ကုသိုလ်ရှင် နည်းပါးလာတာကြောင့် မုံရွာမြို့ပေါ်က ဘုံဆွမ်းလောင်းအသင်းတွေ ပျောက်ကွယ်လုဖြစ်နေ

မတ် ၉-၂၀၂၂ ​SP ၊ (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်မှာ အရင်က အရုဏ်ဆွမ်းလောင်းတဲ့ ဘုံဆွမ်းလောင်းအသင်းတွေ ၃၀ ကျော်ရှိတဲ့အနက် ပြီးခဲ့တဲ့နှစ် ဝါတွင်းကာလကစလို့ လုပ်အားဒါန ကုသိုလ်ရှင် နည်းပါးလာတာကြောင့် ဘုံဆွမ်းလောင်အဖွဲ့တွေ ပျောက်ကွယ်လုဖြစ်နေတယ်လို့ မုံရွာမြို့ခံ သံဃာ့ဝေယျဝစ္စ အကျိုးတော်ဆောင်တွေဆီကနေ သိရပါတယ်။ ” လပြည့် ဥပုသ်နေ့ ဆွမ်းလောင်း အသင်း ၊ တခါ ဥပုသ်နေ့တိုင်း အသင်းနဲ့ အာရုဏ်ဆွမ်း အမြဲတမ်း နေ့စဥ် ဘုံဆွမ်းလောင်းအသင်းတွေ ဆိုပြီးရှိတယ် ၊ ဘယ်ဆွမ်းလောင်းအသင်းပဲဖြစ်ဖြစ် လုပ်အားဒါန ကုသိုလ်ရှင်နဲ့ ဘုံဆွမ်းပစ္စည်း ကုသိုလ်ရှင်တွေ အဆင်ပြေမှ ဘုံဆွမ်းလောင်းအသင်းဆိုတာ ရေရှည်ရပ်တည်နိုင်မှာပါ ၊ အခုဟာက လုပ်အားဒါန ကုသိုလ်ရှင်တွေ အလွန်နည်းပါးလာတဲ့အတွက် ရပ်ထားရတဲ့ ဘုံဆွမ်းလောင်းအသင်းတွေ များလာတယ် “လို့ ဘုံဆွမ်းလောင်းမှာ ဝေယျဝစ္စ လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။…

Read More

အထက်ချင်းတွင်းဒေသမှာ ရွှေမျှောဖောင်တွေ မီးရှို့ခံရတာ များလာတဲ့အတွက် လက်လုပ်လက်စား ရွှေရှာသူတွေ အခက်တွေ့လာ

မတ် ၈-၂၀၂၂ SP(VOM)   စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ် ၊ ဥရချောင်းဒေသဘက်မှာ ရွှေမျှောဖောင်တွေ မီးရှို့ခံရတာနဲ့ ရွှေတူးဖော်သူတွေ ဖမ်းဆီးခံရတာများလာပြီးနောက်ပိုင်း လက်လုပ်လက်စား ရွှေရှာသူတွေရဲ့ဘဝဟာ ခက်ခဲလာနေတယ်လို့ မှော်စိန်ရွှေလုပ်ကွက်ရှိရာ လက်တူးရွှေရှာသူတွေဆီက သိရပါတယ်။   ” နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေက ရွှေလုပ်သားတွေကို ဖမ်းပြီး ၊ ရွှေမျှောဖောင်တွေကို မီးရှို့ဖျက်ဆီးတယ် ၊ နောက်ပြီး စက်ယန္တရားတွေကိုသိမ်းဆည်းတယ် ၊ အခုဆို မျှောဖောင်နဲ့ ရွှေရှာလို့ မရတော့ဘူး ၊ လက်လုပ် လက်စား ရွှေရှာဖို့ကစပြီး ခက်ခဲလာနေတယ် ” လို့ မှော်စိန်ရွှေမှော်ဒေသက လက်လုပ်လက်စား ရွှေလုပ်သားတယောက်ကပြောပါတယ်။   ရွှေမျှောဖောင်တွေ မီးရှို့တာ ၊ လုပ်သားတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ဟုမ္မလင်းမြို့နယ် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးဌာန ၊ တာဝန်ရှိသူ တဦးက…

