ယူကရိန်းဒုက္ခသည် ၁ ဒသမ ၇ သန်းကျော် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေရ

ကုလသမဂ္ဂ၊ မတ်-၈-၂၀၂၂
မျိုးဆက်(VOM)
 
ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခဲ့ပြီးနောက် ယူကရိန်းဒုက္ခသည် ၁ ဒသမ ၇၃ သန်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ထုတ်ပြန်ပါတယ်။
 
ဒုက္ခသည် ၁ ဒသမ ၀၂ သန်း သို့မဟုတ် ၆၀ ရာခိုင်နှုန်းမှာ ပိုလန်နိုင်ငံသို့ လည်းကောင်း၊ ဟန်ဂျေရီသို့ ၁၈၀၀၀၀ ၊ ဆလိုဗက်ကီးယားသို့ ၁၂၀၀၀၀၊ မော်လ်ဒိုဗာသို့ ၈၀၀၀၀ နှင့် ရိုမေနီးယားသို့ ၇၀၀၀၀ ရွှေ့ပြောင်းခိုလှုံခဲ့ကြရတယ်လို့ ဆိုပါတယ်။
 
ဒီအတောအတွင်း ကမ္ဘာ့ဘဏ်ကလည်း ယူကရိန်းအတွက် ချေးငွေနဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၇၂၃ သန်း ပေးအပ်ဖို့ အတည်ပြုလိုက်ပါတယ်။
 
ယူကရိန်းအတွက် လာမယ့်လတွေအတွင်း နောက်ထပ် ဒေါ်လာ သုံးဘီလီယံထောက်ပံ့ဖို့ကိုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
 
အမျိုးသမီး၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအများစုပါ၀င်တဲ့ ဒုက္ခသည် ၁ ဒသမ ၇ သန်းကျော်ကို လက်ခံထားတဲ့ နိုင်ငံတွေအတွက် နောက်ထပ်အကူအညီတွေပေးအပ်ဖို့ကိုလည်း ကမ္ဘာ့ဘဏ်က ကတိပြုထားပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

VOM News

FREE
VIEW