၅၀၀တန်ထမင်းဆိုင်တွေ ရေရှည်တည်တံ့စေဖို့ ဆန်၊ကြက်သွန်နီ ပွဲရုံပိုင်ရှင်တွေက ကူညီမယ်

ရန်ကုန်၊ဒီဇင်ဘာ ၅-၂၀၂၁
KK(VOM)
 
မြန်မာနိုင်ငံတဝန်လုံးမှာရှိတဲ့ မြို့နယ်တွေမှာ အခြေခံလူတန်းစားတွေအဆင်ပြေစေဖို့ ရောင်းချနေတဲ့ ၅၀၀တန်ထမင်းဆိုင်တွေလိုအပ်တဲ့ ဆန်တွေ၊ကြက်သွန်နီတွေကို ကူညီပံ့ပိုးရောင်းချပေးသွားမယ်လို့ ပွဲရုံပိုင်ရှင်တွေဆီက သိရပါတယ်။
 
မြောင်းမြမြို့နယ်က ဆန်စက်နဲ့ရေခဲစက်ပိုင်ရှင်ဖြစ်သူ ဒေါ်ခင်သန္တာရွှေစင်က”ကျွန်မတို့က ဆန်တွေကိုအမြတ်မယူဘဲ အရင်းတိုင်းရောင်းချပေးသွားမှာပါ၊ ငါးရာတန်ထမင်းဆိုင်ဖွင့်ထားတဲ့သူတွေကိုပါ ပြောရရင် ကုသိုလ်ယူတဲ့သဘောမျိုးပါ”လို့ VOM ကို ပြောပါတယ်။
 
၅၀၀တန်ထမင်းဆိုင်တွေကို ရေရှည်တည်တံ့စေဖို့ ဆန်တွေကိုအမြတ်မယူဘဲ ရောင်းချရာမှာ သေချာစီစစ်ပြီး အမှန်တကယ်ရောင်းချနေသူတွေကို အမြတ်အစွန်းမယူဘဲ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။
 
ပြင်ဦးလွင်မြို့မှာရှိတဲ့ ဒေါ်ကြင်မေပွဲရုံကလည်း ကြက်သွန်နီတွေကို တနိူင်ငံလုံးမှာရှိတဲ့ ၅၀၀တန်ထမင်းရောင်းချသူတွေကို အခမဲ့လှူဒါန်းသွားမှာဖြစ်တယ်လို့ ပွဲရုံပိုင်ရှင်သီဟဗလဒေါ်ခင်ထွေးကVOMကိုပြောပါတယ်။
 
“ငါးရာတန်ထမင်းဆိုင်တွေက လိုအပ်သလောက်မှာလို့ရတယ် ကားနဲ့တင်ပေးမယ် ကားခတော့ရှင်းပေး၊ ကြက်သွန်နီကအလကား”လို့ သူကပြောပါတယ်။
 
လုပ်ငန်းရှင်တွေအနေနဲ့ ငါးရာတန်ထမင်းဆိုင်များအပေါ် ပူးပေါင်းလှူဒါန်းလာတာဟာ ရေရှည်ရပ်တည်ဖို့အတွက် ကောင်းမွန်တဲ့အလားအလာတစ်ခုဖြစ်တယ်လို့ မြောက်ဒဂုံမြို့နယ် ငါးရာတန်ဇလုံထမင်းဆိုင်ရှင် ကိုနေသူရိန်က ပြောပါတယ်။
 
ရန်ကုန်မှာ မြောက်ဒဂုံမြို့နယ်က အခြေခံလူတန်းစားတွေအတွက် ငါးရာတန်ဇလုံထမင်းဖွင့်လှစ်ပြီး မြောက်ဥက္ကလာ၊ဒဂုံအရှေ၊သာကေတ၊ရွှေပြည်သာ၊ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာလည်း ထပ်မံဖွင့်လှစ်လာကြပါတယ်။
 
ဒါ့အပြင် မန္တလေးနဲ့နေပြည်တော်၊မုံရွာ၊တာချီလိတ်မြို့နယ်တို့မှာလည်း အခြေခံလူတန်းစားတွေအဆင်ပြေစေဖို့ အခုရက်ပိုင်းအတွင်း ငါးရာတန်ထမင်းဆိုင်တွေ ဖွင့်လှစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ငါးရာတန် #ဆန်ကြက်သွန် #ပွဲရုံတွေကူညီမယ်

Related posts

Leave a Comment

VOM News

FREE
VIEW