၂၀၂၅ ခုနှစ်မှာ ထိုင်ဝမ်ကို တရုတ်ကအပြည့်အ၀ ကျူးကျော်လာနိုင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးပြော

တိုင်ပေ၊ အောက်တိုဘာ-၆-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ ထိုင်ဝမ်ကိုအပြည့်အ၀ကျူးကျော်လာနိုင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးက အောက်တိုဘာ ၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   တရုတ်နိုင်ငံဟာ ယခုလ ပထမလေးရက်ဆက်တိုက် ထိုင်ဝမ်လေပိုင်နက်ထဲကို စစ်လေယာဉ် ၁၅၀ နီးပါးထိ စေလွှတ်ခဲ့ပါတယ်။   ပြီးခဲ့တဲ့နှစ်ပေါင်း ၄၀ နောက်ပိုင်း ထိုင်ဝမ်ရေလက်ကြားအခြေအနေဟာ အလွန်ဆိုးရွားနေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး Chiu Kuo-cheng က ထိုင်ဝမ်ပါလီမန်မှာ အောက်တိုဘာ ၆ ရက်ကပြောပါတယ်။   တရုတ်နိုင်ငံဟာ သူ့ရဲ့တွက်ချက်ထားတဲ့အခြေအနေတခုအောက်မှာ ထိုင်ဝမ်ကိုကျူးကျော်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်သူတွေကလည်း သုံးသပ်ပြောဆိုထားပါတယ်။   ၂၀၂၅ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကုန်ကျစရိတ်နဲ့တန်ကြေးကို အနိမ့်ဆုံးအဆင့် လုပ်ဆောင်ပြီး ထိုင်ဝမ်ကို အပြည့်အ၀ကျူးကျော်ဖို့အသင့်ဖြစ်လိမ့်မယ်လို့ Chiu Kuo-cheng ကပြောပါတယ်။   တရုတ်နိုင်ငံရဲ့စစ်ရေးဖိအားတွေနဲ့ပတ်သက်ပြီး ထိုင်ဝမ်ဟာ သူ့ရဲ့လက်နက်တပ်ဆင်မှုတွေကို…

Read More

တောင်ဒဂုံ၊ ၂၄ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲပြီး ရာအိမ်မှူးတဦး ဒဏ်ရာရ

ရန်ကုန်၊အောက်တိုဘာ ၆-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၂၄ရပ်ကွက်၊ ကန်သာယာလမ်းနဲ့ဟေမဝန်လမ်းထောင့်က ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအနီးမှာ ဒီကနေ့မနက် ၇နာရီက ဗုံးပေါက်ကွဲခဲံပြီး ရာအိမ်မှူးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   ကန်သာယာလမ်းမှာနေထိုင်သူတဦးက “ရုံးဆိုင်းဘုတ်အောက်က အိတ်အမဲနဲ့ထုတ်ထားတဲ့ အထုတ်ကို မသင်္ကာလာလို့ဆိုပြီး တုတ်နဲ့ထိုးကြည့်ရင်း ဗုံးထပေါက်တာ၊ သေလား ရှင်လားတော့မသိဘူး၊ ရာအိမ်မှူးတဦးထိတယ်လို့ကြားတယ်၊ လူနာတင်ယာဥ်တွေလာတာတွေ့တယ်”လို့ ပြောပါတယ်။   ဒဏ်ရာရရှိသူဟာ ၂၄ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူး ဦးစောသန်းဆိုသူဖြစ်ပြီး စံပြဆေးရုံကို ပို့ဆောင်ထားတယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။   လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ ၂၄ရပ်ကွက် အုပ်ချုပ်ရေးမူးရုံးအနီး ကန်သာယာလမ်းနဲ့ဟေမဝန်လမ်းတွေမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   တောင်ဒဂုံမြို့နယ်၊ ၂၄ရပ်ကွက်မှာရှိတဲ့ UAB BANK စက်မှုဇုန်ဘဏ်ခွဲကို စက်တင်ဘာလ ၃ရက်နေ့ ညနေပိုင်းက ဓားပြတိုက်ဖို့ပြုလုပ်တဲ့သူတွေက တံခါးဖွင့်မပေးတဲ့ လုံခြုံရေးဝန်ထမ်းကို…