Read More

ရန်ကုန်က မြို့နယ်အချို့မှာ လုယက်မှုနဲ့ဓားပြတိုက်မှု ပိုများလာ

မတ် ၈-၂၀၂၂ KK(VOM)   ရန်ကုန်က မြို့နယ်အချို့မှာ အခုနှစ်ပိုင်းအတွင်း လုယ က်မှု၊ဓားပြတိုက်မှုများ ပိုများလာတယ်လို့ လုယက်မှုဖြစ်ရာမြို့နယ်တွေဆီက သိရပါတယ်။   ရွှေပေါက်ကံမြို့၊ ဇေကမ္ဘာဝင်းအတွင်းမှာ ဒီကနေ့ မနက်ပိုင်းက အလုပ်ကိစွနဲ့သွားတဲ့ အမျိုးသားတဦးရဲ့ ဆိုင်ကယ်ကို အမည်မသိသူတွေက ဓားထောက်လုယက်ခဲ့တယ်လို့ ကာယကံရှင်အမျိုးသားကပြောပါတယ်။   “ဆိုင်မှာပစွည်းလိုလို့ ဆိုင်ကယ်နဲ့သွားဝယ်တာ အနောက်ကနေ ဆိုင်ကယ်နှစ်စီးနဲ့လိုက်ပြီး အနားရောက်တော့ ဆိုင်ကယ်ကိုရပ်ခိုင်းတယ် ဓားတွေနဲ့၊ ဆိုင်ကယ်ပေးလိုင်ရတယ်”လို့ သူကပြောပါတယ်။   မြောက်ဥက္ကလာပမြို့နယ်၊ ည ရပ်ကွက်၊ ဧရာမှတ်တိုင်နဲ့ ​၆ ကွေ့မှတ်တိုင်အကြားရှိ BKK T-Shirt လက်လီ၊ လက်ကားအရောင်းဆိုင်တစ်ခုမှာ မနေ့ မတ်လ ၇ရက်က လည်း ဓားပြတိုက်ခံလိုက်ရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။   BKK T-Shirt အရောင်းဆိုင်ကို အမည်မသိလူတစ်စုက ရောက်လာကာ ဆိုင်ရှိ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး…

Read More

ရွှေစျေး သိန်း ၂၀ ကျော်အထိပြန်တက် ၊ကမ္ဘာ့ရွှေစျေးတက်တာဖြစ်လို့ ထိန်းဖို့မလွယ်

မတ် ၈-၂၀၂၂ VOM ( GG)   ပြည်တွင်းရွှေစျေးဟာ ဒီကနေ့ မတ်လ ၈ရက်နေ့မှာပဲ ရွှေတစ်ကျပ်သားကို သိန်း နှစ်ဆယ်ကျော်အထိ ပြန်လည်မြင့်တက်လာပါတယ်။   အခုလို ပြည်တွင်း ရွှေစျေးမြင့်တက်လာတာဟာ ကမ္ဘာ့ရွှေစျေးတက်ခြင်း၊ဒေါ်လာစျေးတက်တာတွေကြောင့်ဖြစ်ပြီး ပြည်တွင်းမှာ ရွှေရှားလို့စျေးတက်တာမျိုးမဟုတ်တဲ့အတွက် YGEA အနေနဲ့ ထိန်းလို့မရနိုင်ကြောင်း YGEA ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးကပြောပါတယ်။   ” ဒီနေ့က ပြည်တွင်းဒေါ်လာစျေးက ခုန်တက်သွားတယ် ၂၀၄၅ အထိကိုဖြစ်သွားတယ်။ဒေါ်လာစျေးတွေဘာတွေကျ ကျနော်တို့လိုက်ထိန်းလို့မရဘူး။စျေးကွက်ထဲမှာ ရွှေပြတ်သွားလို့ စျေးတက်တာကိုပဲ ထိန်းကျောင်းလို့ရတယ်။ အခုက ရွှေကလိုသလောက်ရောင်းပေးလို့ရတယ်။ အခုက ကမ္ဘာ့စျေးရော ဒေါ်လာစျေးရောတက်သွားလို့ပါ ၊ကျနော်တို့ဆီမှာတက်တာ နည်းနည်းချင်းစီတက်တာ။အိန္ဒိယတို့၊မဲဆောက်တို့ဆို ရန်ကုန်နဲ့ တစ်သိန်းလောက်ကွာတယ် ၊ ထပ်တက်မလားဆိုတာကလည်းခန့်မှန်းလို့ မရဘူး။ကမ္ဘာ့စျေးကတက်တာဆိုတော့လေ ” လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ် ။   ပြည်တွင်းမှာ ရွှေစျေးနူန်းတက်လာပေမယ့် အရောင်းအဝယ်ပိုင်းကတော့…

Read More

ယူကရိန်းဒုက္ခသည် ၁ ဒသမ ၇ သန်းကျော် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေရ

ကုလသမဂ္ဂ၊ မတ်-၈-၂၀၂၂ မျိုးဆက်(VOM)   ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခဲ့ပြီးနောက် ယူကရိန်းဒုက္ခသည် ၁ ဒသမ ၇၃ သန်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ထုတ်ပြန်ပါတယ်။   ဒုက္ခသည် ၁ ဒသမ ၀၂ သန်း သို့မဟုတ် ၆၀ ရာခိုင်နှုန်းမှာ ပိုလန်နိုင်ငံသို့ လည်းကောင်း၊ ဟန်ဂျေရီသို့ ၁၈၀၀၀၀ ၊ ဆလိုဗက်ကီးယားသို့ ၁၂၀၀၀၀၊ မော်လ်ဒိုဗာသို့ ၈၀၀၀၀ နှင့် ရိုမေနီးယားသို့ ၇၀၀၀၀ ရွှေ့ပြောင်းခိုလှုံခဲ့ကြရတယ်လို့ ဆိုပါတယ်။   ဒီအတောအတွင်း ကမ္ဘာ့ဘဏ်ကလည်း ယူကရိန်းအတွက် ချေးငွေနဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၇၂၃ သန်း ပေးအပ်ဖို့ အတည်ပြုလိုက်ပါတယ်။   ယူကရိန်းအတွက် လာမယ့်လတွေအတွင်း နောက်ထပ် ဒေါ်လာ သုံးဘီလီယံထောက်ပံ့ဖို့ကိုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။   အမျိုးသမီး၊…

Read More

အရေးယူပိတ်ဆို့မှုတွေချမှတ်ထားပေမယ့် မြန်မာနိုင်ငံကသစ်တွေ ဆက်လက်တင်ပို့ရောင်းချနေ

၀ါရှင်တန်၊ မတ်-၈-၂၀၂၂ မျိုးဆက်(VOM)   မြန်မာ့သစ်လုပ်ငန်းအပေါ် အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေချမှတ်ထားပေမယ့်လည်း ဒေါ်လာ ၃၇ သန်းတန်ဖိုးရှိ သစ်တွေကို မြန်မာအာဏာပိုင်တွေက တင်ပို့ရောင်းချခဲ့ကြောင်း သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးအဖွဲ့ Forest Trends က မတ် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။   ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလအတွင်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကို အမေရိကန်အခြေစိုက် Forest Trends အဖွဲ့ လေ့လာမှုအစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး သစ်နဲ့ အခြားသဘာ၀သယံဇာတတွေ ရောင်းချခြင်းမှ အမြတ်အစွန်းရရှိနေတဲ့အပေါ် ဟန့်တားမှုတွေ ပိုမိုလုပ်ဆောင်သင့်တယ်လို့ ထောက်ပြထားပါတယ်။   မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက်မှာတော့ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါနဲ့ အခြားအနောက်နိုင်ငံတွေက မြန်မာစစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ အကြိမ်ကြိမ်ချမှတ်ခဲ့ပါတယ်။   ဒီလိုအရေးယူပိတ်ဆို့မှုတွေထဲမှာ မြန်မာ့နိုင်ငံမှ သစ်ရောင်းချမှုအပေါ်…

Read More

ယူကရိန်းဒုက္ခသည် ၁ ဒသမ ၇ သန်းကျော် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေရ

ကုလသမဂ္ဂ၊ မတ်-၈-၂၀၂၂ မျိုးဆက်(VOM)   ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခဲ့ပြီးနောက် ယူကရိန်းဒုက္ခသည် ၁ ဒသမ ၇၃ သန်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ထုတ်ပြန်ပါတယ်။   ဒုက္ခသည် ၁ ဒသမ ၀၂ သန်း သို့မဟုတ် ၆၀ ရာခိုင်နှုန်းမှာ ပိုလန်နိုင်ငံသို့ လည်းကောင်း၊ ဟန်ဂျေရီသို့ ၁၈၀၀၀၀ ၊ ဆလိုဗက်ကီးယားသို့ ၁၂၀၀၀၀၊ မော်လ်ဒိုဗာသို့ ၈၀၀၀၀ နှင့် ရိုမေနီးယားသို့ ၇၀၀၀၀ ရွှေ့ပြောင်းခိုလှုံခဲ့ကြရတယ်လို့ ဆိုပါတယ်။   ဒီအတောအတွင်း ကမ္ဘာ့ဘဏ်ကလည်း ယူကရိန်းအတွက် ချေးငွေနဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၇၂၃ သန်း ပေးအပ်ဖို့ အတည်ပြုလိုက်ပါတယ်။   ယူကရိန်းအတွက် လာမယ့်လတွေအတွင်း နောက်ထပ် ဒေါ်လာ သုံးဘီလီယံထောက်ပံ့ဖို့ကိုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။   အမျိုးသမီး၊…

Read More

လှိုင်မြို့နယ်မှာ ဒုအရာခံဗိုလ်(အငြိမ်းစား)တစ်ဦး အပါအဝင် (၃)ဦးဖမ်းဆီးခံရ

မတ် ၇-၂၀၂၂ Sp+KK (VOM)   ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၈ ရပ်ကွက်မှာ မနေ့ မတ်လ (၇)ရက်နေ့က အငြိမ်းစားဒုအရာခံဗိုလ်တစ်ဦးနဲ့လူငယ်(၂)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   လှိုင်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဦးချိုလမ်းသွယ်မှာ နေထိုင်တဲ့ မြဝတီရုပ်သံထုတ်လွှင့်ရေးတပ်မှ ဒုအရာခံဗိုလ်အငြိမ်းစား ဦးကျော်ဌေးဝင်းကို မနေ့ နေ့လယ်ပိုင်း စစ်တပ်နဲ့ရဲတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။   “စစ်တပ်ရော ရဲရော SB တွေရော လာဖမ်းသွားတာ စစ်တပ်သတင်းကို PDF တွေ ပေးလို့ဆိုပြီးလာဖမ်းတာ”လို့ သူကပြောပါတယ်။   ဦးကျော်ဌေးဝင်း ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး လှိုင်မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” ဦးကျော်ဌေးဝင်းက တပ်မတော်အငြိမ်းစား ဒုအရာခံဗိုလ်တယောက်ဖြစ်တယ် ၊ တပ်တွင်း အတွင်းရေးကိစ္စတချို့နဲ့ တပ်တည် တပ်ရွေ့သတင်းတွေကို အကြမ်းဖက်…

Read More

ယူကရိန်းစစ်ပွဲ ၁၂ ရက်မြောက်

– ရုရှား ထိတ်တန်း ဗိုလ်ချုပ်နောက်တစ်ဦး တိုက်ပွဲမှာ ကျသွားတယ်လို့ ယူကရန်းက ကြေညာပါတယ်။ ဗိုလ်ချုပ် Vitaly Gerasimov က ရုရှား စစ်ဦးစီးအရာရှိချုပ်၊ ရုရှား 41st Army ရဲ့ ဒုဗြူဟာမှူး ဖြစ်ပါတယ်။   – အဝိုင်းခံနေရတဲ့ မြို့တွေကို ရုရှားဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ဘေးလွတ်ရာထွက်ပြေးဖို့ ကြိုးစားနေတဲ့ အရပ်သားတွေကို ကယ်လို့မရဖြစ်နေပါတယ်။   – ကီယက်ဗ်၊ မာရီအာပိုလ်၊ ဆူမီ၊ ကာခီဗ် မှာ ပိတ်မိနေတဲ့ အရပ်သားတွေ ရုရှားနိုင်ငံဘက်ခြမ်း ဒါမှမဟုတ်ရင် ဘေလာရုစ် နိုင်ငံဘက် ဆီလာမယ်ဆိုရင် ဘေးကင်းလုံခြုံတဲ့ လမ်းလုပ်ပေးမယ်လို့ ရုရှားကကမ်းလှမ်းလိုက်ပါတယ်၊ ယူကရိန်းက ယုတ်မာပက်စက်တဲ့ အကြံလို့ တုံ့ပြန်ပါတယ်။   – ရော့ကက်လောင်ချာတွေ ကြားက ကီယက်ဗ်မြို့ အနောက်မြောက်မှာရှိတဲ့ အဲပင်မြို့က အရပ်သား…

Read More
VOM News

FREE
VIEW