မန္တလေးမြို့မှာ CCTVတပ်ဆင်နေသူတွေ သေနတ်နဲ့ပစ်ခံရပြီး (၂)ဦးဒဏ်ရာရ

ဒီဇင်ဘာ ၂-၂၀၂၁
Voice Of Myanmar
 
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ လမ်း၆၀နဲ့ ၁၀၇လမ်းထောင့်မှာ CCTVလိုက်တပ်နေတဲ့ ပုဂ္ဂလိကဝန်ထမ်းတွေ ဒီကနေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်ကနေသိရပါတယ်။
 
” သူတို့က ပြင်ပကုမ္ပဏီကပါ စည်ပင်နဲ့ချိတ်ပြီး လမ်းဆုံးလမ်းခွတွေမှာ CCTVလိုက်တပ်တာပါ၊ တပ်နေတဲ့ ၅ဦးကို သေနတ်နဲ့လာပစ်တာ အဲ့ထဲက တဦးကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာရပါတယ်”လို့ သတင်းရင်းမြစ် တဦးကပြောပါတယ်။
 
CCTVလိုက်တပ်နေတဲ့ ဝန်ထမ်း(၅)ဦးခန့်ကို ဆိုင်ကယ်မောင်းလာသူ ၂ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အဲ့ဒီထဲက ဝန်ထမ်းအမျိုးသား(၂) ကျည်ဆန်မှန်ဒဏ်ရာတွေရရှိသွားပြီး တဦးကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။
 
ပစ်ခတ်ခံရတဲ့ ဝန်ထမ်းတွေဟာ ဘယ်ကုမ္ပဏီကဖြစ်တယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ပစ်ခတ်မှု၊ ပေါက်ကွဲမှုတွေကြောင့် အုပ်ချုပ်ရေးမှူးနဲ့ ရဲ၊စစ်သား သေဆုံး၊ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပြီး အခုလို CCTVတပ်နေသူတွေ သေနတ်နဲ့ပစ်ခံရတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။
 
Photo- Google
#voiceofmyanmar #VOM #မန္တလေး #CCTVဝန်ထမ်း #ပစ်ခတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW