ရန်ကုန်က မြို့နယ်အချို့မှာ လုယက်မှုနဲ့ဓားပြတိုက်မှု ပိုများလာ

မတ် ၈-၂၀၂၂
KK(VOM)
 
ရန်ကုန်က မြို့နယ်အချို့မှာ အခုနှစ်ပိုင်းအတွင်း လုယ
က်မှု၊ဓားပြတိုက်မှုများ ပိုများလာတယ်လို့ လုယက်မှုဖြစ်ရာမြို့နယ်တွေဆီက သိရပါတယ်။
 
ရွှေပေါက်ကံမြို့၊ ဇေကမ္ဘာဝင်းအတွင်းမှာ ဒီကနေ့
မနက်ပိုင်းက အလုပ်ကိစွနဲ့သွားတဲ့ အမျိုးသားတဦးရဲ့ ဆိုင်ကယ်ကို အမည်မသိသူတွေက ဓားထောက်လုယက်ခဲ့တယ်လို့ ကာယကံရှင်အမျိုးသားကပြောပါတယ်။
 
“ဆိုင်မှာပစွည်းလိုလို့ ဆိုင်ကယ်နဲ့သွားဝယ်တာ အနောက်ကနေ ဆိုင်ကယ်နှစ်စီးနဲ့လိုက်ပြီး အနားရောက်တော့ ဆိုင်ကယ်ကိုရပ်ခိုင်းတယ် ဓားတွေနဲ့၊ ဆိုင်ကယ်ပေးလိုင်ရတယ်”လို့ သူကပြောပါတယ်။
 
မြောက်ဥက္ကလာပမြို့နယ်၊ ည ရပ်ကွက်၊ ဧရာမှတ်တိုင်နဲ့ ​၆ ကွေ့မှတ်တိုင်အကြားရှိ BKK T-Shirt လက်လီ၊ လက်ကားအရောင်းဆိုင်တစ်ခုမှာ မနေ့ မတ်လ ၇ရက်က လည်း ဓားပြတိုက်ခံလိုက်ရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
BKK T-Shirt အရောင်းဆိုင်ကို အမည်မသိလူတစ်စုက ရောက်လာကာ ဆိုင်ရှိ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး ပါးစပ်ကိုအဝတ်စီး၊ လည်ပင်းကိုဓားထောက်ခြိမ်းခြောက်ပြီး ဆိုင်ရှိရောင်းရငွေ၊ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေကို ယူဆောင်သွားတယ်လို့ ဆိုင်ရှင်က လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးရေးသားခဲ့ပါတယ်။
 
သန်လျင်မြို့၊အောင်သပြေလမ်းနဲ့ GTI တက္ကသိုလ်အနီးက Leader One အထည်ချုပ်စက်ရုံပိုင်ရှင် ၊ဟောင်ကောင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားတဦးလည်း မတ်လ ၄ ရက်က ကားပေါ်မှာ အသတ်ခံရပြီး ငွေကျပ် ၃၅၄၀ သိန်းနဲ့အတူ ကားမောင်းသူပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့ဝင်တဦးကပြော
ပါတယ်။
 
အလားတူ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ အမှတ် (၂) လမ်းမကြီး၊ PT Power စက်သုံးဆီဆိုင်အနီးမှာလည်း မတ်လ ၃ ရက် ညနေပိုင်းက ကညန ကနေ ငွေသိမ်းပြီးပြန်လာတဲ့ စည်ပင်ဝန်ထမ်း(၄)ဦးကို သေနတ်နဲ့ပစ်ခဲ့လို့ ယာဥ်မောင်းဖြစ်သူ ဒဏ်ရာရပြီး ငွေသိန်းခြောက်ရာကျော်လုယက်ခံခဲ့ရတယ်လို့ အမည်မဖော်မလိုသူတဦးကပြောပါတယ်။
 
ရန်ကုန်က မြို့နယ်အချို့မှာ နေအိမ်တွင်း လုယက်ခြင်းမဟုတ်ဘဲ YBS ယာဥ်တွေပေါ်မှာ အုပ်စုဖွဲ့ဓားထောက်လုယက်တာတွေလည်းရှိတယ်လို့ မြောက်ဥက္ကလာမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
 
“ဖေဖော်ဝါရီ ၂၂ က YBS ၄၂ ကားပေါ် ငှက်ကြီးတောင်ဓားတွေနဲ့ ယာဥ်မောင်းကို ဓားနဲ့ထောက် ခရီးသည်တွေကို ဓားနဲ့ခုတ်မယ်လုပ်ပြီး ဖုန်းတွေ ပိုက်ဆံတွေလုသွားတယ်”လို့ သူကပြောပါတယ်။
 
နေအိမ်မှာ သက်ကြီးရွယ်အိုတွေထားခဲ့ရပြီး ပြင်ပမှာ စိးပွားရေးရှာထွက်သူတွေလည်း လုယက်မှုများကြောင့် စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ဒေါပုံမြို့နယ်နေသူတဦးက ပြောပါတယ်။
 
ဒေါပုံမြို့၊ နွယ်အေးရပ်ကွက်၊ ယုဇန ၁ လမ်းမှာ ဖေဖော်ဝါရီ ၁၅ ရက်က အဘွားအိုတစ်ဦးတည်းရှိနေချိန် အမျိုးသားတစ်ဦးမှ မျက်နှာကို ဓားနဲ့ထိုးပြီး လုယက်ရာ ရပ်ကွက်နေသူတွေ ဝိုင်းဝန်းဖမ်းဆီးတာကြောင့် ဖမ်းဆီးရမိခဲ့တယ်လို့လည်း သူကပြောပါတယ်။
 
လုယက်သူတွေဟာ အစိုးရဝန်ထမ်း၊စီးပွားရေးသမားတွေသာမက စက်ရုံအလုပ်သမားတွေပါမချန် လုယက်ခဲ့တယ်လို့ လှိုင်သာယာစက်ရုံအလုပ်သမားတဦးက ပြောပါတယ်။
 
“ညီမ စက်ရုံကနေ လမ်းလျှောက်ပြီးပြန်လာတာ ဖုန်းလာလို့ ဖုန်းကိုင်တော့ အနောက်ကဆိုင်ကယ်က ဖုန်းကို လုသွားတယ်၊ အော်မယ်လုပ်တော့ နောက် ဆိုင်ကယ်တစ်စီးက လူတွေက ဆင်းပြီး ညီမကိုမျက်နှာဖြတ်ရိုက်သွားတယ်”လို့ သူကပြောပါတယ်။
 
အဲ့ဒီလို လုယက်မှုတွေဖြစ်ရခြင်းမှာ ထောင်ထဲမှာရှိနေတဲ့ သူခိုး၊ဂျပိုးတွေကို လွတ်ငြိမ်းချမ်းသားခွင့်နဲ့လွတ်ပေးတဲ့ရလဒ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေဖြစ််တယ်လို့ နိူင်ငံရေးအကျဥ်းသားဟောင်းတဦးက သုံးသပ်ပြောပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #လုယက်မှု #ပိုများလာ

Related posts

Leave a Comment

VOM News

FREE
VIEW