ဒီဇင်ဘာ ၁၆-၂၀၂၁ KK(VOM) ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်မှာ မနေ့ ဒီဇင်ဘာ ၁၅ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နဲ့ပိတ်မိသူ ၃၀၀၀နီးပါးရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်မြို့သစ်ကို စစ်တပ်က ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ဝင်ရောက်ကာ လွှတ်တော်ကိုယ်စားလှယ်တဦးအပါအဝင် ၆၀ဦးကို ဖမ်းဆီးခဲ့ရာမှ နှစ်ဘက်တင်းမာမှုတွေဖြစ်ပြီး တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။ “KNU ဘက်က စစ်တပ်ကို နယ်မြေအတွင်းတပ်စွဲထားတာ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပြီးနောက် မနေ့မနက်ပိုင်း ၁၁ နာရီကျော်မှာ နှစ်ဘက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်”လို့ သူကရှင်းပြပါတယ်။ လေးကေ့ကော်မြို့သစ်မှာရောက်ရှိနေသူတဦးက”တိုက်ပွဲနှစ်ကြိမ်ဖြစ်တယ် မနက်ပိုင်းနဲ့ညနေပိုင်းမှာ၊ စစ်တပ်ဘက်ဘ အမြှောက်တွေပါသုံးလာတယ်၊ ဒီဘက်က ထိုးစစ်ဆင်တော့ သူတို့ဘက်ကျဆုံးတာများတယ်၊ နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင် ၂၅၀၀နီးပါး ဘေးလွှတ်ရာကို ရှောင်တိမ်းနေထိုင်နေရပြီး ပြည်သူငါးရာခန့်မှာ…
Read MoreMonth: December 2021
စစ်ကိုင်းတိုင်းမှာ မနေ့က ၁ ရက်တည်း မိုင်းထိလို့ သေတဲ့ ရဲ ၄ ဦးထက်မနည်းရှိ
ဒီဇင်ဘာ ၊ ၁၆ ၊ ၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ အခုလ ၁၅ ရက် မနေ့က ၁ ရက်တည်းမှာတင် မိုင်းစထိမှန် သေဆုံးတဲ့ ရဲဝန်ထမ်း အရေအတွက်ဟာ ၄ ဦးထက်မနည်း ရှိခဲ့ပြီး အဲ့ဒီအပြင် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့တဲ့ ရဲဝန်ထမ်းတွေလည်း ရှိတယ်လို့ မိုင်းပေါက်ကွဲတာတွေ ဖြစ်ပေါ်ခဲ့တဲ့ နေရာတွေက နယ်ခံလူ တချို့ရဲ့ အပြောအရ သိရပါတယ်။ ” ဝန်းသိုမြို့မရဲစခန်းက စခန်းမှူးနဲ့အဖွဲ့ဟာ ၂ လောင်းပြိုင် လူသတ်မှုဖြစ်တဲ့နေရာကနေ အလောင်းကောက်ယူပြီး အပြန် လမ်းမှာ မိုင်းထိမှန်ခဲ့လို့ ဒုရဲမှူး ဟန်ဝင်းနဲ့ ရဲတပ်သား မျိုးကျော်ထွန်း တို့ ၂ ယောက် စီးတဲ့ကားဟာ ခတ်ချိုရွာနားမှာ မိုင်းထိတယ် ၊ ကားမီးလောင်တယ် ၊…
Read Moreကန်ပိုက်တီဂိတ် ဖွင့်မပေးသေးတာကြောင့် တစ်သျှုးငှက်ပျောကားတွေ ရာနဲ့ချီပိတ်မိနေပြီး ပျက်စီးမှုတွေရှိနေ
ဒီဇင်ဘာ ၁၆-၂၀၂၁ GH ( VOM ) ကချင်ပြည်နယ်၊ ကန်ပိုက်တီ ကုန်သွယ်ရေး နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို တစ်သျှုးငှက်ပျော တင်ပို့ဖို့ စောင့်နေတဲ့ ကုန်တင်ကားတွေ ရာနဲ့ချီ ပြီးရှိနေတယ်လို့ ကုန်ကားမောင်းသူတွေဆီက သိရပါတယ်။ မကြာခင် တရုတ်နှစ်သစ်ကူး ပိတ်ရက်ကလည်းရောက်ရှိတော့မှာဖြစ်လို့ ကန်ပိုက်တီဂိတ်ကို အခုရက်ပိုင်းအတွင်း အမြန်ဆုံးဖွင့်ပေးဖို့ လိုအပ်နေကြောင်း၊လက်ရှိမှာတော့ ဂိတ်အဖွင့်ကို စောင့်ဆိုင်းရတာ ကြာမြင့်မှုနဲ့အတူ ငှက်ပျောသီးတွေ ပျက်စီးမှုရှိနေတယ်လို့ သိရပါတယ်။ ” ကားတွေက နယ်စပ်ဂိတ်နားမှာပိတ်မိနေတာမဟုတ်ဘူး။ အလုပ်ဆိုဒ်တွေထဲမှာ ပိတ်မိနေတာ။ဂိတ်က၅ရက်နေ့ဖွင့်မယ်ဆိုတော့ ကားတွေက အကုန်တက်လာကြတယ်။ငှက်ပျောခြံတွေကလည်း ကြိုပြီးခုတ်ကြတယ်၊ တချို့ဆို ကားပေါ်အကုန်အဆင်သင့်တင်ပြီးပြီ။ကားတွေက အခုထိမထွက်ရသေးဘူး။ မကြာခင် တရုတ်နှစ်သစ်ကူးကရောက်တော့မယ်။ အခုရက်ပြန်ဖွင့်မယ်ဆိုရင်တောင် အစီအစဉ်တကျမဟုတ်ဘဲ အမြန်လုပ်ရမှာ ၊ အခြေအနေကတော့ မကောင်းဘူး။ ကားသမားရော၊ခြံစိုက်သူရော အကုန်အခက်အခဲဖြစ်မှာ ” လို့ ကန်ပိုက်တီ ကုန်ကားမောင်းသူတဦးကပြောပါတယ်။…
Read Moreဒီပဲယင်းနယ်မှာ ပရဟိတသမား ၃ ဦးရဲ့အလောင်းကို လယ်ကွင်းထဲမှာတွေ့
ဒီဇင်ဘာ ၊ ၁၅ -၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ မှန်သာကျေးရွာနားက လယ်ကွင်းထဲမှာ ဒီမနက်အစောပိုင်းက ကောက်ပင်တွေနဲ့ ဖုံးဖိထားတဲ့ ပရဟိတသမား ၃ ဦးရဲ့ အလောင်းတွေကို ရွာသားတွေက တွေ့ခဲ့ရတယ်လို့ မှန်သာရွာသားတချို့ဆီက သိရပါတယ်။ ” သေဆုံးသူတွေက ကိုဇော်မျိုးဦး (ခေါ် )ကိုညိုလုံး ၊ ကိုဇော်ဇော်အောင် ၊ ကိုထိန်လင်း သူတို့ ၃ ယောက်ဖြစ်တယ် ၊ အသက်ကတော့ ၃၀ ဝန်းကျင်လောက်နေမှာ ၊ ဦးခေါင်း ကျည်ဆံထိမှန် သေဆုံးနေတာပါ ၊ သူတို့က နယ်ခံပရဟိတသမားတွေဖြစ်ကြပြီး ၃ လောင်းစလုံးကို စပါးကောက်ပင်တွေနဲ့ ဖုံးဖိထားတာ၊ သူတို့ကို ဘယ်သူတွေက ပစ်သတ်သွားတယ်ဆိုတာ မသိဘူး ၊ မနေ့ကတော့…
Read Moreဟောင်ကောင် ကမ္ဘာ့ကုန်သွယ်ရေးစင်တာမီးလောင်မှု လူ ၁၀၀ ကျော်ပိတ်မိနေ
ဟောင်ကောင်၊ ဒီဇင်ဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM) ဟောင်ကောင် ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ ဒီနေ့ မီးလောင်မှုဖြစ်ပွားပြီးနောက် ခေါင်မိုးထပ်မှာ လူ ၁၀၀ ကျော်ပိတ်မိနေပြီး ကယ်ဆယ်ရေးသမားတွေကို စောင့်နေကြပါတယ်။ မီးလောင်မှုကြောင့် လူရှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး သူတို့ကို ဆေးရုံပို့ထားတယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က အတည်ပြုပြောဆိုပါတယ်။ အဆာက်အဦကိုမွန်းမံမှုတွေပြုလုပ်နေတာဖြစ်ပြီး မီးဟာ စက်မှုဆိုင်ရာအခန်းကနေစတင်လောင်ကျွမ်းပြီးနောက် အခြားနေရာကိုပါ ကူးစက်ခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်ကြောင့် လူသေဆုံးမှုမရှိဘဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ ဒဏ်ရာရရှိသူရှစ်ဦးဟာ အသက် ၃၁ နှစ်ကနေ ၇၂ ကြားအရွယ်တွေဖြစ်ပါတယ်။ လက်ရှိချိန်ထိ လူ ၁၅၀ ကျော်ကို ကယ်တင်ပြီးဖြစ်ကြောင်း အာဏာပိုင်တွေကပြောပါတယ်။ မီးလောင်မှုကို အဆင့်သုံးသတ်မှတ်ခဲ့ပြီး အဆင့်ငါးကတော့ အပြင်းထန်ဆုံးဖြစ်ပါတယ်။ အထပ် ၃၈ ထပ်ရှိ ဟောင်ကောင်က ကမ္ဘာ့ကုန်သွယ်ရေးစင်တာဟာ Gloucester လမ်းမှာတည်ရှိပြီး မီးလောင်မှုကိုတော့ နေ့လယ်စာစားချိန်မှာ…
Read Moreပင်လည်ဘူးနယ်ကိုသွားတဲ့ကားတစီး လမ်းမှာမိုင်းနင်းမိလို့ လူ ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရ
ဒီဇင်ဘာ ၊ ၁၅ -၂၀၂၁ နှင်းဖြူဝေ (VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ၊ ဝန်ကြီးကျေးရွာအုပ်စု ၊ ၈ မိုင်ရပ်အနီး ဝန်းသို ပင်လည်ဘူးကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက ကား ၁ စီး မိုင်းနင်းမိပေါက်ကွဲလို့ ကားပေါ်ပါ ခရီးသည် လူ ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဝန်းသိုဆေးရုံအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မိုင်းနင်းမိတဲ့ကားက ပင်လည်ဘူးနယ်ဘက်ကို စပါးသွားဝယ်မယ့် ကားဖြစ်တယ် ၊ ဝန်းသိုမြို့စော်ဘွားကြီးရပ်က ကိုစိုးမိုးဝင်း ၊ ဒေါ်ဇာခြည် ၊ ဝန်းသိုမြို့နယ် အာမခံကျေးရွာ ကိုအောင်အောင် ၊ စောအောင်ဆန်း၊ ဦးစိုးသူရ တို့ ၅ ယောက် ပြင်းထန်ဒဏ်ရာရတယ် ၊…
Read Moreဇီးကုန်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရဲတဦး သေနတ်နဲ့ပစ်သတ်ခံရ
ဒီဇင်ဘာ ၁၅-၂၀၂၁ KK(VOM) ဇီးကုန်းမြို့နယ် ထန်းတပင်ကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၁၄ရက် ညပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇီးကုန်းမြို့နယ်၊ မှော်ရအုပ်စု၊ ထန်းတပင်ကျေးရွာမှာ မနေ့ည ၉နာရီခွဲက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တဦးတို့ကို အမည်မသိသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ မှော်ရကျေးရွာနေသူတဦးက ပြောပါတယ်။ “နေအိမ်မှာ လာပစ်တာ အုပ်ချုပ်ရေးမှူးက မျက်လုံးမှာဒဏ်ရာတွေနဲ့ သူနဲ့မလှမ်းမကမ်း ရွာလယ်လမ်းမှာလည်း ရဲတဦးသေနေတယ်”လို့ သူကပြောပါတယ်။ သေဆုံးသူဟာ ထန်းတပင်ကျေးရွာ၊ မှော်ရအုပ်ချုပ်ရေးမှူး ဦးတင်ငွေဆိုသူဖြစ်ပြီး ရဲတဦးကတော့ အမည်မသိဘူးလို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။ လက်တလောမှာ ထန်းတပင်ကျေးရွာ၊ မှော်ရကျေးရွာအုပ်စုအတွင်း စစ်တပ်နဲ့ရဲတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ရက် ညပိုင်းကလည်း…
Read Moreကွတ်ခိုင်မြို့နယ် ပြည့်သူ့ဆေးရုံအုပ် သေနတ်နဲ့ပစ်သတ်ခံရ
ဒီဇင်ဘာ ၁၅-၂၀၂၁ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဝင့်ဝင့်မြိုင်ဟာ မနေ့ ဒီဇင်ဘာ ၁၄ ရက် ည ၇ နာရီဝန်းကျင်ခန့်က သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့က တာမိုးညဲနဲ့ မုံးစီးဘက်ကို ကာကွယ်ဆေး သွားရောက်ထိုးနှံပေးခဲ့ရာကနေ ပြန်လာတဲ့လမ်း မော်ဟန်ရွာနဲ့ ကွတ်ခိုင်ကြား နောင်ချိုရွာနားမှာ ကားတားပြီး ပစ်သတ်ခံရတာဖြစ်တယ်လို့ သ်ိရပါတယ်။ “ကားပေါ်က ဆင်းခိုင်းတယ်။ ဒူးထောက်ခိုင်းပြီး ခေါင်းငုံ့ခိုင်းထားတယ်။ သူ့ကိုပဲ ပစ်သွားတာ ကျန်တဲ့ သူတွေကို မော်ဟန်ဘက် ကားရော လူရော ပြန်လှည့်ခိုင်းတယ်။” လို့ အမည်မဖော်လိုသူ ၁ ဦးက ပြောပါတယ်။ သေဆုံးသွားသူ ဒေါက်တာဝင့်ဝင့်မြိုင်အပါအဝင်…
Read Moreမြန်မာစစ်ဘက်ကို ဖိအားပေးဖို့ နောက်ထပ်နည်းလမ်းတွေရှာဖွေနေတယ်လို့ အမေရိကန်ပြော
