ဘုန်းကြီးမောင်းတဲ့ ကားနဲ့တိုက်မိလို့ ၁၂ နှစ်အရွယ် မိန်းကလေးသေဆုံး

ဒီဇင်ဘာ ၂-၂၀၂၁ GH ( VOM )   မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ဘုန်းကြီးမောင်းလာတဲ့ကားက စက်ဘီးစီးလာတဲ့ မိန်းကလေးကိုတိုက်မိပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပရဟိတအသင်းဆီကသိရပါတယ်။   ဒီနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ၁၂ နာရီခွဲကျော်ခန့်က သံဖြူဇရပ်မြို့ ၊ ကလိန်ပဒေါကျေးရွာ စာသင်ကျောင်းရှေ့မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ ကလေးငယ်က စက်ဘီးနဲ့ လမ်းကြားကနေအထွက် တဖက်လမ်းဘက်ကို လမ်းဖြတ်ကူးချိန် ဘုန်းကြီးကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ စက်ဘီးကိုတိုက်မိတာကြောင့် ဦးခေါင်းကြေဒဏ်ရာနဲ့သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။   ” ၁၂ နာရီ ၄၅ လောက်ကဖြစ်တာပေါ့။ကလေးမလေးက လမ်းကြားကနေ လမ်းဖြတ်ကူးတာ၊အဲ့ဒီနေရာက ကုန်းအစင်းလေးလည်းဖြစ်နေတယ်၊ အဲ့ဒီမှာ ဆရာတော်မောင်းလာတဲ့ကားနဲ့ တိုက်မိတာ၊ဆရာတော်ကားကတော့ လမ်းမှန်လာနေတာ။ ကလေးက လမ်းဖြတ်ကူးတော့ အရှိန်မထိန်းနိုင်တော့ တိုက်မိသွားတဲ့သဘောလို့သိရတယ်။ ဆရာတော်ကတော့ အစည်းအဝေးတစ်ခုတက်ဖို့လာတယ်လို့သိရတယ်။ ကျနော်တို့ရောက်တော့ ကလေးလေးက အသက်မရှိတော့ဘူး…

Read More

ကမ္ဘာ့လူဦးရေ ၂၇၄ သန်း လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီ လိုအပ်နေ

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၂-၂၀၂၁ မျိုးဆက်(VOM)   ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ လာမယ့် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့လူဦးရေ ၂၇၄ သန်းမဟာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေလိုအပ်လာမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။   အဲဒီအရေအတွက်ဟာ ယခုနှစ်ထက် ၁၇ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။   ကုလသမဂ္ဂနဲ့အစိုးရမဟုတ်သော အဖွဲ့အစည်းတွေက ပံ့ပိုးပေးတဲ့ အရေးပေါ်အကူအညီဆိုင်ရာ အစီရင်ခံစာမှာ အခုလို့ အကဲဖြတ်ခန့်မှန်းထားခြင်းဖြစ်ပြီး ကူညီမှုတွေထဲမှာ အစားအသောက်နဲ့ ကာကွယ်ဆေးတွေလည်း ပါ၀င်ပါတယ်။   ပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေတဲ့ ယီမင်၊ ဆီးရီးယားအပါအ၀င် နိုင်ငနဲ့ ဒေသပေါင်း ၆၃ ခုအတွက် အကူအညီအလိုအပ်ဆုံးသူတွေကို ထောက်ပံ့ဖို့ ဒေါ်လာ ၄၁ ဘီလီယံလိုအပ်ကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။  …

Read More

ပြည်ပ၀င်ရောက်စွက်ဖက်မှုမပါဘဲ မြန်မာ့အရေး ဖြေရှင်းသင့်တယ်လို့ ရုရှားသမ္မတ ပူတင်ပြော

မော်စကို၊ ဒီဇင်ဘာ-၂-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပြည်ပက၀င်ရောက်စွက်ဖက်မှုတွေမရှိဘဲ ဖြေရှင်းသင့်တယ်လို့ ရုရှားသမ္မတပူတင်က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ဒီဇင်ဘာ ၁ ရက်မှာပြုလုပ်တဲ့ ပြည်ပသံတမန်တွေကို လက်ခံတဲ့ အခမ်းအနားမှာ သမ္မတပူတင်က အခုလိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။   ပြည်တွင်း နိုင်ငံရေး၊ လူမျိုးရေးနဲ့ ဂိုဏ်းဂဏ အခြေအနေနဲ့ပတ်သက်တဲ့ပြသနာတွေကို ပြည်ပက၀င်ရောက်စွက်ဖက်ခြင်းမရှိဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံကိုယ်၌က ပြေလည်အောင်ဖြေရှင်းသင့်တယ်လို့ သူကဆိုပါတယ်။   မြန်မာနိုင်ငံနဲ့ ရုရှားတို့ဟာ ယခင်ကတည်းက ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြောင်း၊ ပူးတွဲအားထုတ်ခြင်းဖြင့် စီးပွားရေး၊ စစ်ရေး၊ နည်းပညာနှင့် ပညာရေးကဏ္ဍတွေမှာ အောင်မြင်တဲ့ အပြန်အလှန်ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း သမ္မတပူတင်က ပြောပါတယ်။   Ref: TASS Photo: Reuters #voiceofmyanmar #VOM #မော်စကို