Read More

နေပြည်တော် ထွေ/အုပ် ဦးစီးအရာရှိတဦးရဲ့ဆိုင်ကယ်ပေါ်မှာ ဗုံးလို့ယူဆရတဲ့ အထုပ်(၁)ထုပ်တွေ့

နေပြည်တော်၊ အောက်တိုဘာ ၆-၂၀၂၁ KT(VOM)   နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ဉာဏသိဒ္ဓိရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာမှာနေတဲ့ ထွေ/အုပ်ဦးစီးအရာရှိတဦးရဲ့ ဆိုင်ကယ်ပေါ်မှာ ဗုံးလို့ယူဆရတဲ့ အထုပ်(၁)ထုပ်တွေ့တဲ့ဖြစ်စဉ် ဒီကနေ့ မနက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်။   110တရုတ်ဆိုင်ကယ်ရှေ့‌ဖောက်ကြားမှာ အိပ်အမဲကို တိတ်အနီးနဲ့ ပတ်ထားတဲ့ အထုပ်(၁)ထုပ်တွေ့တယ်ဆိုတာကို သက်ဆိုင်ရာဆီသတင်းပို့လို့ လာရောက်စစ်ဆေးရာမှာတော့ အမြင့် ၄ လက်မ၊အချင်း ၁ လက်မခွဲခန့်ရှိငါးသေတ္တာဗူးအတွင်း သဲများထည့်ပြီး ပလက်စတစ်အိပ်မဲနဲ့ထုပ်ကာ အဝတ်ကြိုးစအဖြူ၊တိပ်အနီးတို့နဲ့ ပတ်ထားသည်ကိုတွေ့ရှိရတယ်လို့လည်း ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။   မျက်မြင်တွေ့ရသူ တဦးကတော့”ဗုံးတုပါ..တိတ်နဲ့ပတ်ထားတဲ့အထုတ်လေးပါ၊ တာဝန်ရှိသူတွေ လာစစ်တော့ဗုံးတုလို့ပြောသံကြားရပါတယ်”လို့ VOM ကိုပြောပါတယ်။   မနေ့ အောက်တိုဘာ ၅ရက် မနက်ပိုင်းကလည်း နေပြည်တော် ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသ်ိဒ္ဓိရပ်ကွက်မှာလည်း လမမးဘေးရပ်ထားတဲ့ လ.ဝ.က ဝန်ထမ်းကြိုပို့ပို့ယာဉ် လက်လုပ်မိုင်းပစ်ခံရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။   #voiceofmyanmar #VOM #နေပြည်တော်

Read More

ဝမ်တိမ်မှာ အလုပ်သွားလုပ်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရုတ်ဘက်က ပြန်လွှတ်နေ

အောက်တိုဘာလ ၆-၂၀၂၁ Shy V(VOM)   မြန်မာ – တရုတ်နယ်စပ် ဝမ်တိန်မှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့ကစပြီး တရုတ်ဘက်က ပြန်လွှတ်နေပြီလို့ ဝမ်တိန်ရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။   “မနေ့က မထွက်ခိုင်းဘူး။ နှစ်နိုင်ငံလွှဲပြောင်း။ နန်းတော်ပေါက်က ပို့တာ။ တစ်ရက်ကို လူ ၂၀၀ လောက်ပို့မှာ။ ကနေ့ထွက်မှာ လူ ၂၀၀ တောင် မကဘူး။ ဆိုင်ကယ်တွေနဲ့ရောဆိုရင် ၃၀၀ ကျော်မယ်။ ပြန်ရမယ့်သူတွေက ၆၀၀ လောက်ရှိတယ်။ ၂ရက် ၃ ရက်လောက်ပို့ရမှာ။” လို့ ဝမ်တိန်မှာ နေထိုင်နေသူ မြန်မာနိုင်ငံသား ၁ ဦးက ပြောပါတယ်။   ပြန်လာမယ့် စာရင်းမှာ ပါဝင်နေသူ အမျိုးသား ၁ ဦးကလည်း “ပြန်ရပြီ။ ဘာမှ…