ကွာလာလမ်ပူ၊ ဒီဇင်ဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM) မြန်မာစစ်ဘက်ကို ဖိအားပေးဖို့ နောက်ထပ်နည်းလမ်းတွေကို ရှာဖွေနေကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်ဘက်ကို ဖိအားပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ ရနိုင်သမျှနည်းလမ်းတွေကို ရှာဖွေနေတယ်လို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမျာ ဘလင်ကင်က ဆိုပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာလူနည်းစုအပေါ် မြန်မာနိုင်ငံရဲ့လုပ်ဆောင်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုလို့ တံဆိပ်ကပ် သတ်မှတ်သင့်လားဆိုတာကိုလည်း အမေရိကန်က တက်ကြွစာစောင့်ကြည့်နေတယ်လို့ သူကဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာတော့ မြန်မာစစ်ဘက်ရဲ့ ထိပ်တန်းတာ၀န်ရှိသူတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူနည်းစုအပေါ် စစ်ရာဇ၀တ်မှုကျူးလွန်မှုတွေအတွက် စုံးစမ်းစစ်ဆေးပြီး တရားစွဲသင့်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဟာ ၀င်ရောက်မစွက်ဖက်ရေးမူဝါဒကို ဆက်လက်ကိုင်စွဲထားပေမယ့် ဥပေက္ခာမပြုတဲ့ မူဝါဒကိုလည်း ကျင့်သုံးသင့်တယ်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေး၀န်ကြီး Saifuddin ကလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ Ref:…
Read Moreမြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်သစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီးကို ခန့်အပ်
ဖနွမ်းပင်၊ ဒီဇင်ဘာ-၁၅-၂၀၂၁ မျိုးဆက်(VOM) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်သစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး Prak Sokhonn ကိုခန့်အပ်လိုက်ကြောင်း ၀န်ကြီးချုပ်ဟွန်ဆန်က ဒီဇင်ဘာ ၁၅ ရက် ဒီနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌနေရာကို တာ၀န်ယူရမှာဖြစ်ပါတယ်။ ခန့်အပ်လိုက်တဲ့ အထူးသံတမန် Prak Sokhonn ဟာ အာဆီယံအဖွဲ့ရဲ့ လက်ရှိသံတမန်ဖြစ်တဲ့ ဘရူနိုင်းဒုတိယနိုင်ငံခြားရေး၀န်ကြီး Erywan Yusof နေရာကို ဆက်ခံသွားမှာဖြစ်ပါတယ်။ အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် နိုင်ငံခြားရေး၀န်ကြီး Prak Sokhonn ကိုခန့်အပ်ကြောင်းအတည်ပြုပြောကြားလိုတယ်လို့ ဖနွမ်းပင်မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ၀န်ကြီးချုပ်ဟွန်ဆန်က ပြောပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေအကြား ဧပြီလအတွင်းကရရှိခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဖို့နဲ့ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့စေဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့အတွက် အထူးသံတမန်ကို တာ၀န်ပေးထားပါတယ်။ ဒီအတောအတွင်းမှာ…
Read More