ပြုံးယမ်း၊ အောက်တိုဘာ-၁-၂၀၂၁ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ လေယာဉ်ပစ်ဒုံးပျံသစ်တစ်မျိုးကို စက်တင်ဘာ ၃၀ ရက်မှာ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပြီး ဒါဟာတလအတွင်း စတုတ္ထအကြိမ်မြောက် လက်နက် စမ်းသပ်မှုလည်းဖြစ်ပါတယ်။ နျူကလီးယားသယ်ဆောင်ပစ်ခတ်နိုင်တယ်လို့ ယူဆရတဲ့ အသံထက်မြန်တဲ့ ဒုံးပျံသစ်တစ်မျိုးစမ်းသပ်ပြီးနောက် ရက်အနည်းငယ်အကြာမှာ အခုလို လေယာဉ်ပစ်ဒုံးပျံသစ်ကို မြောက်ကိုရီးယားက စမ်းသပ်လိုက်တာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုတွေဟာ မတည်ငြိမ်မှုတွေနဲ့ မလုံခြုံမှုတွေဖြစ်ပေါ်စေဖို့ အလားအလာပိုများနေတယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ဆိုပါတယ်။ အဲဒီလက်နက်သစ်တွေဟာ ကိုယ်ပိုင်ကာကွယ်ရေးအတွက် လိုအပ်တယ်လို့ မြောက်ကိုရီးယားက ထုတ်ဖော်ပြောဆိုထားပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မူဝါဒစံနှုန်းနှစ်ခုထားရှိနေတယ်လို့ စွပ်စွဲထားပါတယ်။ မြောက်ကိုရီးယားရဲ့ နောက်ဆုံးလက်နက်စမ်းသပ်မှုဟာ တင်းကြပ်တဲ့ အရေးယူပိတ်ဆို့မှုတွေရှိနေပေမယ့်လည်း သူ့ရဲ့ လက်နက်ထုတ်လုပ်မှုကိုလျှော့ချဖို့ ရည်ရွယ်ချက်မရှိဘူဆိုတာ သိသာထင်ရှားလက္ခဏာတစ်ရပ်လို့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။ Ref:…
Read MoreYear: 2021
စားအုန်းဆီစျေး ၅၅၀၀ ကျပ်အထိမြင့်တက်လာလို့ စားသုံးသူနဲ့လုပ်ငန်းရှင်တွေပါ အခက်အခဲဖြစ်
အောက်တိုဘာ ၁-၂၀၂၁ GH (VOM ) ပြည်တွင်းမှာ စားသုံးဆီ စျေးနူန်းမြင့်တက်လာပြီး အနိမ့်ဆုံးရောနှောဆီလို့ခေါ်တဲ့ စားအုန်းဆီ တပိဿာကို ၅၅၀၀ ကျပ်အထိ မြင့်တက်လာနေတယ်လို့ စားသုံးသူတွေဆီက သိရပါတယ် ။ စားအုန်းဆီ တစ်ပိဿာကို ၁၈၀၀ ကျပ်၊ အများဆုံး ၂၅၀၀ ကျပ်သာရှိနေရာကနေ လက်ရှိမှာတော့ တစ်ပိဿာ ၅၅၀၀ ကျပ်အထိ မြင့်တက်လာတာဖြစ်လို့ စားသုံးသူတွေအတွက် အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။ သုံးစွဲသူတဦးက” ၅၅၀၀ ဆိုတာ ကုန်စုံဆိုင်မှာပေါ့။ အရင်က ၂၅၀၀ ပဲရှိတယ်၊ အရင် ဆီ ၄ ပိဿာရတာက ခု ၂ ပိဿာပဲရတော့တယ်။ ပစ္စည်းတွေစုဝယ်ထားဖို့ဆိုတာလည်း ပိုက်ဆံရှိမှဖြစ်တာလေ၊တနေ့လုပ်တနေ့စားကို ဘာနဲ့စုရမလဲ။ အခုဆို နိုင်ငံရေးကမကောင်းတော့ ပိုဆိုးသွားတယ်။ လုပ်ခ လစာကလည်း မတက်ဘူး၊ကုန်စျေးနူန်းသာတက်တက်လာတာ၊ စားရတယ်ဆိုရုံပဲရှိတော့တယ် ”…
Read Moreဂျပန်တော်၀င်မင်းသမီး တော်၀င်အဆင့်အတန်းကိုစွန့်ပြီး အရပ်သားနဲ့လက်ထပ်တော့မယ်
