ကနောင်မင်းသားကြီးရဲ့ စက်မှုနိုင်ငံတော်

ဆူးငှက် မန္တလေးရတနာပုံနေပြည်တော်ကို ကောဇာသက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက်နေ့မှာ စတင်တည်ထောင်ပါတယ်။ မင်းတုံးမင်းကြီး တည်ထောင်တယ်ဆိုငြား တကယ်တမ်း ညီတော် ကနောင်မင်းသားရဲ့ အကြံအစည်နှင့် လုံ့လတွေက အများကြီးပါဝင်ခဲ့တယ်ဆိုတာ မငြင်းသာပါဘူး။ ရတနာပုံနေပြည်တော် မတည်ထောင်မီ နောင်တော်ပုဂံမင်းရဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုအောက်က ရုန်းထွက် ပုန်ကန်ခဲ့မှုမှာလည်း ကနောင်မင်းသားရဲ့ လက်ရုံးရည်၊လုံးရည် ပါဝင်ခဲ့တယ်ဆိုတာကလည်း အသေအချာပါ။ ရတနာပုံနေပြည်တော် တည်ထောင်ပြီးတဲ့နောက် “သီရိပဝရ မဟာသုဓမ္မရာဇဘွဲ့ခံ” ရတနာပူရ အိမ်ရှေ့စံ ကနောင်မင်းသားကြီးအနေနှင့် တိုးတက်ခေတ်မီတဲ့ နိုင်ငံတော် တည်ဆောက်ရေးအပိုင်းကို အထူးအလေးပေး ဆောင်ရွက်လာတယ်။ ဒီလိုအမြော်အမြင်ရှိစေတာကလည်း မြန်မာပြည်အောက်ပိုင်းမှာ အင်္ဂလိပ်အစိုးရက လက်နက်အားကိုးနှင့် သိမ်းပိုက်ထားတာ သရက်မထဲအထိ ရောက်နေပြီ မဟုတ်ပါလား။ အချိန်မရွေး အမြောက်တင် စစ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနိုင်တယ်ဆိုတာကိုလည်း မြေကြီးလက်ခတ်မလွဲ တွက်ဆထားပြီးသားပါ။ ဒါကြောင့် နောင်တော် မင်းတုံးမင်းကြီးကလည်း တိုင်းရေးပြည်ရေး၊…

Read More

ချင်းပြည်နယ်မြောက်ပိုင်းက Zo Land PDF အဖွဲ့ခေါင်းဆောင် သေနတ်နဲ့ ပစ်သတ်ခံရ

ဒီဇင်ဘာ ၊ ၅ -၂၀၂၁ နှင်းဖြူဝေ (VOM)   ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင် ၊ တီးတိန်မြို့ ၊ စကောလမ်း ရပ်ကွက်မှာနေထိုင်တဲ့ Zo Land PDF အဖွဲ့ခေါင်းဆောင် ဦးကျင်ရှန်ဆုမ်ဟာ ဒီမနက် အစောပိုင်းက သူ့ရဲ့အစ်မဖြစ်သူနေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ချင်းပြည်နယ်မြောက်ပိုင်း နိုင်ငံရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။   တီးတိန်မြို့မှာနေထိုင်ပြီး ချင်းအမျိုးသားရေးရာ ယဥ်ကျေးမှုနဲ့ ခရစ်ယာန် ဓမ္မစာပေရေးရာ သုတေသန ပညာရှင် တဦးက ” ပါးကျင်ရှန်ဆုမ် ကို ဒီမနက် ၄ နာရီလောက်မှာ သေနတ်သမား ၂ ယောက်က လာပြီး လုပ်ကြံသွားတာပါ ၊ ကျင်ရှန်ဆုမ်ရဲ့ အသက်က ၃၈ နှစ်ဖြစ်သူက ၊ Zo Land PDF အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တယ် ၊ ဘာကိစ္စကြောင့်…