Read More

မင်္ဂလာဒုံစက်မှုဇုန်ရှိ Yum Yum ခေါက်ဆွဲစက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့

ရန်ကုန်၊ဒီဇင်ဘာ ၂-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း စက်မှုဇုန် ၁၀လမ်းမှာရှိတဲ့ ရသာချိုစက်မှုလုပ်ငန်းလီမီတက်ပိုင် Yum Yumခေါက်ဆွဲစက်ရုံဟာ မနေ့ ဒီဇင်ဘာ ၁ရက် ည ၁၁နာရီအချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။   ဇေကမ္ဘာဝင်းအတွင်း နေထိုင်သူတဦးက “မီးကအရမ်းကများတယ် ၂နာရီလောက်မှ မီးငြိမ်းသွားတာ၊ ၁၁ခွဲက လောင်တာ ၁နာရီခွဲငြိမ်းတာတောင် မီးက မသေဘူး”လို့ ပြောပါတယ်။   မီးလောင်မှုကို Level-2အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ရာ မနက် ၁နာရီခွဲအချိန်မှာ မီးငြိမ်းနိူင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။   လက်ရှိအခြေအနေမှာ မီးလောင်တဲ့အကြောင်းအရင်းကို မီးသတ်ဦးစီးဌာနက စုံစမ်းနေပြီး ဆုံးရှုံးမှုတန်ဖိုးကိုတွက်ချက်နေတယ်လို့လည်း သူကပြောပါတယ်။   ” မီးလောင်တဲ့အကြောင်းအရင်းက စုံစမ်းနေတုန်းမသိရသေးဘူး ဆုံးရှုံးမှုတန်ဖိုးလည်း တွက်နေတုန်းပါ”လို့ သူကပြောပါတယ်။   ရသာချိုကုမ္မဏီဟာ မြန်မာနိူင်ငံမှာ ၁၉၉၆ ခုနှစ်က…

Read More

မန္တလေးမြို့မှာ CCTVတပ်ဆင်နေသူတွေ သေနတ်နဲ့ပစ်ခံရပြီး (၂)ဦးဒဏ်ရာရ

ဒီဇင်ဘာ ၂-၂၀၂၁ Voice Of Myanmar   မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ လမ်း၆၀နဲ့ ၁၀၇လမ်းထောင့်မှာ CCTVလိုက်တပ်နေတဲ့ ပုဂ္ဂလိကဝန်ထမ်းတွေ ဒီကနေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်ကနေသိရပါတယ်။   ” သူတို့က ပြင်ပကုမ္ပဏီကပါ စည်ပင်နဲ့ချိတ်ပြီး လမ်းဆုံးလမ်းခွတွေမှာ CCTVလိုက်တပ်တာပါ၊ တပ်နေတဲ့ ၅ဦးကို သေနတ်နဲ့လာပစ်တာ အဲ့ထဲက တဦးကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာရပါတယ်”လို့ သတင်းရင်းမြစ် တဦးကပြောပါတယ်။   CCTVလိုက်တပ်နေတဲ့ ဝန်ထမ်း(၅)ဦးခန့်ကို ဆိုင်ကယ်မောင်းလာသူ ၂ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အဲ့ဒီထဲက ဝန်ထမ်းအမျိုးသား(၂) ကျည်ဆန်မှန်ဒဏ်ရာတွေရရှိသွားပြီး တဦးကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။   ပစ်ခတ်ခံရတဲ့ ဝန်ထမ်းတွေဟာ ဘယ်ကုမ္ပဏီကဖြစ်တယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။   မန္တလေးမြို့မှာ ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ပစ်ခတ်မှု၊ ပေါက်ကွဲမှုတွေကြောင့် အုပ်ချုပ်ရေးမှူးနဲ့ ရဲ၊စစ်သား သေဆုံး၊ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပြီး…