တိုကျို၊ အောက်တိုဘာ-၁-၂၀၂၁ မျိုးဆက် (VOM) ဂျပန်တော်၀င်မင်းသမီး မာကိုဟာ နှစ်ပေါင်းများစွာအငြင်းပွားမှုတွေပြီးနောက် သူ့ရဲ့တော်၀င်အဆင့်အတန်းကို စွန့်လွှတ်ပြီး အတန်းဖော်ဟောင်း သာမန်အရပ်သားတစ်ဦးနဲ့ ယခုလမှာ လက်ထပ်တော့မှာဖြစ်ပါတယ်။ အဲဒီလက်ထပ်ပွဲကို အောက်တိုဘာ ၂၆ ရက်မှာပြုလုပ်ဖို့စီစဉ်ထားတယ်လို့ တော်၀င်အိမ်တော်က ထုတ်ပြန်ပါတယ်။ သူတို့စုံတွဲဟာ ၂၀၁၈ ခုနှစ်မှာ လက်ထပ်ဖို့ စီစဉ်ထားပေမယ့်လည်း မစ္စတာကိုမူရိုရဲ့ မိသားစုမှာ ငွေရေးကြေးရေးပြသနာနဲ့ရင်ဆိုင်ခဲ့ရကြောင်း သတင်းများထွက်ပေါ်ပြီးနောက် ဖျက်သိမ်းခဲ့ပါတယ်။ သူတို့စုံတွဲဟာ လက်ထပ်ပြီးနောက် မစ္စတာကိုမူရိုရှေ့နေအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အမေရိကန်ကို ပြောင်းရွှေ့နေထိုင်ဖွယ်ရှိပါတယ်။ ဂျပန်ဥပဒေအရ ဧကရာဇ်မိသားစုမှ အမျိုးသမီးတစ်ဦးဟာ သာမန်အရပ်သားတစ်ဦှးနဲ့ လက်ထပ်မယ်ဆိုရင်သူ့ရဲ့ တော်၀င်အဆင့်အတန်းကို လက်လွှတ်ဆုံးရှုံးရမှာဖြစ်ပါတယ်။ မင်းသမီးမာကိုနဲ့ မစ္စတာကိုမူရိုတို့ဟာ တိုကျိုရှိနိုင်ငံတကာခရစ်ယာန်တက္ကသိုလ်မှာ ပညာသင်ကြားရင်းတွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ စေ့စပ်ကြောင်း ကြေညာခဲ့ပါတယ်။ Ref : BBC Photo: Getty…
Read Moreပြည်တွင်းရေး၀င်စွက်တယ်ဆိုကာ ကုလထိပ်တန်းအရာရှိ ခုနှစ်ဦးကို အီသီယိုပီးယားနှင်ထုတ်
အာဒစ်အာဘာဘာ၊ နို၀င်ဘာ-၁-၂၀၂၁ မျိုးဆက် (VOM) အီသီယိုပီးယားအစိုးရရဲ့ ပိတ်ဆို့မှုကြောင့် တိုက်ဂရေးဒေသရှိ လူထောင်ပေါင်းများစွာ အငတ်ဘေးဆိုက်နေတယ်လို့ ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲက သတိပေးပြီးနောက် နှစ်ရက်အကြာမှာ ပြည်တွင်းရေးကို၀င်ရောက်စွက်ဖက်တယ်ဆိုပြီး ကုလသမဂ္ဂထိပ်တန်းအရာရှိ ခုနှစ်ဦးကို နိုင်ငံတွင်မှ နှင်ထုတ်လိုက်တယ်လို့ အီသီယိုပီးယားနိုင်ငံခြားရေး၀န်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ တိုက်ဂရေးဒေသအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ဝေဖန်မှုတွေလည်း မြင့်တက်နေပြီး အီသီယိုပီးယားမြောက်ပိုင်းမှာ တိုက်ခိုက်နေတဲ့ အဖွဲ့အားလုံးဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ကုလသမဂ္ဂထိပ်တန်းတာ၀န်ရှိသူတွေကို နှင်ထုတ်လိုက်တဲ့အပေါ် အမေရိကန်ကပြစ်တင်ရှုတ်ချကြောင်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးမှုတွေကို အနှောက်အယှက်ပေးသူတွေကို အရေးယူဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျန်စပါကီက