ဒီဇင်ဘာ ၁၈-၂၀၂၁ GH ( VOM ) ကားအရောင်းစင်တာနဲ့ အရောင်းပြခန်းတွေကို ကားတင်သွင်းခွင့် ပြန်လည်ခွင့်ပြုပေးတော့မယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ မော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားမှုတွေကို စိစစ်ပြီး ခွင့်ပြုဆောင်ရွက်ပေးနေရာ ၊ ၂၀၂၁ ခုနှစ်၊ ပြက္ခဒိန် နှစ်မကုန်မီ နှစ်ချုပ်စာရင်းရှင်းလင်းခြင်းနဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေဆောင်ရွက်ရမှာဖြစ်လို့ အရောင်းစင်တာ၊အရောင်းပြခန်းတွေအနေနဲ့ မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားမှုကို ၂၀၂၁ ခုနှစ် အတွက်ကို ဒီဇင်ဘာလ(၁၇)ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက်တင်သွင်း ခွင့်လျှောက်ထားခြင်းကိုတော့ ဇန်နဝါရီလ (၃)ရက်နေ့ကစပြီး ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ အခုလို ထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး ကားဝယ်/ရောင်းလုပ်ကိုင်နေသူတဦးက” ကားမူဝါဒအရ ဘယ်မောင်းနဲ့မော်ဒယ်အမြင့်တွေပဲခွင့်ပြုမယ့်အနေအထားဖြစ်နိုင်တယ် ၊ မော်ဒယ်အနိမ့်ပိုင်းတွေကို သွင်းခွင့်ပေးလိုက်ရင် SKD တွေအတွက် ရောင်းအားထိုးကျသွားစရာရှိလို့ ကန့်ကွက်ကြလိမ့်မယ် ၊အကယ်၍များ ၂၀၁၅ မော်ဒယ်လောက်ကနေ…
Read MoreMonth: December 2021
ကန်ပိုက်တီ(ကံပိုင်တည်) ကုန်သွယ်ရေးဂိတ် ပြန်ဖွင့်
ဒီဇင်ဘာ ၁၈-၂၀၂၁ Shy V(VOM) ၅ လ ကျော်ကြာ ပိတ်ထားခဲ့တဲ့ ကချင်ပြည်နယ်ရှိ မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီ (ကံပိုင်တည်) ကုန်သွယ်ရေးဂိတ်ကို မနေ့ ဒီဇင်ဘာ၁၇ ရက်နေ့က ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ကုန်သည်၊ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။ “မနေ့က ဖွင့်လိုက်ပြီ။ လောလောဆယ်တော့ စမ်းပြီးတော့ဖွင့်တာ။ ၁ ရက် မှ အစီး ၃၀ ကန့်သတ်ထားတယ်။ ဘာမှ ခေါက်တို(ရှန်တိန်)ကား မလိုဘူး။ အဲဒီလိုပဲ ကားကို ပိုးသတ်ပြီးတော့ ကားချင်းပြောင်းလိုက်တာပဲ။ လုပ်တဲ့ စနစ်မိုက်တယ် တအား ကောင်းတယ်။” လို့ ကုန်သည် ၁ ဦးက ပြောပါတယ်။ လက်ရှိမှာတော့ စမ်းသပ်ကာလဖြစ်ပြီး ပိုးတွေ့တာမရှိဘဲ ရောဂါပိုးကို ထိန်းနိုင်ရင် ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း နဲ့ နှစ်နိုင်ငံနယ်စပ်ဂိတ် ဖွင့်မယ်ဆိုတဲ့သတင်းကြောင့် ကြိုတင်စောင့်ဆိုင်းကာ…