Read More

တင်းမာနေတဲ့ ယူကရိန်းအရေး ဂျိုးဘိုင်ဒင်နဲ့ပူတင် ထိပ်သီးဆွေးနွေးမယ်

ဒီဇင်ဘာ ၅-၂၀၂၁ မျိုးဆက်(VOM)   ယူကရိန်းအရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ အင်္ဂါနေ့မှာ အွန်လိုင်းကတဆင့် ဆွေးနွေးကြမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။   ယူကရိန်းကို ရုရှားက အကြီးစားတိုက်ခိုက်ဖို့ အစီအစဉ်တွေ လုပ်ထားတယ်ဆိုတဲ့ အထောက်အထားတွေ အမေရိကန်မှာ ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားပြီးနောက် အခုလိုဆွေနွေးဖို့ အစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။   ဒါပေမယ့် မစ္စတာပူတင်က ကျူးကျော်ဖို့ နောက်ဆုံး ဆုံးဖြတ်ချက်ချခဲ့သလားဆိုတာ မရှင်းလင်းဘူးလို့ သူက ထပ်ပြောပါတယ်။ရုရှားက ယူကရိန်းကို ကျူး ကျော်ဖို့ရည်ရွယ်ချက် မရှိကြောင်းငြင်းဆိုထားပါတယ်။   မစ္စတာဘိုင်ဒင်က ယူကရိန်းနယ်စပ်မှာ ရုရှားစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြီး ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုအတွက် အမေရိကန်ရဲ့ ထောက်ခံမှုကို ထပ်လောင်းအတည်ပြုမယ်လို့…

Read More

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု လူ ၁၃ ဦးသေဆုံး

ဒီဇင်ဘာ ၅-၂၀၂၁ မျိုးဆက်(VOM)   အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းမှာ စနေနေ့က မီးတောင် ပေါက်ကွဲခဲ့ပြီးနောက် အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ အရေးပေါ် အာဏာပိုင်တွေက ပြောပါတယ်။   Semeru မီးတောင်ပေါက်ကွဲမှုကြောင့်အနည်းဆုံး လူ ၅၇ ဦး ဒဏ်ရာရခဲ့ပြီး အများအပြား မီးလောင်ဒဏ်ရာများ ပြင်းထန်စွာ ခံစားခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။   မီးတောင်မှထွက်ပေါ်လာတဲ့ ချော်ရည်နဲ့ ပြာတွေကြောင့် ဒေသခံများစွာဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။လက်ရှိမှာတေယ့ ဒဏ်ရာရသူတွေကို ဆေးရုံတွေမှာကုသမှုပေးနေပါတယ်။   မီးတောင်ပေါက်ကွဲမှုကြောင့် Lumajang ခရိုင်ရှိ ရွာ ၁၁ ရွာထက်မနည်း မီးတောင်ပြာတွေ ဖုံးလွှမ်းကာ နေအိမ်တွေလည်းနစ်မြုပ်သွားပြီး ဒေသခံတွေဟာ ယာယီအမိုးအကာတွေအောက်မှာ ခိုလှုံနေကြရပါတယ်။   လက်ရှိမှာတော့ လူ ၁၀ ဦးကို ကယ်တင်ထားနိုင်ပြီး…

Read More

NLDပါတီ နာယက ဦးတင်ဦး ၊ ဦးခင်ညွန့်နဲ့ စည်သူဗိုလ်ကလေးတင့်အောင်တို့ကို နစကဥက္ကဋ္ဌက သွားတွေ့

ဒီဇင်ဘာ ၅-၂၀၂၁ KT(VOM)   ဒီကနေ့မနက်ပိုင်းက NLDပါတီ နာယကတဦးလည်းဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦး၊ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နဲ့ SSG ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ စည်သူဗိုလ်ကလေးတင့်အောင်တို့ကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။   အခုလိုတွေ့ဆုံတာနဲ့ပတ်သက်ပြီး ဗိုလ်ချူပ်ဇော်မင်းထွန်းက “အဓိကကတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးရဲ့နေအိမ်ကို သွားရောက်တွေ့ဆုံခဲ့တယ်၊ ကျန်းမာရေးအခြေအနေတွေ မေးခဲ့တယ်၊ လိုအပ်ရင် တပ်မတော်ဆေးရုံတွေမှာ ဆေးကုသဖို့ ပြောကြားခဲ့တယ်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ရဲ့နေအိမ်ကိုလည်း သွားရောက်တွေ့ဆုံပြီး ကျန်းမာရေးအခြေအနေတွေ မေးမြန်းခဲ့တယ်၊ ပြီးရင် ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်နေမှုအခြေအနေလေးတွေ ပြောကြားခဲ့တယ်၊ ပြီးတော့ ဗဟန်းမြို့နယ်၊ ရွှေဘုံသာ SSGအထူးကုဆေးရုံမှာ ဆေးကုသနေတဲ့ စည်သူဗိုလ်ကလေးတင့်အောင်နဲ့ သွားရောက်မေးမြန်းခဲ့တယ်၊ ကျန်းမာရေးရယ် သူ့မိသားစုအခြေအနေတို့ မေးမြန်းတာတို့ အားပေးတာတို့ ဆောင်ရွက်ခဲ့ပါတယ်”လို့ ပြောပါတယ်။   #voiceofmyanmar #VOM #နစကဥက္ကဋ္ဌ #ဦးတင်ဦး #ဦးခင်ညွန့်…

