လဟယ်မြို့က ဆရာ/ဆရာမနဲ့ ကျောင်းသား/သူ ၄၀ နီးပါး ကိုဗစ်ကူးစက်ခံထားရ

ဒီဇင်ဘာ ၊၅ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ နာဂအုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ မနေ့ ဒီဇင်ဘာ ၄ ရက် တရက်တည်း ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့သူ လူ အယောက် ၄၀ နီးပါး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် လဟယ်မြို့ကို အရေးပေါ် lock down ချထားလိုက်ပြီလို့ စစ်ကိုင်းတိုင်းကျန်းမာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။
 
” ကိုဗစ်ကူးစက်တာက ပညာရေးဌာနမှာဖြစ်တယ် ၊ လဟယ် ပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုခံနေရတဲ့သူ ကျောင်း ဆရာ ၁ ဦး ၊ ဆရာမ ၂ ဦး ၊ ကျောင်းသား ကျောင်းသူ ၃၂ ဦးနဲ့ အရပ်ဖက်က အမျိုးသမီး ၂ ဦး အားလုံး ၃၇ ယောက်ရှိတယ် “လို့ ကျန်းမာရေး ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။
 
ကိုဗစ်ရောဂါကူးစက်ခံရတာနဲ့ပတ်သက်ပြီး တိကျသေခြာတဲ့ အဖြေမရမချင်း ကျောင်းတွေကို ယာယီပိတ်ထားကာ မြို့ကိုလည်း အရေးပေါ် lock down ချထားလိုက်ပြီလို့ ခန္တီးခရိုင်ကောင်စီရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
အခုလို ဆောင်းဦးရာသီမှာ လဟယ်မြို့ရဲ့ အအေးဒဏ်ဟာ ၁၀ ဒီဂရီ ဝန်းကျင်မှာ ရှိတာကြောင့် အအေးဒဏ်ကို ခုခံနိုင်တဲ့ ကိုဗစ်ရောဂါ သက်ဆိုးရှည်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
 
အသက် ၁၅ နှစ်အောက် ကျောင်းသား/ကျောင်းသူ ကိုဗစ်ကူးစက်ခံထားရမှု အရေအတွက်များတာကြောင့် အရေးပေါ် ထိန်းချုပ် ကာကွယ်ကုသရေးပိုင်းဆိုင်ရာလုပ်ငန်းတွေကို လုပ်ကိုင်နေတယ်လို့ ခန္တီးခရိုင်ကျန်းမာရေး အသိုင်းအဝိုင်းဆီက သိရပါနယ်။
 
#voiceofmyanmar #VOM #လဟယ#ပညာရေး #ကိုဗစ်ကူးစက်ခံထားရ

Related posts

Leave a Comment

VOM News

FREE
VIEW