၀၀ ကျပ်တန် တန်ဖိုးနည်းထမင်းဆိုင် ဒီကနေ့မှာတင် နှစ်ဆိုင်ဖွင့်လှစ်ခဲ့တာမှာ အားပေးသူများလို့ တနာရီအတွင်း ကုန်သွားခဲ့ပါတယ်။   မဟာအောင်မြေမြို့နယ် ၃၇ A လမ်း ၆၀×၆၁ လမ်းကြား ပြည်ကြီးမျက်ရှင်ကားကြီးကွင်းတောင်ဘက်မှာရှိတဲ့ ရွှေဘုန်းလူငယ်ပရဟိတအသင်းသားတွေ စုပေါင်းပြီး တန်းဘိုးနည်း ထမင်းဆိုင်ဖွင့်လှစ်ခဲ့သလို လမ်း ၃၀ နဲ့ ၉၀ လမ်းထောင့်က မိဘမေတ္တာ မာလာဟင်းဆိုင်ကလည်း ၅၀၀ ကျပ်တန် တန်ဖိုးနည်းထမင်းဆိုင်ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။   ရွှေဘုန်းလူငယ်ပရဟိတအသင်းက မပွင့်မြတ်ဗိုလ်ကတော့”အခြေခံလူတန်းစားတွေက အခုချိန်မှာ အလုပ်လက်မဲ့တွေဖြစ်နေတဲ့အတွက် စားဝတ်နေရေးခက်ခဲတာကြောင့် ၅၀၀ ဆိုတဲ့ အတိုင်းအတာတစ်ခုဆိုတော့ လူတိုင်းစားသောက်နိုင်တဲ့ အခြေအနေရှိတဲ့အတွက်ကြောင့် ၅၀၀ တန်ထမင်းဆိုင်လေးကို ဖွင့်ဖြစ်တာဖြစ်ပါတယ် ဒီနေ့အတွက်ကို ပထမဦးဆုံး အစမ်းဖြစ်လို့ လူ ၃၀၀ စာစီစဥ်ထားပေမယ့် တစ်နာရီအတွင်းမှာကုန်သွားတာပါ…

Read More

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ သံတမန်ကိုယ်စားပြုမှု ခွင့်ပြုဖွယ်မရှိ

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၁-၂၀၂၁ မျိုးဆက်(VOM)   အဖွဲ့၀င် ၁၉၃ နိုင်ငံပါ၀င်တဲ့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံနဲ့ တာလီဘန်အဖွဲ့က ကိုယ်စားလှယ်တွေ ကိုယ်စားပြုမှုကို ဒီဇင်ဘာ ၁ မှာကျင်းပမယ့် ကုလသမဂ္ဂကော်မတီအစည်းအဝေး ခွင့်ပြုသွားဖွယ်မရှိဘူးလို့ သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။   မြန်မာနဲ့ တာလီဘန်အဖွဲ့တို့ဟာ သူတို့ရဲ့ အဆိုပြုထားတဲ့ သံတမန်တွေကို ကုလသမဂ္ဂမှာ အမည်စာရင်းတင်သွင်းထားသလို ဖြုတ်ချခံခဲ့ရတဲ့ အစိုးရတွေဘက်ကလည်း အပြိုင်တင်သွင်းမှုတွေကိုပြုလုပ်ထားပါတယ်။   ကုလသမဂ္ဂမှာ ဒီလိုလုပ်ဆောင်တာဟာ အစိုးရတရပ်အဖြစ် နိုင်ငံတကာအသိအမှတ်ပြုဖို့အတွက် နှစ်ဘက်စလုံးအတွက် အရေးပါတဲ့ ခြေလှမ်းတရပ်လည်းဖြစ်ပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှား၊ တရုတ်နဲ့ အမေရိကန်တို့အပါအ၀င် အဖွဲ့၀င်ကိုးဦးပါ၀င်တဲ့ အရည်အချင်းစစ်ကော်မတီဟာ ကုလသမဂ္ဂဌာနချုပ်မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။   ကော်မတီအနေနဲ့ မြန်မာနဲ့ အာဖဂန်နစ္စတန်တို့ရဲ့ သံတမန်ကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းနိုင်ဖွယ်ရှိကြောင်းအမည်မဖော်လိုတဲ့ သံတမန်သတင်းရင်းမြစ်လေးဦးက ရိုက်တာကိုပြောပါတယ်။   Ref: Reuters Photo:…