Read More

လဟယ်မြို့က ဆရာ/ဆရာမနဲ့ ကျောင်းသား/သူ ၄၀ နီးပါး ကိုဗစ်ကူးစက်ခံထားရ

ဒီဇင်ဘာ ၊၅ -၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ နာဂအုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ မနေ့ ဒီဇင်ဘာ ၄ ရက် တရက်တည်း ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့သူ လူ အယောက် ၄၀ နီးပါး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် လဟယ်မြို့ကို အရေးပေါ် lock down ချထားလိုက်ပြီလို့ စစ်ကိုင်းတိုင်းကျန်းမာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။   ” ကိုဗစ်ကူးစက်တာက ပညာရေးဌာနမှာဖြစ်တယ် ၊ လဟယ် ပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုခံနေရတဲ့သူ ကျောင်း ဆရာ ၁ ဦး ၊ ဆရာမ ၂ ဦး ၊ ကျောင်းသား ကျောင်းသူ ၃၂ ဦးနဲ့ အရပ်ဖက်က အမျိုးသမီး ၂ ဦး အားလုံး ၃၇ ယောက်ရှိတယ် “လို့ ကျန်းမာရေး…

Read More

ရန်ကုန်လူထုသပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရပြီး သေဆုံးသူတွေရှိသလို ဆယ်ဦးထက်မနည်းဖမ်းဆီးခံရ

ရန်ကုန်၊ဒီဇင်ဘာ ၅-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်မှာ ဒီကနေ့မနကိပိုင်းပြုလုပ်ခဲ့တဲ့ ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲတွေက သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းခဲ့လို့ သေဆုံးတွေရှိခဲ့ပြီး ဆယ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ် မြို့ခံတွေကပြောပါတယ်။   အလုံမြို့နယ်ဘက်ကနေ ချီတက်ဆန္ဒပြလာတဲ့ ရန်ကုန်သပိတ်စစ်ကြောင်းဟာ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းအရောက်မှာ စစ်တပ်နဲ့ရဲတွေက ကားနဲ့တိုက်၊ သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းခဲ့လို့ သေဆုံးသူတွေရှိခဲ့တယ်လို့ စျေးကြီးအရှေ့ရပ်ကွက်နေသူတဦးက ပြောပါတယ်။   “ကျွန်မရှေ့မှာတင် သေနတ်မှန်ပြီးထိသွားတာ နှစ်ယောက်၊ သေသွားတယ်နဲ့တူတယ် မထနိူင်တော့ဘူး၊ ကားနဲ့တိုက်ပြီး လူစုခွဲတယ် ပြီးမှ သေနတ်နဲ့လိုက်ပစ်တာ “လို့ သူက ပြောပါတယ်။   သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းခဲ့လို့ သေဆုံးသူ သုံး ဦးထက်မနည်းရှိပြီး ဖမ်းဆီးခံရတာကတော့ အမျိုးသမီး သုံးဦး နဲ့ အမျိုးသား ခုနှစ်ဦးရှိတယ်လို့ ပန်းပင်ကြီးလမ်းမှာနေထိုင်သူတဦးကပြောပါတယ်။   လက်တလောမှာတော့ စစ်တပ်နဲ့ရဲတွေဟာ ကျန်နေတဲ့ဆန္ဒပြလူငယ်တွေကို လိုက်လံရှာဖွေဖမ်းဆီးနေပြီး ဒီကနေ့မနက်ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။…

Read More

တရုတ်ဘက်ထဲ ဖရဲကားတွေ သွားလာနိုင်ပေမယ့် ရောင်းကွင်းထဲ မရောက်သေး

ဒီဇင်ဘာ ၅-၂၀၂၁ Shy V(VOM)   မြန်မာ – တရုတ်နယ်စပ် အဓိက ကုန်သွယ်ရာဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့ကို နိုဝင်ဘာ၂၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်ပြီးတဲ့နောက်ပိုင်း တရုတ်ဘက်ထဲကို ဖရဲကားတွေ ဝင်သွားနိုင်ပေမယ့် ရောင်းကွင်းထဲ မရောက်နိုင်သေးဘူးလို့ သစ်သီးပွဲရုံတွေနဲ့ မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်တွေဆီက သိရပါတယ်။   “အထဲရောက်သွားတဲ့ဟာကလည်း တရုတ်ပြည်ရဲ့အနီရောင် နယ်မြေထဲမှာပဲ ရောက်ထားသေးတာကြောင့် ပိုးသတ်ဆေးဖျန်းထားရပြီး ဂျူတီဆောင်ပြီးမှသာ ရောင်းကွင်းထဲကို ရောက်နိုင်မှာပါ၊ ဒါပေမယ့် ရောင်းကွင်းထဲကို မရောက်သေးဘူး။ မရောက်သေးတဲ့အတွက်ကြောင့်မို့လို့ ရောင်းတဲ့ ဈေးနှုန်းကလည်း မသိရသေးပါဘူးရှင့်။တရုတ်ဘက်ခြမ်းထဲကိုတော့ ၂၁ စီးပဲ ရောက်သေးတာဖြစ်ပြီး မြန်မာဘက်ခြမ်းမှာ စောင့်နေတာကတော့ အစီး ၇၀ ကျော် ၈၀ ဝန်းကျင်လောက် ရှိမယ်”လို့ စိုင်းမြင့်ဗိုလ်သစ်သီးပွဲရုံက မနန်းခမ်းခင်က ပြောပါတယ်။   ဝမ်တိန်ဘက်ခြမ်း ရောက်နေတဲ့ ဖရဲကားတွေဟာ…