ပြောပါတယ်။ အီသီယိုပီးယား နိုင်ငံခြားရေး၀န်ကြီးဌာနကတော့ ကုလသမဂ္ဂ၀န်ထမ်းတွေဟာ ပြည်တွင်ရေးကို ၀င်ရောက်စွက်ဖက်တယ်လို့ စွပ်စွဲထားပြီး အဲဒီခုနှစ်ယောက်ကို နိုင်ငံတွင်းက ၇၂ နာရီအတွင်း ထွက်သွားဖို့ ညွှန်ကြားထားတယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လွန်စွာအံ့အာသင့်တယ်လို့…
Read Moreနွားရောင်းပြန်လာတဲ့ လူ ၂ ယောက်ကို ဓားပြတိုက်တဲ့အဖွဲ့ ရွာကဝိုင်းဖမ်းပြီး ရဲလက်အပ်
အောက်တိုဘာ ၊၁၊၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ပြိန်းရွာက ရွာသားတွေဟာ ဓားပြတိုက်တဲ့ လူ ၆ ယောက်ကို ဝိုင်းဖမ်းပြီး မနေ့ စက်တင်ဘာ ၃၀ နေ့ခင်းပိုင်းက ရဲလက်အပ်ပေးလိုက်တယ်လို့ ကွတ်ခိုင်နယ်ခံတွေက ပြောပါတယ်။ ” ရွာက တောင်သူ ၂ ယောက် နွားရောင်းပြန်လာတာကို လမ်းကနေ ဖြတ်ပြီး ဓားပြတိုက်လို့ အတိုက်ခံရတဲ့သူက ရွာကို ဖုန်းဆက်ပြောတယ် ၊ အဲ့ဒါကြောင့် ငါတို့ရွာက အဲ့ဒီ ဓားပြကောင် လူ ၆ ယောက်ကို ဝိုင်းဖမ်းလိုက်တာ ” လို့ မန်ပြိန်းရွာခံ တစ်ယောက်က ပြောပါတယ်။ စက်တင်ဘာ ၂၉ ည ၇ နာရီဝန်းကျင်က ကွတ်ခိုင်မြို့ကနေ နွားရောင်းပြီးပြန်လာတဲ့ မန်ပြိန်းရွာခံ တောင်သူ ၂ ယောက်ဟာ…
Read Moreအုပ်ချုပ်ရေးမှူးလင်မယားအပါအဝင် လင်မယားစုံတွဲ ၂ တွဲသေနတ်ပစ်ခံရပြီး ၃ ယောက်သေ၊ တယောက်ဒဏ်ရာရ
အောက်တိုဘာ ၁-၂၀၂၁ GH (VOM ) ညောင်ဦးခရိုင်နဲ့ မြင်းခြံခရိုင်ထဲက အုပ်ချုပ်ရေးလင်မယားအပါအဝင် လင်မယားစုံတွဲ ၂ တွဲ သေနတ်နဲ့ပစ်ခံရပြီး ၃ ယောက်သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့မနက်စောပိုင်းက ညောင်ဦးမြို့နယ်၊ မြေသန့်တောင်ကျေးရွာက သိန်းဇော်မင်းနဲ့မယဉ်ယဉ်တို့လင်မယားကို သေနတ်နဲ့ပစ်ခတ်ခဲ့ရာ ဇနီးဖြစ်သူမယဉ်ယဉ်အေးသေဆုံးခဲ့ပြီး ယောက်ျားဖြစ်သူလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ” ဒီနေ့ မနက်စော ၇ နာရီလောက်က ပစ်ခံရတာ။ ဆိုင်ကယ်စီးနေရင်းပစ်ခံရတာလို့သိရတယ်။မိန်းမကတော့သေပြီ၊ယောက်ျားလည်းဒဏ်ရာရတယ်ကြားတယ်။သူ့မိန်းက ဒလန်လို့နာမည်ထွက်နေတာ။သူ့ယောင်္ကျားရောအတူတူပဲ။ အခုတော့ စစ်ဆေးရေးတွေ အရမ်းကိုလုပ်နေပြီ၊ နေရာတိုင်းမှာရှိတယ်”လို့ ညောင်ဦးဒေသခံတဦးကပြောပါတယ်။ မနေ့ စက်တင်ဘာ ၃၀ရက်နေ့ကလည်း မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ စံဦးရွာက ရပ်ကျေးအုပ်ချုပ်ရေးမှူဖြစ်တဲ့ ဦးကျော်စန်းနဲ့မိန်းမဖြစ်သူ ဒေါ်ယဉ်ဌေးတို့လင်မယား(၂)ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ညောင်ဦးက…