Read More

လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေ ဖမ်းတာကြောင့် လူနာတင်ယာဥ်တွေ ဟုမ္မလင်းမြို့ပေါ် မသွားရဲ

အောက်တိုဘာ ၊ ၆ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်ထဲကို လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်တွေ ဖမ်းမယ်လို့ မြို့နယ်ရဲတပ်ဖွဲ့က အမိန့်ထုတ် ကြေငြာပြီးနောက်ပိုင်း ကျေးရွာတွေက လူနာတင်ယာဥ်တွေဟာ အရေးကြီး လူနာတွေကို ဟုမ္မလင်းမြို့ပေါ်က ကုတင် ၁ ရာ ဆေးရုံဆီကို သွားရောက်ပို့ဆောင်ပေးတာတွေ မလုပ်ရဲတာကြောင့် လူမှုကူညီရေး လုပ်ငန်း တချို့ နားထားရတယ်လို့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။   ” ရွာတိုင်းမှာတော့ လူနာတင်ယာဥ်မရှိဘူး ၊ သုံး လေး ရွာပေါင်းပြီး လူနာတင်ယာဥ် ၁ စီး ၂ စီး ဝယ်ကြတာတော့ရှိတယ် ၊ ရွာတွေဆိုတော့ ငွေကြေးမတတ်နိုင်တာက များတော့ လိုင်စင်ကား မသုံးနိုင်ကြဘူး ၊ ခရီးရောက်ရင်ပြီးရောဆိုပြီး မြန်ကောင်း…

Read More

သီလဝါစစ်ဆေးရေးဂိတ် ပေါက်ကွဲမှု သေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိပြီး ဖမ်းဆီးခံရသူတွေရှိခဲ့သလို လိူင်မြို့နယ်မှာလည်း ဧည့်စာရင်းစစ်ရင်း ၁၀ ဦးဖမ်းခံရ

အောက်တိုဘာ ၆-၂၀၂၁ GH ( VOM )   ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က သီလဝါ အောက်လမ်းဆုံစစ်ဆေးရေးဂိတ်မှာ မနေ့က အောက်တိုဘာ ၅ ရက်နေ့က ဗုံးပေါက်ကွဲခဲ့ရာ သေဆုံးသူ နဲ့ ဒဏ်ရရာသူတွေရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။   အဲ့ဒီ ပေါက်ကွဲမှုအပြီးမှာ ပတ်ဝန်းကျင်မှာရှိနေတဲ့ လူငယ် ၂ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံကပြောပါတယ်။   ” မနက် ၉ နာရီလောင်မှာ ပေါက်ကွဲတာပေါ့။ ဖြစ်ပြီးသိရတာတော့ စစ်တပ်နဲ့ရဲဘက်က ၁ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရတယ်လို့ကြားတယ်။ အတိကျတော့ မသိနိုင်ပါဘူး။ဖြစ်ပြီးကတည်းက သန်လျင်တမြို့လုံး ပိတ်ဆို့စစ်ဆေးနေတာ။ နောက်ပြီး ညနေလည်းဗုံးထပ်ပေါက်သေးတယ်။ သီလဝါကို ကာချုပ်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် ခုလိုလုပ်တာဖြစ်မယ်၊ TLPDF ကလုပ်တာလို့တော့သတင်းတွေ့တယ်၊ အဝေးထိမ်းမိုင်းနဲ့ခွဲတာလို့ ကြားတယ်၊ ” လို့…

Read More

န်မာ-တရုတ်နယ်စပ်ဂိတ်မှာ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေကလွဲပြီး ကျန်ပစ္စည်းတင်သွင်းခွင့်မပြုတော့

