မြင်တွေ့သမျှ အလွဲများ

KT(VOM)
 
Covid-19 ကူးစက်ရောဂါရဲ့ မျိုးကွဲဗီဇတခုဖြစ်တဲ့ (အိုမီခရွန်)ဟာ အာဖရိကတိုက်မှာဖြစ်ပွားနေပြီး တစ်နေ့ထဲကူးစက်သူ ၁၀၅၀၀ လောက်ရှိကြောင်း နိုင်ငံတကာသတင်းတွေမှာ တွေ့နေရသလို အိန္ဒိယမှာလည်း ၂ ယောက်တွေ့တယ်ဆိုတာကို Breaking News မှာတွေ့လိုက်ရပါတယ်။
 
အိုမီခရွန်ဟာ ကူးစက်မှုနှုန်းမြန်တယ်၊ရောဂါဖြစ်ပွားမှုပြင်းထန်တယ်ဆိုပြီး သတင်းစကားတွေအရလည်း သိရပါတယ်။
 
မြန်မာနိုင်ငံအတွင်း ကူးစက်မှုမရှိအောင် ပြည်သူတွေဂရုစိုက်ရမှာဖြစ်ပြီဒ Covid-19 ရဲ့ဆိုးဝါးမှုတွေကိုတတိယလှိုင်းဖြစ်ပွားစဥ်ကာလမှာ စာရေးသူတို့ကြုံတွေ့ခဲ့ရဖူးပါပြီ။
 
ကိုဗစ်တတိယလှိုင်းကြောင့် ဆွေမျိုး၊ ဆရာသမား၊ မိသင်္ဂဟတွေ ကွယ်လွန်ခဲ့ကြရတာ မျက်မြင်ကိုယ်တွေ့တခုဖြစ်ပြီး နောက်တစ်ကြိမ် ဒီလိုအဖြစ်အပျက်မျိုးနဲ့မကြုံတွေရပါစေနဲ့ဆိုပြီး ဆုတောင်းမိပါတယ်။
 
ဒါပေမယ့်ဖြစ်ပွားနှုန်း နည်းပါးတဲ့ မြို့ရွာတွေမှာတော့ အကြောက်တရားမရှိတာလား၊ မထူးဇာတ်ခင်းတာလားတော့မသိ၊ လူစုလူဝေးတွေလုပ်ကြ၊စားသောက်ဆိုင်၊စျေးတွေမှာ Mask မတတ်ဘဲ သွားလာမပျက်ရှိနေကြပါတယ်။
 
ဈေးထိပ်တွေမှာ လူမရှိဘဲ အသံချဲ့စက်နဲ့(အသံသွင်းထားတဲ့စည်းကမ်းချက်)အော်နေပေမယ့် စျေးထဲမှာ Mask မတတ်ဘဲ စျေးရောင်းချနေတာတွေ၊စျေးဝယ်နေတာတွေမြင်တွေ့နေရတာဟာ စစ်ဆေးမယ့်သူမရှိဘဲ အော်ယုံသာအော်နေတဲ့ စည်းကမ်းချက်တွေပေါ့။
 
နေပြည်တော်က မြို့မစျေး၊သပြေကုန်းစျေး၊ပုဗ္ဗသီရိစျေးတွေမှာ နေ့လယ်၂ နာရီကနေ ည ၈ နာရီအထိဖွင့်တဲ့ညစျေးဆိုတာရှိပြီး ကိုဗစ်ကြောင့်ပိတ်ထားခဲ့တာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာနက Stay at Home ဖြေလျှောမှုတွေလုပ်တဲ့အထဲမှာ နေပြည်တော်က ဇမ္ဗူသီရိနဲ့ပျဥ်းမနားပါဝင်တဲ့အတွက်…၂၅.၁၁.၂၀၂၁ နေ့မှာ မြို့မစျေးနဲ့ သပြေကုန်းညစျေး၊အပါဝင် စျေးတွေအားလုံး ဖွင့်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
 
စနစ်တကျနဲ့ အကွက်တွေရိုက်ပြီး စည်းကမ်းချက်နဲ့အညီဖွင့်ခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်ဖွင့်တဲ့ဆိုင်ခန်းတွေကတော့ တဆိုင်နဲ့တဆိုင် ကျောခြင်းကပ်လို့ ပြွတ်သိပ်စွာရောင်းနေတာကိုမြင်တွေ့ရပါတယ်။
 
စာရေးသူသိသလောက်၊မြင်တွေ့ရလောက်နဲ့..ပတ်ဝန်းကျင်ပြောစကားတွေအရတော့..နေရာသတ်မှတ်မှုမရှိ၊ဦးသူနေရာယူ၊စျေးစခင်းတဲ့အချိန် နေရာလုကြနဲ့ ပရမ်းပတာဖြစ်နေပြီး နေရာကောင်းရဖို့အတွက် အပေးအကမ်းတွေလုပ်ရတယ်လို့လဲ သိရပါတယ်။
 
ဒါ့အပြင် စျေးတာဝန်ခံက ကြီးကြပ်မှုမရှိ၊ တာဝန်ကျစည်ပင်ဝန်ထမ်း(လုံခြုံရေး)နဲ့အဆင်ပြေရင် နေရာကောင်းရတယ်လို့လည်း ကြားသိရပါတယ်။
 
စျေးထဲမှာရောင်းသူတွေလည်း mask မတတ်ကြ၊ဝယ်သူတွေလည်း ထိုနည်းလည်းကောင်းဆိုတော့ သက်ဆိုင်ရာကနေ စနစ်တကျစစ်ဆေးဖို့တော့ လိုနေပါပြီ။
 
စည်းကမ်းချက်ကို အသံချဲ့စက်နဲ့အော်နေယုံနဲ့မရဘဲ သတ်မှတ်စည်းကမ်းချက်တွေ လိုက်နာမှုရှိရဲ့လားဆိုတာကို တာဝန်ရှိသူတွေစစ်ဆေးရပါမယ်။ စျေးရောင်းသူတွေကတော့ ကာလရှည်ပိတ်ခံထားရလို့ သတ်မှတ်တဲ့နေရာမှာ ရောင်းခွင့်မရှိပေမယ့်လည်း အဆင်ပြေရာနေရာတွေမှာ ရောင်းကြတာဖြစ်ပါတယ်။ စားဝတ်နေရေးက ရှိနေတဲ့အတွက်ကြောင့်ပေါ့။
 
ရောင်းချခွင့်ပေးလိုက်သူတွေကတော့ စနစ်တကျရောင်းချရဲ့လား၊စည်းကမ်းနဲ့အညီရောင်းချရဲ့လားဆိုတာကို လိုက်စစ်ဆေးရမှာဖြစ်ပြီး စျေးထိပ်ကနေ အသံသွင်းထားတဲ့ လက်ကိုင်စပီကာ ဖွင့်ပြနေလို့မရပါဘူး။
ပြောချင်တာကတော့ အိုမီခရွန်က ကြောက်ဖို့ကောင်းပါတယ်၊ မဖြစ်ခင်ကာကွယ်ရပါမယ်၊စတုတ္ထလှိုင်း အန္တရာယ်က လွတ်ကင်းကြပါစေ…….ရဒ။
 
#voiceofmyanmar #VOM #အိုမီခရွန်

Related posts

Leave a Comment

VOM News

FREE
VIEW