အရေးယူပိတ်ဆို့မှုတွေချမှတ်ထားပေမယ့် မြန်မာနိုင်ငံကသစ်တွေ ဆက်လက်တင်ပို့ရောင်းချနေ

၀ါရှင်တန်၊ မတ်-၈-၂၀၂၂
မျိုးဆက်(VOM)
 
မြန်မာ့သစ်လုပ်ငန်းအပေါ် အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေချမှတ်ထားပေမယ့်လည်း ဒေါ်လာ ၃၇ သန်းတန်ဖိုးရှိ သစ်တွေကို မြန်မာအာဏာပိုင်တွေက တင်ပို့ရောင်းချခဲ့ကြောင်း သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးအဖွဲ့ Forest Trends က မတ် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလအတွင်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေကို အမေရိကန်အခြေစိုက် Forest Trends အဖွဲ့ လေ့လာမှုအစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး သစ်နဲ့ အခြားသဘာ၀သယံဇာတတွေ ရောင်းချခြင်းမှ အမြတ်အစွန်းရရှိနေတဲ့အပေါ် ဟန့်တားမှုတွေ ပိုမိုလုပ်ဆောင်သင့်တယ်လို့ ထောက်ပြထားပါတယ်။
 
မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက်မှာတော့ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါနဲ့ အခြားအနောက်နိုင်ငံတွေက မြန်မာစစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ အကြိမ်ကြိမ်ချမှတ်ခဲ့ပါတယ်။
 
ဒီလိုအရေးယူပိတ်ဆို့မှုတွေထဲမှာ မြန်မာ့နိုင်ငံမှ သစ်ရောင်းချမှုအပေါ် တဦးတည်း ထိန်းချုပ်ထားတဲ့ အစိုးရပိုင် မြန်မာ့သစ်လုပ်ငန်းလည်း ပါ၀င်နေပါတယ်။
 
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကနေ နို၀င်ဘာလထိ မြန်မာ့သစ်ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်ရှိတယ်လို့ Forest Trends ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။
 
ဒီလိုသစ်ရောင်းချမှုတွေမှာ အီးယူအဖွဲ့၀င်နိုင်ငံတွေအပြင် ဒေါ်လာ ၁၅၄ သန်းဖိုးကတော့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့့မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ မချမှတ်တဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပါ၀င်တယ်လို့ Forest Trends ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
Ref:Diplomat
Photo: Flickr/thaths
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW