NLDပါတီ နာယက ဦးတင်ဦး ၊ ဦးခင်ညွန့်နဲ့ စည်သူဗိုလ်ကလေးတင့်အောင်တို့ကို နစကဥက္ကဋ္ဌက သွားတွေ့

ဒီဇင်ဘာ ၅-၂၀၂၁
KT(VOM)
 
ဒီကနေ့မနက်ပိုင်းက NLDပါတီ နာယကတဦးလည်းဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦး၊ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နဲ့ SSG ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ စည်သူဗိုလ်ကလေးတင့်အောင်တို့ကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
 
အခုလိုတွေ့ဆုံတာနဲ့ပတ်သက်ပြီး ဗိုလ်ချူပ်ဇော်မင်းထွန်းက “အဓိကကတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးရဲ့နေအိမ်ကို သွားရောက်တွေ့ဆုံခဲ့တယ်၊ ကျန်းမာရေးအခြေအနေတွေ မေးခဲ့တယ်၊ လိုအပ်ရင် တပ်မတော်ဆေးရုံတွေမှာ ဆေးကုသဖို့ ပြောကြားခဲ့တယ်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ရဲ့နေအိမ်ကိုလည်း သွားရောက်တွေ့ဆုံပြီး ကျန်းမာရေးအခြေအနေတွေ မေးမြန်းခဲ့တယ်၊ ပြီးရင် ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်နေမှုအခြေအနေလေးတွေ ပြောကြားခဲ့တယ်၊ ပြီးတော့ ဗဟန်းမြို့နယ်၊ ရွှေဘုံသာ SSGအထူးကုဆေးရုံမှာ ဆေးကုသနေတဲ့ စည်သူဗိုလ်ကလေးတင့်အောင်နဲ့ သွားရောက်မေးမြန်းခဲ့တယ်၊ ကျန်းမာရေးရယ် သူ့မိသားစုအခြေအနေတို့ မေးမြန်းတာတို့ အားပေးတာတို့ ဆောင်ရွက်ခဲ့ပါတယ်”လို့ ပြောပါတယ်။
 
#voiceofmyanmar #VOM #နစကဥက္ကဋ္ဌ #ဦးတင်ဦး #ဦးခင်ညွန့် #စည်သူဗိုလ်ကလေးတင့်အောင် #သွားရောက်တွေ့ဆုံ

Related posts

Leave a Comment

VOM News

FREE
VIEW