Read More

တမူးမှာ လစာငွေသယ်လာတဲ့ ရဲကား ၂ စီး သေနတ်နဲ့ပစ်ခံရ၊ ရဲ ၂ဦးနဲ့ အမျိုးသမီး ၁ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၁ -၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ်မြောက်ပိုင်း တမူး – စေတီသွားကားပေါ်မှာ မနေ့ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက တမူးကနေ လစာငွေထုတ်ယူပြီး မြို့သစ်ရဲစခန်းကို ပြန်လာတဲ့ ရဲကား ၂ စီး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ကားပေါ်ပါလာတဲ့ ရဲ ၂ဦး နဲ့ အမျိုးသမီး ၁ဦး ဒဏ်ရာရပြီး ကားပျက်စီးမှုတွေဖြစ်ခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။   တမူးခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က “အရပ်ကား ၂ စီးနဲ့ သွားတဲ့အချိန် CRV ကား အပစ်ခံရတာပါ ၊ အဲ့ဒီ ကားပေါ်မှာပါတဲ့ ယာဥ်မောင်း ရဲတပ်ကြပ်ရဲ့ခြေသလုံး နဲ့ နောက်ကျော လက်ပြင်နားမှာ ကျည်ဆံဖောက်ဝင်…

Read More

မြန်မာပြည်သူ ထက်၀က်နီးပါး ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ UNDP သတိပေး

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၁-၂၀၂၁ မျိုးဆက်(VOM)   မြန်မာပြည်သူ ထက်၀က်နီးပါးဟာ လာမယ့်နှစ်အစောပိုင်းကစပြီး ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (UNDP )က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။   မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ကပ်ရောဂါဖြစ်ပွားမှုတွေကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးကျဆင်းမှုဟာ ပြီးခဲ့တဲ့ငါးနှစ်ကထက် နှစ်ဆတိုးလာတယ်လို့ အစီရင်ခံစာကဆိုပါတယ်။   တနေ့၀င်ငွေ ၁၅၉၀ ကျပ်( သုည ဒသမ ၉၀ ဒေါ်လာ) သာ၀င်ငွေရရှိသူတွေကို ဆင်းရဲမွဲတေမှုလိုင်းအဖြစ် UNDP ကသတ်မှတ်ထားပြီး မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၁၇ ခုနှစ်က ၂၄ ဒသမ ၈ ရာခိုင်နှုန်းရှိ ရာကနေ လက်ရှိမှာတော့ ၄၆ ဒသမ ၃ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ သတိပေးထားပါတယ်။   မြို့ပြဒေသတွေရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၀၁၇ ခုနှစ်မှာ ၁၁…

Read More

မြန်မာဒုက္ခသည်တွေကိုကူညီဖို့ အိန္ဒိ၀န်ကြီးချုပ်မိုဒီကို မီဇိုရမ်ပြည်နယ်၀န်ကြီချုပ် တောင်းဆို

ဒေလီ၊ ဒီဇင်ဘာ-၁-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေကို စာနာနားလည်ပေးဖို့ အိန္ဒိယ၀န်ကြီးချုပ်မိုဒီကို မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်သန်ဂါက နို၀င်ဘာ ၃၀ ရက်မှာတောင်းဆိုလိုက်ပါတယ်။   ပြည်နယ်အတွင်းကို ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ အကူအညီတွေပေးအပ်ဖို့ကိုလည်း ပြည်နယ်၀န်ကြီးချုပ်က ၀န်ကြီးချုပ်မိုဒီနဲ့ ဒေလီမှာ တွေ့ဆုံစဉ် တောင်းဆိုခဲ့ပါတယ်။   မြန်မာနိုင်ငံမှာနိုင်ငံရေး အပြောင်းအလဲဖြစ်ပွားပြီးနောက် လွှတ်တော်အမတ် ၂၀ ဦးနဲ့ ၀န်ကြီးချုပ်တစ်ဦးအပါအ၀င် မြန်မာနိုင်ငံသား တသောင်းနီးပါးဟာ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြပါတယ်။   မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ညွှန်ကြားချက်တွေရှိခဲ့ဖူးပေမယ့် မီဇိုရမ်ပြည်နယ်ဟာ ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်းတွေနဲ့ ထောက်ပံ့မှုတွေပေးခဲ့ပါတယ်။   ချင်းမျိုးနွယ်စုတိုင်းရင်းသားတွေဟာ မျိုးနွယ်စုအရ မီဇိုညီအကိုတွေဖြစ်တဲ့အတွက် စောင့်ရှောက်ဖို့ တာ၀န်ရှိကြောင်း ပြည်နယ်၀န်ကြီးချုပ် ဇိုရမ်သန်ဂါက ပြောပါတယ်။   လက်ရှိမှာတော့ မီဇိုရမ်ပြည်နယ်အစိုးရဟာ ဒေသခံ NGO တွေ…

