ဘင်္ဂလားဒေ့ရ်ှမှာ ဖယ်ရီသင်္ဘောမီးလောင်မှု လူ ၃၈ ဦးသေဆုံး၊ ၁၀၀ ကျော်ဒဏ်ရာရ

ဒါကာ၊ ဒီဇင်ဘာ-၂၄
မျိုးဆက်(VOM)
 
ဘင်္ဂလားဒေ့ရ်ှနိုင်ငံတောင်ပိုင်းမှာ လူအပြည့်တင်ဆောင်ထားတဲ့ ဖယ်ရီသင်္ဘောတစ်စင်း ဒီဇင်ဘာ ၂၄ ရက်က မီးလောင်မှုကြောင့် လူ ၃၈ ဦးသေဆုံးသွားပြီး ၁၀၀ ကျော်ဒဏ်ရာရရှိသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
 
အဲဒီသုံးထပ်သင်္ဘော မြို့တော်ဒါကာမှ ဘာဂူနာမြို့သို့ ဦးတည်ခုတ်မောင်းနေစဉ်မှာ ဂျဟာလာကာတီမြို့အနီး မြစ်လယ်မှာ စတင်မီးလောင်ကျွမ်းခဲ့ပါတယ်။
 
သေဆုံးသူတွေထဲ့ အချို့ကတော့မီးလောင်စဉ် သင်္ဘောပေါ်မှခုန်ချပြီးနောက် ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။
ခရီးသည်အများအပြား ဆိုးရွားစွာမီးလောင်ခံထားရတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ပါတယ်။
 
လက်ရှိချိန်ထိ အလောင်း ၃၂ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း၊ အများစုမှာ မီးလောင်သေဆုံးခဲ့ပြီး အချို့မှာ ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံရဲတပ်ဖွဲ့အကြီးအကဲကပြောပါတယ်။
 
မီးလောင်ချိန်မှာတော့ သင်္ဘောပေါ်မှာ ခရီးသည် ၅၀၀ ဦးလိုက်ပါခဲ့ကြောင်းသိရပါတယ်။
 
ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ သင်္ဘောတွေကို ပြုပြင်ထိန်းသိမ်းမှုညံ့ဖျင်းခြင်း၊ ဘေးကင်းရေးစံနှုန်းတွေ လိုက်နာမှုနည်းပါးခြင်းနဲ့ လူပြည့်လူလျှံတင်ခြင်းတွေကြောင့် မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။
 
Ref: BBC
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW