ဗဟိုဘဏ်က ဒေါ်လာတွေထုတ်ရောင်းပေမယ့် အပြင်ဈေးကွက် တက်နေဆဲ

ဒီဇင်ဘာ ၁၆-၂၀၂၁
GH ( VOM )
 
ဗဟိုဘဏ်အနေနဲ့ ဒေါ်လာတွေကို အဆက်မပြတ်ထုတ်ပြီးရောင်းချပေးနေပေမယ့် ပြင်ပ ဒေါ်လာဝယ်ရောင်းစျေးကွက်မှာတော့ (၁)ဒေါ်လာကို ၁၈၁၅ ကျပ်ကနေ ၁၉၀၀ ကျပ်အထိ စျေးပေါက်နေဆဲဖြစ်တယ်လို့သိရပါတယ်။
 
ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၅ သန်းကို
ဒီဇင်ဘာလထဲမှာ တတိယအကြိမ်ရောင်းချမှုအဖြစ် မနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဈေးပြိုင်လေလံနဲ့ ထပ်မံရောင်းချခဲ့ပြီး ဒေါ်လာ ၁၅ သန်းကို ပျမ်းမျှငွေလဲလှယ်နှုန်း ၁ဒေါ်လာကို မြန်မာငွေ ၁,၇၈၀ ကျပ် သတ်မှတ်ပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။
 
” ဒေါ်လာစျေးကစားတာကိုထိန်းဖို့ အခုလိုထုတ်ရောင်းနေတာ။ဒါပေမယ့် တစ်ဒေါ်လာကို ၁၉၀၀ လောက်ထိ ခေါ်စျေးရှိတယ်။ အဝယ်လည်းရှိသလို အရောင်းလည်းရှိတယ်၊ စျေးတည့်ရင် အရောင်းဝယ်ဖြစ်တာပဲ။ ဗဟိုဘဏ်စျေးထက် ၀.၅ ပဲအတိုးအလျှော့လုပ်ရမယ်ဆိုတာက ပြင်ပစျေးကွက်မှာ အသုံးမဝင်ဘူး ” လို့ ဒေါ်လာ ဝယ်/ရောင်းလုပ်ကိုင်နေသူတဦးကပြောပါတယ်။
 
လက်ရှိဒေါ်လာစျေးကွက်ကတော့ ကြိုက်ရောင်းကြိုက်ဝယ် အခြေအနေဖြစ်နေဆဲဖြစ်တယ်လို့သိရပြီး ဒီနေ့ဒီဇင်ဘာ ၁၆ ရက်နေ့ ဗဟိုဘဏ်ရဲ့ငွေလဲလှယ်နူန်းက အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၇၈၀ ကျပ်ဖြစ်ပါတယ်။
 
ဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေ ရောင်းခြင်း၊ဝယ်ခြင်း၊လဲလှယ်ခြင်းပြုလုပ်တဲ့အခါ ဗဟိုဘဏ်ရဲ့ငွေလဲနူန်း ထက် o.၅ % အတိုးအလျှော့ ဘောင်အတွင်းကနေသာ သတ်မှတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ သတ်မှတ်ချက်ကို လိုက်နာမှုမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတို့အရ အရေးယူမှာဖြစ်တယ်လို့ ဗဟိုဘဏ်ကအသိပေးထားပါတယ် ။
 
ဗဟိုဘဏ်ကတော့ ဒေါ်လာစျေးကိုထိန်းဖို့အတွက် နိုဝင်ဘာလထဲမှာလည်း ဒေါ်လာတွေသန်းနဲ့ချီပြီးထုတ်ရောင်းချပေးခဲ့သလို အခု ဒီဇင်ဘာလအတွင်းမှာတင် အမေရိကန်ဒေါ်လာ ၄၃ သန်းအထိ ထပ်မံရောင်းချခဲ့တာဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ဗဟိုဘဏ#ဒေါ်လာထုတ်ရောင်း #အပြင်ဈေးကွက် #တက်နေဆဲ

Related posts

Leave a Comment

VOM News

FREE
VIEW