Read Moreကျွန်းလှမြို့ပေါ်မှာ ပေါက်ကွဲမှုဖြစ် ၊ ဗိုလ်မှူး ၁ ယောက်အပါအဝင် လူ ၂ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ
အောက်တိုဘာ ၁ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ ( VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ မြို့နယ် စုပေါင်းအနီးက လက်ဘက်ရည်ဆိုင်ထဲကို ဒီမနက် ၇ နာရီ ဝန်းကျင်က ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ပေါက်ကွဲခဲ့တဲ့အတွက် တပ်မတော် အရာရှိ ၁ ဦး အပါအဝင် အရပ်သား အငြိမ်းစား ဝန်ထမ်းတချို့ သေဆုံးခဲ့တယ်လို့ ကျွန်းလှမြို့ခံတွေက ပြောပါတယ်။ ” ဖြစ်တာက စုပေါင်းနားက ရွှေနိုင် လက်ဘက်ရည်ဆိုင်ထဲမှာပါ ပြောက်ကျားဝတ် လူ ၄ ယောက် ၅ ယောက် ရောက်လာပြီး သေနတ်နဲ့ အရင်ပစ်တယ် ၊ သေနတ်နဲ့ ပစ်နေတဲ့အချိန်မှာ တယောက်က ဗုံးနဲ့ ပစ်သွင်းလိုက်တော့ ပေါက်ကွဲသွားတာ ” လို့ မြို့နယ်စုပေါင်းရုံးနဲ့ နီးစပ်သူ တစ်ယောက်က…
Read Moreနားခံတွင်းပေါက် ချုပ်ခနဲရောက်တဲ့အောင်
———————————————— ဆူးငှက် အခုတလော ဘယ်သူ၊ ဘယ်မှာ၊ ဘယ်အချိန်၊ ဘာဖြစ်၊ ဘယ်လိုဖြစ်၊ ဘာကြောင့်ဖြစ်ဆိုတဲ့ ” ခြောက်လုံးနဲ့ပြည့်စုံသော ” သတင်းတွေ ငတ်နေသည်။ အဖွဲ့အနွဲ့တွေ အကွန့်အညွန့်တွေ အပိုအဆာတွေ၊ သို့မဟုတ် မတိမကျ မပြည့်မစုံတွေ ဖတ်ရလျှင် ချက်ချင်း သိချင်စိတ်လောဘကြောင့် အူယားသည်။ နားခံတွင်းပေါက် ဒုတ်ဒုတ်ထိရောက်အောင် ကျစ်လျစ်ခိုင်မာသော သတင်းတွေ ငတ်မွတ်သည်။ တကယ်တော့ ကနဦးမြန်မာသတင်းစာ အရေးအသားဆိုတာကလည်း ရှေးစာဆိုတို့၏ စာဟောင်း စာကောင်းများမှ “သတင်းပေးရေးဖွဲ့မှုပုံစံ” များအပေါ် အတုယူဖြစ်ထွန်းခဲ့သည်မဟုတ်ပါလား ….။ ဦးတိုး၏ ရာမရကန်တွင် မယ်သီတာချောသမျှ လှသမျှ အဆင့်ဆင့်သတင်းလွှင့်တာနှင့်ပတ်သက်၍ …. ” ချောရိုးမှန်လှပေ့ဟု၊ ခရေစေ့တွင်းကျ ခေါင်းခေါက်လို့ပြသည့်နှယ်၊ မြင်ရသူတွေ့ရသသူ လူပျိုချင်းဆင့် သတင်းလွှင့်၍လွင်သလို အိုအိုပျိုပျိုမင်းဆိုသမျှ၊ နားခံတွင်းပေါက် ချုပ်ခနဲရောက်တဲ့အောင်၊ ပေါက်ခနဲအလိပ် ဆုပ်၍သိပ်သည့်နှယ်၊ ညိုရိပ်ကယ်သတင်း သျှိုတစ်ကွင်းကိုသည်နှယ်လှ၊ သည်နှယ်နု…
Read Moreစက်သုံးဆီ ပြတ်လပ်မှုမရှိနိုင်ပေမယ့် ချွေတာဖို့လိုတယ်လို့ ပညာရှင်တွေ သုံးသပ်