Read Moreစစ်ကိုင်းတိုင်း ဥပဒေချုပ်ကို ၅၀၅ ခ နဲ့ ထောင် ၂ နှစ်ချ
ဒီဇင်ဘာ ၊ ၁၈- ၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်က အထူးတရားခွင်ကနေ အရင် တိုင်းအစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင်မောင်လှကို မနေ့ ဒီဇင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းမှာ အပြီးသတ် အမိန့်ချမှတ်ခဲ့တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ ” တိုင်းအစိုးရအဖွဲ့က ဥပဒေချုပ် ဦးခင်မောင်လှ ကို ပုဒ်မ ၅၀၅ ခ နဲ့ ပြစ်ဒဏ် ၂ နှစ်ချမှတ်ခံရတာဖြစ်တယ် ၊ ချုပ်ရက်ထုတ်နုတ်ခံစားခွင့် ပါတယ် ” လို့ ရှေ့နေ အသိုင်းအဝိုင်းက ပြောပါတယ်။ တိုင်းအစိုးရအဖွဲ့က ဥပဒေချုပ် ဦးခင်မောင်လှနဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း…
Read More၅၇နှစ်ပြည့်ခဲ့တဲ့ ပြည်သူချစ်သော …
ဆူးငှက် ၁၉၆၄ခုနှစ် မေလမှာ ထုတ်ဝေခဲ့တဲ့ “ပြည်သူချစ်သော အနုပညာသည်များ”စာအုပ်ဟာ ဒီနှစ် ၂၀၂၁ခုနှစ် မေလကပဲ ၅၇ နှစ်ပြည့်ခဲ့ပါပြီ။ ” ပြည်သူချစ်သာ အနုပညာသည်များ” စာအုပ်ကို စာရေးဆရာ၊ သတင်းစာ ဆရာမကြီး လူထုဒေါ်အမာရေးသားပြုစုခဲ့တာပါ။ ကျွန်တော်တို့ကတော့ ဒေါ်ဒေါ်လို့ခေါ်တာပေါ့။ ဒေါ်ဒေါ်ရဲ့ “ပြည်သူချစ်သော အနု ပညာသည်များ”စာအုပ်က ၁၉၆၄ခုနှစ် မေလမှာ ပထမအကြိမ်ထုတ်ဝေပြီး အဲဒီနှစ် စက်တင်ဘာမှာ ဒုတိယအကြိမ်၊ ၁၉၆၇ဇူလိုင်မှာ တတိယအကြိမ်၊ ၁၉၇၄မှာ စတုတ္ထအကြိမ်နဲ့ နှစ်ပေါင်း ၂၀ ကျော်အကြာ ၁၉၉၇ ဒီဇင်ဘာရောက်မှ ပဉ္စမအကြိမ်အဖြစ် အကြိမ်ကြိမ် အုပ်ရေများစွာ ထုတ်ဝေခဲ့ရတဲ့ စာအုပ်ပါ။ ပထမအကြိမ်ထုတ်တဲ့ ၁၉၆၄ခုနှစ်ဆိုတာ တော်လှန်ရေးကောင်စီတက်ပြီး တစ်နှစ်ကျော်ကြာအချိန်ပါ။ အဲဒီအချိန်မှာ သုံးစွဲနေတဲ့ ငွေစက္ကူတွေလည်း တရားမဝင်ကြေညာတယ်။ တိုင်းပြည်မှာလည်း စီးပွားရေးလုပ်ငန်းကြီးတွေကို ပြည်သူပိုင်သိမ်းတယ်ဆိုတဲ့ ကမောက်ကမအချိန်။ တစ်တိုင်းတစ်ပြည်လုံး စီးပွားရေး ကျပ်တည်းနေချိန်၊…
Read Moreအမြင့်မြို့ဟောင်း စျေးထိပ်မှာ ရဲ ၁ ဦးနဲ့ အရပ်သား ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရ
ဒီဇင်ဘာ ၊ ၁၆-၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ အမြင့်မြို့ဟောင်းကျေးရွာရဲ့ စျေးထိပ်နေရာမှာ ဒီကနေ့ နေ့ခင်းပိုင်းက ရဲ ၁ ဦးနဲ့ အရပ်သား ၁ ဦးတို့ဟာ အနီးကပ် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ စျေးသူစျေးသားတွေဆီက သိရပါတယ်။ မျက်မြင်တွေ့လိုက်ရသူတဦးက “ပစ်သတ်ခံရတဲ့ သူတွေက အမြင့်နယ်မြေရဲစခန်းက ရဲတပ်သား ရဲထက်နိုင်ဆိုတဲ့သူနဲ့ အမြင့်ရွာသား မောင်ထက်ဝေယံ အသက် ၁၈ နှစ် သူတွေဖြစ်တယ် ၊ သူတို့နောက်ကနေ သေနတ်သမားက အနီးကပ် ပစ်သတ်သွားတာ ” လို့ ပြောပါတယ်။ အမြင့်ရွာခံတဦးကလည်း ” ဖြစ်တာက နေ့လယ် ၁ နာရီကျော်လောက်က ဖြစ်တာပါ ၊ စျေးထိပ်က ထွန်းကြီး ကွမ်းယာဆိုင်ရှေ့မှာ…
Read Moreအင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန် ကာကွယ်ရေးအသုံးစရိတ် သုံးဆတိုးမယ်
၀ါရှင်တန်၊ ဒီဇင်ဘာ-၁၆-၂၀၂၁ မျိုးဆက်(VOM) အမေရိကန်အထက်လွှတ်တော်သည် အင်ဒို-ပစိဖိတ်ဒေသတွင် ကာကွယ်ဟန့်တားမှုကိုမြှင့်တင်ပေးမယ့် ၂၀၂၂ ခုနှစ် ကာကွယ်ရေးအသုံးစရိတ် ဥပဒေကြမ်းကို ဒီဇင်ဘာ ၁၅ ရက်မှာ မဲခွဲအတည်ပြုလိုက်ပါတယ်။ ဒေါ်လာ ၇၆၈ ဘီလီယံတန်ဖိုးရှိ အဲဒီကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းဟာ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ လျှင်မြန်စွာကြီးထွားလာတဲ့ စစ်ရေးတည်ဆောက်မှုကို တန်ပြန်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီဥပဒေကြမ်းမှာတော့ အင်ဒို-ပစိဖိတ်ဒေသမှာ ကာကွယ်ဟန့်တားမှုတွေ လုပ်ဆောင်ဖို့အတွက် ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံထိသုံးစွဲမှာဖြစ်ပြီး ယခင်နှစ်ကခွဲဝေချထားတဲ့ အသုံးစရိတ်ထက် သုံးဆပိုများနေပါတယ်။ ရုရှားနှဲ့ တင်းမာမှုများမြင့်တက်နေတဲ့ ယူကရိန်းစစ်ဘက်အတွက် ထောက်ပံ့ဖို့ ဒေါ်လာ သန်း ၃၀၀ နဲ့ ဥရောပမှာ ကာကွယ်ရေးလုပ်ဆောင်ချက်တွေအားကောင်းစေဖို့ဒေါ်လာ လေးဘီလီယံ သုံးစွဲဖို့အတွက်လည်း ဥပဒေကြမ်းမှာပါ၀င်ပါတယ်။ အောက်လွှတ်တော်က အတည်ပြုထားပြီးဖြစ်တဲ့ အဲဒီ ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုဖို့အတွက်…
Read Moreဗဟိုဘဏ်က ဒေါ်လာတွေထုတ်ရောင်းပေမယ့် အပြင်ဈေးကွက် တက်နေဆဲ
ဒီဇင်ဘာ ၁၆-၂၀၂၁ GH ( VOM ) ဗဟိုဘဏ်အနေနဲ့ ဒေါ်လာတွေကို အဆက်မပြတ်ထုတ်ပြီးရောင်းချပေးနေပေမယ့် ပြင်ပ ဒေါ်လာဝယ်ရောင်းစျေးကွက်မှာတော့ (၁)ဒေါ်လာကို ၁၈၁၅ ကျပ်ကနေ ၁၉၀၀ ကျပ်အထိ စျေးပေါက်နေဆဲဖြစ်တယ်လို့သိရပါတယ်။ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၅ သန်းကို ဒီဇင်ဘာလထဲမှာ တတိယအကြိမ်ရောင်းချမှုအဖြစ် မနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဈေးပြိုင်လေလံနဲ့ ထပ်မံရောင်းချခဲ့ပြီး ဒေါ်လာ ၁၅ သန်းကို ပျမ်းမျှငွေလဲလှယ်နှုန်း ၁ဒေါ်လာကို မြန်မာငွေ ၁,၇၈၀ ကျပ် သတ်မှတ်ပြီး ရောင်းချခဲ့တာဖြစ်ပါတယ်။ ” ဒေါ်လာစျေးကစားတာကိုထိန်းဖို့ အခုလိုထုတ်ရောင်းနေတာ။ဒါပေမယ့် တစ်ဒေါ်လာကို ၁၉၀၀ လောက်ထိ ခေါ်စျေးရှိတယ်။ အဝယ်လည်းရှိသလို အရောင်းလည်းရှိတယ်၊ စျေးတည့်ရင် အရောင်းဝယ်ဖြစ်တာပဲ။ ဗဟိုဘဏ်စျေးထက် ၀.၅ ပဲအတိုးအလျှော့လုပ်ရမယ်ဆိုတာက ပြင်ပစျေးကွက်မှာ အသုံးမဝင်ဘူး ” လို့…
Read Moreကိုဗစ်ကြောင့် အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင် ထိုင်းခရီးစဉ်ဖျက်သိမ်း
ကွာလာလမ်ပူ၊ ဒီဇင်ဘာ-၁၆-၂၀၂၁ မျိုးဆက်(VOM) အရှေ့တောင်အာရှခရီးစဉ်လာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်နဲ့ အတူလိုက်ပါလာတဲ့ ကိုယ်စားလှယ်အဖွဲ့၀င်တစ်ဦး ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရတာကြောင့် ထိုင်းနိုင်ငံကို သွားရောက်မှာမဟုတ်တော့ဘဲ အမေရိကန်ကို လှည့်ပြန်တော့မှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ဒီဇင်ဘာ ၁၅ရက်မှာပြောပါတယ်။ နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ ထိုင်းနိုင်ငံ တာ၀န်ရှိသူတွေကို ဒီဇင်ဘာ ၁၆ရက်မှာ တွေ့ဆုံဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေမှာ အန္တရာယ်များတာကြောင့် ဝါရှင်တန်ကို ပြန်မှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး၀န်ကြီးကို ဘလင်ကင်က ပြောပါတယ်။ ဘလင်ကင်နဲ့ အတူလိုက်ပါလာတဲ့ အဖွဲ့၀င်ဟာ အင်ဒိုနီးရှားနိုင်ငံကနေ မလေးရှားနိုင်ငံကို ရောက်ရှိချိန်မှာ ကိုဗစ်-၁၉ ကူးစက်ခံနေရတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မလေးရှားနိုင်ငံကိုရောက်ရှိချိန်အတွင်းမှာတော့ အဲဒီအဖွဲ့၀င်ဟာ ဘလင်ကင်နဲ့ အတူဘယ် အစီအစဉ်မှာမှ ပါ၀င်ခြင်းမရှိဘူးလို့ဆိုပါတယ်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့လေယာဉ်ဟာ ထိုင်းနိုင်ငံမှာ စက်ပိုင်းဆိုင်ရာအတွက် ခေတ္တသာရပ်နားမှာဖြစ်ပြီး တရား၀င်အစည်းအဝေး တခုမှမလုပ်ဘဲ မဟုတ်ဘဲ အမေရိကန်နိုင်ငံသို့ ပြန်မှာဖြစ်ပါတယ်။…
Read Moreအိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုရှိနေတဲ့ မြန်မာ့ အိမ်နီးချင်းနိုင်ငံအရေအတွက် တိုးပွားလာနေ