Read More

လမ်းဘေးမြေမြုပ် ဆွဲမိုင်း ပေါက်လို့ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှုး အပါအဝင် ရဲ ၂ ဦးသေ ၊ ၂ ဦး ပြင်းထန်ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၅ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ တုံ(မြောက်)ကျေးရွာအနီး ညောင်ပင်ကြီး – ဆားလင်းကြီး ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၄ ရက် ညနေပိုင်း ၅ နာရီ ဝန်းကျင်လောက်က လမ်းဘေးထောင် မြေမြုပ်ဆွဲမိုင်း ပေါက်ကွဲတာကြောင့် ရဲမှူး ၁ ဦး အပါအဝင် ရဲ ၂ ယောက်သေဆုံးခဲ့ပြီး ရဲ ၂ ယောက်မှာ ပြင်ထန်းဒဏ်ရာတွေ ရခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ် ။   အဲ့ဒီ ပေါက်ကွဲ သေဆုံးတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ယင်းမာပင် ခရိုင်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးပြောတာက   ” ရဲမှူးတို့အဖွဲ့က…

Read More

မြင်တွေ့သမျှ အလွဲများ

KT(VOM)   Covid-19 ကူးစက်ရောဂါရဲ့ မျိုးကွဲဗီဇတခုဖြစ်တဲ့ (အိုမီခရွန်)ဟာ အာဖရိကတိုက်မှာဖြစ်ပွားနေပြီး တစ်နေ့ထဲကူးစက်သူ ၁၀၅၀၀ လောက်ရှိကြောင်း နိုင်ငံတကာသတင်းတွေမှာ တွေ့နေရသလို အိန္ဒိယမှာလည်း ၂ ယောက်တွေ့တယ်ဆိုတာကို Breaking News မှာတွေ့လိုက်ရပါတယ်။   အိုမီခရွန်ဟာ ကူးစက်မှုနှုန်းမြန်တယ်၊ရောဂါဖြစ်ပွားမှုပြင်းထန်တယ်ဆိုပြီး သတင်းစကားတွေအရလည်း သိရပါတယ်။   မြန်မာနိုင်ငံအတွင်း ကူးစက်မှုမရှိအောင် ပြည်သူတွေဂရုစိုက်ရမှာဖြစ်ပြီဒ Covid-19 ရဲ့ဆိုးဝါးမှုတွေကိုတတိယလှိုင်းဖြစ်ပွားစဥ်ကာလမှာ စာရေးသူတို့ကြုံတွေ့ခဲ့ရဖူးပါပြီ။   ကိုဗစ်တတိယလှိုင်းကြောင့် ဆွေမျိုး၊ ဆရာသမား၊ မိသင်္ဂဟတွေ ကွယ်လွန်ခဲ့ကြရတာ မျက်မြင်ကိုယ်တွေ့တခုဖြစ်ပြီး နောက်တစ်ကြိမ် ဒီလိုအဖြစ်အပျက်မျိုးနဲ့မကြုံတွေရပါစေနဲ့ဆိုပြီး ဆုတောင်းမိပါတယ်။   ဒါပေမယ့်ဖြစ်ပွားနှုန်း နည်းပါးတဲ့ မြို့ရွာတွေမှာတော့ အကြောက်တရားမရှိတာလား၊ မထူးဇာတ်ခင်းတာလားတော့မသိ၊ လူစုလူဝေးတွေလုပ်ကြ၊စားသောက်ဆိုင်၊စျေးတွေမှာ Mask မတတ်ဘဲ သွားလာမပျက်ရှိနေကြပါတယ်။   ဈေးထိပ်တွေမှာ လူမရှိဘဲ အသံချဲ့စက်နဲ့(အသံသွင်းထားတဲ့စည်းကမ်းချက်)အော်နေပေမယ့် စျေးထဲမှာ Mask မတတ်ဘဲ စျေးရောင်းချနေတာတွေ၊စျေးဝယ်နေတာတွေမြင်တွေ့နေရတာဟာ စစ်ဆေးမယ့်သူမရှိဘဲ အော်ယုံသာအော်နေတဲ့…

Read More
VOM News

FREE
VIEW