စက်တင်ဘာ ၃၀-၂၀၂၁ GH ( VOM ) ပြည်တွင်းရဲ့ စက်သုံးဆီစျေးကွက်ဟာ ဒီနေ့ စက်တင်ဘာလ ၃၀ရက်မှာဆိုရင် 92 တစ်လီတာကို ၂၀၀၀ ကျပ်အထိ ရှိလာပြီး 95?တစ်လီတာကို ၂၀၀၀ ကျော်အထိ ဆိုင်တွေက ရောင်းချလာတာကို တွေ့ရပါတယ်။ စက်သုံးဆီ ဆိုင်တချို့ ယာယီပိတ်မယ်၊ စက်သုံးဆီပြတ်လတ်နိုင်မယ် ဆိုတဲ့ သတင်းတွေကြောင့် မနေ့က ညနေကစပြီး ဆီဆိုင်တွေမှာ ဆီဖြည့်ဖို့ အလုအယက် စောင့်ဆိုင်းဝယ်ယူမှုတွေ ပြုလုပ်ပြီးနောက် ဆီအရောင်း ဆိုင်တွေက စျေးနူန်းမြင့်ရောင်းချလာကြတာဖြစ်တယ်လို့ သုံးစွဲသူတွေကဆိုကြပါတယ်။ ” ကျနော်တို့ဘက်မှာ မနေ့က ထဲက ၉၂ က ၂၀၀၀ ဖြစ်နေတယ်။ ဆိုင်တွေကတော့ ရောင်းတာမတူဘူးပေါ့။ တချို့ဆိုင်ကလည်း ၁၈၅၀ ရောင်းတယ်။ ၁၈၀၀ လည်းရောင်းတယ်။ ခွဲတမ်းနဲ့ရောင်းတာစျေးလျော့ တယ်ဆိုလို့မေးတော့ မရပါဘူးဗျာ၊…
Read Moreဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနာရဲ့ဒီကနေ့ရုံးချိန်းမှာ ရှေ့နေအချို့ဝင်ခွင့်ကန့်သတ်ခံရ
နေပြည်တော်၊ စက်တင်ဘာ ၃၀-၂၀၂၁ KT(VOM) ဖမ်းဆီးခံထားရတဲ့ ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနာရဲ့ အမှုကို ဒီကနေ့ မနက်ပိုင်းက ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ စစ်ဆေးတဲ့ အခြေအနေကို တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ပြောပြတာက ” ရှောင်တာနယ်နဲ့ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပေါ့နော်။ပထမဆုံး ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး မြို့နယ်မှူးက တာဝန်ပြောင်းသွားတယ်လို့ပြောပါတယ်။ စခန်းမှူးဦးသိန်းဌေးက မြို့နယ်စခန်းမှူးကနေ မနေ့ကတည်းကပြောထားလို့ပေါ့၊ကျွန်တော်တို့ဒီနေ့ညှိနှိုင်းမယ့်ရှေ့နေစာရင်းယူတယ်ပေါ့ဗျာ။ စာရင်းယူပြီး ၈နာရီမှာ သူ့ဆီသွားတယ်ပေါ့။ သွားတဲ့အခါကျတော့ ပထမဆုံးရုံးချိန်းဖြစ်တဲ့အတွက်ကြောင့် လူကလည်းများတယ်ပေါ့၊အဲ့တော့ အားလုံးရှေ့နေတွေက (၁၀)ယောက်ကျော်တာပေါ့ဗျာ။အဲ့တော့ကားမောင်းတဲ့သူတွေနဲ့ပါဆိုရင် ၁၅ယောက်လောက်ရှိတယ်ဗျ။ အဲ့ဒါကို သူတို့ပြောတာက အခက်အခဲရှိတယ်ပေါ့၊အရေးပါတဲ့သူတွေပဲ ဟိုဟာလုပ်ပေးပါပေါ့၊ဒီကနေ့ကတော့ စစ်မှာလည်းမဟုတ်ဘူးပေါ့လို့ ပြောတဲ့အခါကျတော့ ကျနော်တို့က ပါဝါတင်ထားတဲ့သူတွေဖြစ်တယ်၊ ပါဝါတင်ထားတဲ့ရှေ့နေတွေကလည်း အကုန်သွားဖို့၊အမှုသည်ကလည်း တာဝန်ပေးထားပြီဆိုတော့ အမှုသည်နဲ့တွေ့ဖို့၊သူ့အတွက်ဆောင်ရွက်ဖို့ အကုန်လုံးအတွက်လိုတယ်ပေါ့ဗျာ၊ကျွန်တော်တို့ဆွေးနွေးကြပါတယ်၊ ဒါပေမယ့် သူကလည်း အထက်ကိုလှမ်းလှမ်းပြောနေပြီးတော့ အခါကျတော့ အထက်ကလည်းဟိုဟာဖြစ်စေချင်တော့ကျွန်တော့်တို့ဘက်က လျှော့ပေးလိုက်ပါတယ်။ အထူးသဖြင့်တော့ ရှောင်တာနယ်အတွက်…
Read More