ဂျကာတာ၊ ဒီဇင်ဘာ-၁၆-၂၀၂၁ မျိုးဆက်(VOM) မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင် နိုင်ငံတို့မှာ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှုတွေရှိနေပြီး အင်ဒိုနီးရှားနိုင်ငံမှာလည်း အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုကို စတင်တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေး၀န်ကြီး ဘူဒီဂူနာဒီဆာဒီကင်က ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂျကာတာရှိ ဆေးရုံတစ်ရုံမှ ၀န်ထမ်းတစ်ဦးမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်နေတာကို ဒီဇင်ဘာ ၁၅ ရက်က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သူဟာ ပြည်ပသို့ခရီးသွားရာဇ၀င်မရှိဘူးလို့ ကျန်းမာရေး၀န်ကြီးကပြောပါတယ်။ ဒါအပြင် အိုမီခရွန်သံသယလူနာ ငါးဦးကိုလည်းတွေ့ရှိထားပြီး မကြာသေးမီးက အမေရိကန်မှပြန်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသားနှစ်ဦး၊ ဗြိတိန်မှပြန်လာတဲ့ တရုတ်နိုင်ငံသား သုံးဦးတို့ပါ၀င်ပြီး မျိုးရိုးဗီဇစစ်ဆေးမှုကို စောင့်ဆိုင်းနေကြပါတယ်။ တောင်အာဖရိကတွင် ပထမဆုံးတွေ့ရှိခဲ့ရသည့် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသည် ဂျပန်နဲ့ ဟောင်ကောင်အပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ နိုင်ငံပေါင်း ၇၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေကြောင်း…
Read Moreကိုဗစ်ရောဂါကြောင့် ၃၂ ကြိမ်မြောက် နာဂရိုးရာပွဲတော် မပြုလုပ်နိုင်
ဒီဇင်ဘာ ၊ ၁၆-၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း နာဂအုပ်ချုပ်ခွင့်ရဒေသက မြို့နယ်တွေမှာ အခုလဆန်းပိုင်းကစလို့ စာသင်ကျောင်းတချို့ကကျောင်းသား/ကျောင်းသူတွေ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိပြီးနောက်ပိုင်း နှစ်စဥ် ဇန်နဝါရီ ၁၅ ရက်ရောက်တိုင်း ပြုလုပ်လေ့ရှိတဲ့ နာဂရိုးရာပွဲတော်ကို အခုလာမယ့်နှစ်မှာ ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ နာဂရိုးရာ ယဥ်ကျေးမှုနဲ့စာပေအဖွဲ့ကနေ သိရပါတယ်။ ” ကိုဗစ်ရောဂါကြောင့် ၃၂ ကြိမ်မြောက် ပွဲတော်ရက် လုပ်နိုင်မှာမဟုတ်ပေမယ့် အဲ့ဒီရက်မှာ မြို့အလိုက် ရွာအလိုက် ကိုဗစ် စည်းမျဥ်းစည်းကမ်းနဲ့အညီ အထိမ်းအမှတ်လုပ်တာလောက်တော့ ရှိမယ် ၊ ရိုးရာပွဲလမ်း အခင်းအကျင်းတွေ ပါမှာ မဟုတ်ဘူး “လို့ နာဂရိုးရာ ယဥ်ကျေးမှုနဲ့စာပေအဖွဲ့ ဥက္ကဌ ဦးအောင်ထွဋ်က ပြောပါတယ်။ ဒါ့အပြင် နာဂ အုပ်ချုပ်ခွင့်ရ လဟယ်မြို့ခံတယောက်က ” နာဂရိုးရာပွဲတော်ဆိုတာ ၊ နာဂ…
Read More