မြ အောက်တိုဘာ ၆၊ ၂၀၂၁ Shy V (VOM)   မြန်မာ – တရုတ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဂိတ်ပေါက်ကို ဒီကနေ့ အောက်တိုဘာ ၆ ရက်နေ့ကစတင်ကာ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းတွေကလွဲပြီး အခြားကုန်ပစ္စည်းတွေကို တင်သွင်းခွင့်မပြုတော့ကြောင်း မနေ့အောက်တိုဘာ ၄ ရက်နေ့က ကုန်သွယ်ရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။   “မြန်မာပြည်နဲ့ တရုတ်ပြည်ကုန်သွယ်ရေးမှာ ဒီတစ်ပေါက်ပဲ ကျန်တာကို ထပ်ပိတ်လိုက်တဲ့အတွက်ကြောင့် တရုတ်နဲ့ မြန်မာနဲ့ ကုန်သွယ်ရေးကတော့ လုံးဝ ပြတ်တောက်သွားတဲ့ အနေအထားမှာ ရှိပါတယ်။ အစည်းဝေးခေါ်ပြီးနောက် ၆ ရက်နေ့ကစပြီး ကျန်းမာရေးပစ္စည်းကလွဲပြီး ကျန်တဲ့ပစ္စည်း တင်ဆောင်ခွင့် မရှိတော့ဘူး ဆိုပြီးတော့ စာထွက်လာပါတယ်ဗျ” လို့ ကုန်သည်တဦးက ပြောပါတယ်။   လက်ရှိ တရုတ်နိုင်ငံဘက် ကုန်တင်ပို့မယ့် မြန်မာကုန်တွေ ဖြစ်တဲ့ ဆန်၊ စပါး၊ ပဲ၊ ပြောင်းတွေ…

Read More

NUG နဲ့တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

ကွာလာလမ်ပူ၊ အောက်တိုဘာ-၆-၂၀၂၂၁ မျိးဆက် (VOM)   မြန်မာ့နိုင်ငံရေးအကြပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် မြန်မာအာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် မလေးရှားနိုင်ငံအနေနဲ့ NUG နဲ့တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ မလေးရှာနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   မလေးရှားနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့မတိုင်မီ NUG နဲ့ တွေ့ဆုံဆွေးနွေးရန်ဆန္ဒရှိမရှိ အောက်တိုဘာ ၆ ရက်က လွှတ်တော်မှာ မေးမြန်းမှုနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားရာမှာ အခုလိုက်ပြောဆိုလိုက်တာဖြစ်ပါတယ်။   အဲဒီဘုံသဘောတူညီချက်တွေကို မြန်မာအာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိသေးဘူးလို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်ကပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Saifuddin Abdullah ကပြောဆိုခဲ့ပါတယ်။   ပြီးခဲ့တဲ့အတိတ်ကာလမှာ မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်မလာခင်ကတည်းက မြန်မာနိုင်ငံအပေါ် မလေးရှားနိုင်ငံက အပြုသဘောဆောင် ထိတွေ့ဆက်ဆံခဲ့တယ်လို့ သူကဆိုပါတယ်။   မြန်မာအာဏာပိုင်တွေအနေနဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ တိုးတက်ဖြစ်ထွန်းမှုမရှိဘူးဆိုရင် အောက်တိုဘာ ၂၆ ရက်ကနေ…

Read More

စက်သုံးဆီဈေးမြင့်တက်လာမှုက နမ်တောဒေသက လုပ်ငန်းတွေကိုလည်း ထိခိုက်လာ

အောက်တိုဘာ ၆-၂၀၂၁ ထွန်းတောက်(VOM) စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာမှုဟာ မြန်မာနိုင်ငံအနှံ့အပြားက စက်သုံးဆီအသုံးပြုပြီးလုပ်ကိုင်နေကြရတဲ့ လုပ်ငန်းတော်တော်များများကို ထိခိုက်လာနေတာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ဟုမ္မလင်းမြို့နယ် ၊နမ်တောဒေသက ရွှေမျောလုပ်ငန်းတွေလည်း အပါအဝင်ဖြစ်ပြီး အဲ့ဒီရွှေမျောလုပ်ငန်းတွေဟာ အလုပ်သမားအများအပြားနဲ့ စက်သုံးဆီကိုအသုံးပြုပြီး အင်ဂျင်တွေနဲ့လည်ပတ်လုပ်ကိုင်ကြရတာလည်းဖြစ်ပါတယ်၊ အခုလိုလုပ်ကိုင်ကြတဲ့နေရာမှာ အဆမတန်မြင့်တက်လာတဲ့ စက်သုံးဆီဈေးနှုန်းကြောင့် လုပ်ငန်းတွေရပ်နားထားရတယ်လို့ ရွှေမျောလုပ်ငန်းရှင်တဦးကပြောပါတယ်။ အဲ့ဒီလို ရွှေမျောလုပ်ငန်းတွေ ရပ်နားလိုက်တဲ့အတွက် ရွှေမျောလုပ်သားတွေလည်း အလုပ်လက်မဲ့ဖြစ်ပြီး သူတို့ကိုအမှီပြုရောင်းချနေတဲ့ နမ်တောဈေးအတွင်းက ဈေးသည်တွေမှာလည်း အရောင်းအဝယ်တွေနည်းပါးလာတယ်လို့ ပြောဆိုနေကြပါတယ်။ ဒါ့အပြင် စားသောက်ကုန်ဈေးနှုန်းတွေလည်းမြင့်တက်နေပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနဲ့ စက်သုံးဆီဈေးမြင့်တက်လာမှုကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုလည်း လျော့နည်းလာတယ်လို့ သိရပါတယ်။ နမ်တောဒေသမှာ လျှပ်စစ်မီးမရရှိသေးတာကြောင့် ပုဂ္ဂလိကမီးကို အချိန်အကန့်အသတ်နဲ့ သုံးစွဲနေကြရတာလည်းဖြစ်ပါတယ်။ အရင်က တလကို (၂၅၀၀၀) နှုန်းနဲ့ တရက်ကို (၂) ကြိမ်မီးသုံးစွဲနေရပြီး လက်ရှိမှာ စက်သုံးဈေးမြင့်တက်လာတဲ့အတွက် တရက်ကိုတကြိမ်သာ မီးသုံးစွဲခွင့်ရတော့တယ်လို့လည်း ဒေသခံတဦးကပြောပါတယ်။ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် အဖက်ဖက်က…

Read More

ထီးချိုင့်နယ်ထဲမှာ နယ်မြေရဲကင်းစခန်းတွေ နှစ်ညဆက်တိုက် မီးရှို့ခံရ

အောက်တိုဘာ ၅ -၂၀၂၁ ရွှေဘုန်းမြတ်စံ ( VOM)   စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲမှာရှိတဲ့ နယ်မြေရဲကင်းစခန်းနဲ့ လှုပ်ရှားရဲကင်းစခန်းကို အခုလ အောက်တိုဘာ ၃ ရက် နဲ့ ၄ ရက်နေ့ ညပိုင်းတွေမှာ နှစ်ည ဆက်တိုက် မီးရှို့ခံရတယ်လို့ ထီးချိုင့်မြို့ခံတွေက ပြောပါတယ်။   ” ၃ ရက်ညက အလယ်တော နယ်မြေရဲကင်းစခန်း မီးရှို့ခံရတယ် ၊ မနေ့ညကတော့ ကမ်းနီ လှုပ်ရှားရဲကင်းစခန်း ထပ်ပြီး မီးရှို့ခံရတာ “လို့ ဒေသခံတယောက်က ပြောပါတယ်။   အလယ်တော နယ်မြေရဲကင်းစခန်း မီးရှို့ခံရတာနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာ အရန်မီးသတ်တွေရဲ့ မှတ်တမ်းအရ အချုပ်ခန်းနဲ့တွဲထားတဲ့ စခန်းရုံး ၁ခု ၊ လူပျိုဆောင် ဘားတိုက် အဆောက်အဦး ၁ လုံး ၊ ၂…

Read More
VOM News

FREE
VIEW