Read More

ပြည်မြို့က ‘တခိုင်လုံးရွှေ’ ရွှေဆိုင်ကို ကော်သေနတ်နဲ့ဝင်ရောက် လုယက်

ပြည် ၊ ဒီဇင်ဘာ ၁-၂၀၂၁ GH ( VOM )   ပြည်မြို့က မြို့မဈေးကြီးမှာဖွင့်လှစ်ထားတဲ့ ‘တခိုင်လုံးရွှေ’ ရွှေဆိုင်ကို အမျိုးသားတဦးက ကော်သေနတ်နဲ့ ပစ္စည်းလုယူမှု ဒီကနေ့မနက် ၈ နာရီလောက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။   ” ဆိုင်ပိုင်ရှင်ကို လက်စွပ်ကြည့်ချင်လို့ ပြပါအုံးဆိုပြီး ပြခိုင်းရာကနေ သေနတ်နဲ့ခြိမ်းခြောက်လုတာ၊ လုတော့ ပိုင်ရှင်နဲ့ဝရုန်းသုန်းကားဖြစ်ပြီး ပစ္စည်းယူထွက်ပြေးချိန် စျေးထဲမှာဝိုင်းဖမ်းကြတာ မိတယ်။မိမှ ကော်သေနတ်ဆိုတာသိရတာ။ ပစ္စည်းတွေလည်းပြန်ရတယ်လို့သိရတယ် ” လို့ မြိုမစျေးကြီးရှိစျေးသည်တဦးကပြောပါတယ်။   လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ လုယက်သူအမျိုးသားကို ပြည်မြို့မဈေးခေါင်းရုံးကနေတဆင့် ရဲတွေကိုအပ်လိုက်တယ်လို့ သိရပါတယ်။   ပြည်မြို့မှာ လုယက်မှုတွေအဖြစ်များနေပေမယ့် အခုလို သေနတ်နဲ့ချိန်းခြောက်ပြီး ရွှေဆိုင်ဝင်လုတဲ့ဖြစ်စဉ်ကတော့ အရင်ကမရှိခဲ့ဘူးလို့ သိရပါတယ်။   #voiceofmyanmar #VOM #ပြည်မြို့ #ရွှေဆိုင်လုယက်မှု

Read More

တန့်ဆည်နယ်မှာ လူနေအိမ် ၃ လုံး မီးလောင်ပြီး အမျိုးသမီး ၆ ဦး အသတ်ခံထားရ

ဒီဇင်ဘာ ၊ ၁ ၊ ၂၀၂၁ နှင်းဖြူဝေ ( VOM)   စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ကျွန်းတောကုန်းကျေးရွာမှာ မနေ့ နိုဝင်ဘာ ၃၀ ရက် ၊ ည ၁၀ နာရီကျော်အချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အိမ်ဝန်း အဝိုင်းထဲ လူနေအိမ် ၃ လုံး မီးလောင်ခဲ့ပြီး အမျိုးသမီး ၆ ယောက်လည်း သေဆုံးနေတာ တွေ့ရတယ်လို့ တန့်ဆည်မြို့ခံ တစ်ယောက်က ပြောပါတယ်။   ” ဖြစ်တာက မနေ့က ညနက်ပိုင်းမှာ ဖြစ်တာလို့ သိရတယ် ၊ ဒီကနေ့ နေ့ခင်းပိုင်းမှာ အဲ့ဒီ ရွာဘက်ကို စစ်တပ်နဲ့ ရဲပါတဲ့ အဖွဲ့တွေ သွားရောက်စစ်ဆေးဖို့ ထွက်သွားပြီ ” လို့ အဲ့ဒီ မြို့ခံက…

Read More

ရန်ကုန်တိုင်း မြို့နယ်သုံးခုမှာ အုပ်ချုပ်ရေးမှုးနှစ်ဦးနဲ့ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှုးတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး

ရန်ကုန်၊ဒီဇင်ဘာ ၁၊၂၀၂၁ KK(VOM)   ဒီနေ့ ဒီဇင်ဘာ ၁ရက်နေ့မှာ ရန်ကုန်တိုင်းက တိုက်ကြီး၊တွံတေး၊ သာကေတမြို့နယ်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှုးနှစ်ဦးနဲ့ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှုတဦး သေနတ်ကိုင်ဆောင်သူတွေ က ပစ်ခတ်ခဲ့လို့ နှစ်ဦးသေဆုံးခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်ပွားရာမြို့နယ်တွေက သိရပါတယ်။   တိုက်ကြီးမြို့နယ်၊ အင်္ဂလားကြီးကျေးရွာအုပ်ချုပ်ရေးမှူးကို ဒီကနေ့ ညနေ ၅း၀၀ နာရီက သေနတ်ကိုင်ဆောင်ထားသူတွေ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ အင်္ဂလာကြီးကျေးရွာနေသူတဦးကပြောပါတယ်။   သေဆုံးသူမှာ အင်္ဂလားကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးအောင်ဖြစ်ပြီး အင်္ဂလားကြီးကျေးရွာမှ အင်္ဂလားလေးကျေးရွာကို အလုပ်ကိစွ ဆိုင်ကယ်နဲ့သွားတာမှာ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။   ဒီကနေ့ မနက် ၁၀ နာရီခွဲကလည်း တွံတေးမြို့နယ်၊ တွံတေး-မအူပင်သွားကားလမ်းမှာ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးစည်းရုံးရေးမှူးကို သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ရေကျော်လေးကျေးရွာနေသူတဦးက ပြောပါတယ်။   “နှစ်ယောက်အပစ်ခံရတာဗျ ဦးလေးဖြစ်သူက သေတယ် တူကတော့ဆေးရုံတင် ထားရတယ်…

Read More

မုံရွာ – နောင်ကြီးအိုင် – ရွှေဘို ကားလမ်းမှာ မိုင်းတွေပေါက်ကွဲပြီး ကား ၂ စီးပျက်စီးသလို ဒဏ်ရာရသူတွေရှိ

ဒီဇင်ဘာ ၊ ၁ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ နောင်ကြီးအိုင်ရွာနားက မုံရွာ နောင်ကြီးအိုင် ရွှေဘို ကားလမ်းမှာ မနေ့ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက မိုင်းပေါက်ကွဲတာတွေဖြစ်ပြီး သွားလာနေတဲ့ ကားတွေ မိုင်းစထိမှန် ပျက်စီးကာ ကားသမား တချို့လည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။   ” မုံရွာ နောင်ကြီးအိုင် ရွှေဘို ကားလမ်း မိုင်တိုင် အမှတ် ၃၈ မိုင် ၄ ဖာလုံ နေရာမှာ ပေါက်ကွဲတာတွေ ဖြစ်ခဲ့တာပါ ၊ ပေါက်ကွဲတဲ့ မိုင်းအရေအတွက်က ၁၀ လုံးကျော်တယ် ” လို့ မိုင်းပေါက်ကွဲတာကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ ကားသမား…

Read More

ဒေါ်အောင်ဆန်းစုကြည်ကို ၁၂ မှုမြောက် အဖြစ် အမှုထပ်ဖွင့်ပြန်

နေပြည်တော် ၊ နိုဝင်ဘာ ၂၀-၂၀၂၁ KT(VOM)   သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုဥပဒေနဲ့ နေပြည်တော်၊ ဘုရားကုန်းရဲစခန်းမှာ အမှုထပ်ဖွင့်ထားတယ်ဆိုပြီး နိုင်ငံပိုင်ရုပ်သံက သတင်းကြေညာသွားပါတယ်။   အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ နဲ့ (၂) မှု၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁ (ဂ) ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ တွေအပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ တရားစွဲထားပြီး အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။   #voiceofmyanmar #VOM #အဂတိလိုက်စားမှုဥပဒေ #ဦးဝင်းမြင့် #ဒေါ်အောင်ဆန်းစုကြည်

Read More
VOM News

FREE
VIEW