Read More

NCGUB ယှဉ်ပြိုင်ခြင်းသည်အဓိက (သို့မဟုတ်) အဝေးရောက်အစိုးရ

ဒေါက်တာတင့်ဆွေ   လာမယ့် ဒီဇင်္ဘာ (၁၈) ရက်နေ့ဆိုရင် NCGUB ခေါ် စင်ပြိုင်အစိုးရကို ဖွဲ့စည်းခဲ့တဲ့ နှစ်ပတ်လည်နေ့ရောက်ပါမယ်။ လွန်ခဲ့တဲ့ ၁၉၉ဝ ဒီလိုရက်တွေမှာဆိုရင် လောလောလတ်လတ်အရွေးချယ်ခံထားကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စစ်အစိုးရထိန်းချုပ်ရာကနေ လွတ်မြောက်အောင် ခက်ခက်ခဲခဲ ထွက်ခွါနေကြရပါပြီ။ အများစုကတော့ ထိုင်းနယ်စပ်ဘက်ဆီနဲ့ ကျွန်တော်တို့ကတော့ အိန္ဒိယနယ်စပ်ဖက်ဆီ ထွက်ကြရတာပါ။   ၁၈-၁၂-၁၉၉ဝ နေ့ကစတင် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရကို ၁၄-၉-၂ဝ၁၂ နေ့ကစပြီး အစိုးရအဖွဲ့ကိုယ်တိုင်က ဖျက်သိမ်းလိုက်ပါပြီ။ အဝေးမရောက်ခင်က မြန်မာပြည်မြေပေါ်မှာ ထူထောင်လိုက်တာဖြစ်လို့ စင်ပြိုင်အစိုးရလို့ သုံးနှုံးပါတယ်။ နိုင်ငံတကာမှာလဲ Parallel government လို့ ခေါ်ကြတယ်။ တကယ်တော့ ၁၉၉ဝ ရွေးကောက်ပွဲအရ တရားဝင်အစိုးရ ထူထောင်ချင်ခဲ့တာပါ။   တခြားနိုင်ငံတွေကိုခရီးထွက်နေကြတဲ့ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေကို ထိုင်းနိုင်ငံက ဗီဇာပိတ်လိုက်ပြီးနောက် ဝါရှင်တန်-ဒီစီမှာ ရုံးဖွင့်လိုက်ပေမဲ့ အဝေးရောက်အစိုးရလို့ မသုံးခဲ့သေးပါ။…

Read More

မန္တလေးမှာ ၅၀၀ ကျပ်တန် တန်ဖိုးနည်း ထမင်းဆိုင် နှစ်ဆိုင်ဖွင့်တာမှာ တနာရီအတွင်းကုန်

မန္တလေး၊ ဒီဇင်ဘာ- ၂၀၂၁ ရှိုင်းအောင်(VOM)   အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေးပြေလည်အောင်ရည်ရွယ်ပြီး မန္တလေးမြို့မှာ ၅၀၀ ကျပ်တန် တန်ဖိုးနည်းထမင်းဆိုင် ဒီကနေ့မှာတင် နှစ်ဆိုင်ဖွင့်လှစ်ခဲ့တာမှာ အားပေးသူများလို့ တနာရီအတွင်း ကုန်သွားခဲ့ပါတယ်။   မဟာအောင်မြေမြို့နယ် ၃၇ A လမ်း ၆၀×၆၁ လမ်းကြား ပြည်ကြီးမျက်ရှင်ကားကြီးကွင်းတောင်ဘက်မှာရှိတဲ့ ရွှေဘုန်းလူငယ်ပရဟိတအသင်းသားတွေ စုပေါင်းပြီး တန်းဘိုးနည်း ထမင်းဆိုင်ဖွင့်လှစ်ခဲ့သလို လမ်း ၃၀ နဲ့ ၉၀ လမ်းထောင့်က မိဘမေတ္တာ မာလာဟင်းဆိုင်ကလည်း ၅၀၀ ကျပ်တန် တန်ဖိုးနည်းထမင်းဆိုင်ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။   ရွှေဘုန်းလူငယ်ပရဟိတအသင်းက မပွင့်မြတ်ဗိုလ်ကတော့”အခြေခံလူတန်းစားတွေက အခုချိန်မှာ အလုပ်လက်မဲ့တွေဖြစ်နေတဲ့အတွက် စားဝတ်နေရေးခက်ခဲတာကြောင့် ၅၀၀ ဆိုတဲ့ အတိုင်းအတာတစ်ခုဆိုတော့ လူတိုင်းစားသောက်နိုင်တဲ့ အခြေအနေရှိတဲ့အတွက်ကြောင့် ၅၀၀ တန်ထမင်းဆိုင်လေးကို ဖွင့်ဖြစ်တာဖြစ်ပါတယ် ဒီနေ့အတွက်ကို ပထမဦးဆုံး အစမ်းဖြစ်လို့ လူ ၃၀၀ စာစီစဥ်ထားပေမယ့် တစ်နာရီအတွင်းမှာကုန်သွားတာပါ…

Read More

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ သံတမန်ကိုယ်စားပြုမှု ခွင့်ပြုဖွယ်မရှိ

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၁-၂၀၂၁ မျိုးဆက်(VOM)   အဖွဲ့၀င် ၁၉၃ နိုင်ငံပါ၀င်တဲ့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံနဲ့ တာလီဘန်အဖွဲ့က ကိုယ်စားလှယ်တွေ ကိုယ်စားပြုမှုကို ဒီဇင်ဘာ ၁ မှာကျင်းပမယ့် ကုလသမဂ္ဂကော်မတီအစည်းအဝေး ခွင့်ပြုသွားဖွယ်မရှိဘူးလို့ သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။   မြန်မာနဲ့ တာလီဘန်အဖွဲ့တို့ဟာ သူတို့ရဲ့ အဆိုပြုထားတဲ့ သံတမန်တွေကို ကုလသမဂ္ဂမှာ အမည်စာရင်းတင်သွင်းထားသလို ဖြုတ်ချခံခဲ့ရတဲ့ အစိုးရတွေဘက်ကလည်း အပြိုင်တင်သွင်းမှုတွေကိုပြုလုပ်ထားပါတယ်။   ကုလသမဂ္ဂမှာ ဒီလိုလုပ်ဆောင်တာဟာ အစိုးရတရပ်အဖြစ် နိုင်ငံတကာအသိအမှတ်ပြုဖို့အတွက် နှစ်ဘက်စလုံးအတွက် အရေးပါတဲ့ ခြေလှမ်းတရပ်လည်းဖြစ်ပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှား၊ တရုတ်နဲ့ အမေရိကန်တို့အပါအ၀င် အဖွဲ့၀င်ကိုးဦးပါ၀င်တဲ့ အရည်အချင်းစစ်ကော်မတီဟာ ကုလသမဂ္ဂဌာနချုပ်မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။   ကော်မတီအနေနဲ့ မြန်မာနဲ့ အာဖဂန်နစ္စတန်တို့ရဲ့ သံတမန်ကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းနိုင်ဖွယ်ရှိကြောင်းအမည်မဖော်လိုတဲ့ သံတမန်သတင်းရင်းမြစ်လေးဦးက ရိုက်တာကိုပြောပါတယ်။   Ref: Reuters Photo:…

Read More

တမူးမှာ လစာငွေသယ်လာတဲ့ ရဲကား ၂ စီး သေနတ်နဲ့ပစ်ခံရ၊ ရဲ ၂ဦးနဲ့ အမျိုးသမီး ၁ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၁ -၂၀၂၁ နှင်းဖြူဝေ (VOM)   စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ်မြောက်ပိုင်း တမူး – စေတီသွားကားပေါ်မှာ မနေ့ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက တမူးကနေ လစာငွေထုတ်ယူပြီး မြို့သစ်ရဲစခန်းကို ပြန်လာတဲ့ ရဲကား ၂ စီး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ကားပေါ်ပါလာတဲ့ ရဲ ၂ဦး နဲ့ အမျိုးသမီး ၁ဦး ဒဏ်ရာရပြီး ကားပျက်စီးမှုတွေဖြစ်ခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။   တမူးခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က “အရပ်ကား ၂ စီးနဲ့ သွားတဲ့အချိန် CRV ကား အပစ်ခံရတာပါ ၊ အဲ့ဒီ ကားပေါ်မှာပါတဲ့ ယာဥ်မောင်း ရဲတပ်ကြပ်ရဲ့ခြေသလုံး နဲ့ နောက်ကျော လက်ပြင်နားမှာ ကျည်ဆံဖောက်ဝင်…

Read More

မြန်မာပြည်သူ ထက်၀က်နီးပါး ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ UNDP သတိပေး

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၁-၂၀၂၁ မျိုးဆက်(VOM)   မြန်မာပြည်သူ ထက်၀က်နီးပါးဟာ လာမယ့်နှစ်အစောပိုင်းကစပြီး ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (UNDP )က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။   မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ကပ်ရောဂါဖြစ်ပွားမှုတွေကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးကျဆင်းမှုဟာ ပြီးခဲ့တဲ့ငါးနှစ်ကထက် နှစ်ဆတိုးလာတယ်လို့ အစီရင်ခံစာကဆိုပါတယ်။   တနေ့၀င်ငွေ ၁၅၉၀ ကျပ်( သုည ဒသမ ၉၀ ဒေါ်လာ) သာ၀င်ငွေရရှိသူတွေကို ဆင်းရဲမွဲတေမှုလိုင်းအဖြစ် UNDP ကသတ်မှတ်ထားပြီး မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၁၇ ခုနှစ်က ၂၄ ဒသမ ၈ ရာခိုင်နှုန်းရှိ ရာကနေ လက်ရှိမှာတော့ ၄၆ ဒသမ ၃ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ သတိပေးထားပါတယ်။   မြို့ပြဒေသတွေရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၀၁၇ ခုနှစ်မှာ ၁၁…

Read More
VOM News

FREE
VIEW