အင်ဒို-ပစိဖိတ်ဒေသအတွက် ရန်ပုံငွေသုံးဆတိုးထားတဲ့ အမေရိကန်ကာကွယ်ရေးဥပဒေ အတည်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၈-၂၀၂၁
မျိုးဆက်(VOM)
 
အင်ဒို-ပစိဖိတ်ဒေသအတွင်း ကာကွယ်ဟန့်တားမှုကိုမြှင့်တင်ဖို့အတွက် ရန်ပုံငွေပိုမိုခွဲဝေထားတဲ့ ကာကွယ်ရေး ဥပဒေကြမ်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၂၇ ရက်မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။
 
၂၀၂၂ ခုနှစ်အတွက် အမျိုးသားကာကွယ်ရေးဥပဒေဟာ ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ ၇၆၈ ဒသမ ၂ ဘီလီယံထိ ခွင့်ပြုထားပါတယ်။
 
အဲဒီဥပဒေမှာ အင်ဒို-ပစိဖိတ်ဒေသ ကာကွယ်ဟန့်တားမှုအတွက် ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံပါ၀င်ပြီး ၂၀၂၁ ခုနှစ်ကထက် သုံးဆကျော်ပိုမိုများပြားကာ ဒါဟာ တရုတ်၏စစ်ရေးတည်ဆောက်မှုကို တန်ပြန်ရန်ကြိုးပမ်းတဲ့ အရိပ်လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။
 
အမေရိကန်ကလက်ခံကျင်းပတဲ့ နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ပစိဖိတ်ဒေသစစ်ရေးလေ့ကျင့်ခန်းမှာ ထိုင်၀မ်ကိုဖိတ်ကြားဖို့ အမေရိကန်အစိုးရကို အားပေးတဲ့အချက်လည်း ဥပဒေမှာ ပါ၀င်လာပါတယ်။
 
ဒ့ါအပြင် ဥပဒေကြမ်းမှာ ရုရှားနဲ့တင်းမာမှုတွေမြင့်တက်နေချိန်မှာ ယူကရိန်းတပ်ဖွဲ့၀င်တွေအတွက် ဒေါ်လာ သန်း ၃၀၀ ထောက်ပံ့ဖို့နဲ့ ဥရောပဒေသမှာ ကာကွယ်ဟန့်တားမှုကိုမြှင့်တင်ဖို့အတွက် ဒေါ်လာ လေးသန်းအသုံးပြုဖို့တို့လည်း ပါ၀င်ပါတယ်။
 
Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW