မကွေးနဲ့ စစ်ကိုင်းတိုင်းထဲက နတ်ပွဲစျေးသည်တွေ ၃ နှစ်ဆက်တိုက် အလုပ်မဖြစ်တာကြောင့် ကာယလုပ်ငန်းတွေကို ပြောင်းလုပ်နေရ

မတ် ၊ ၁၂ -၂၀၂၂ SP (VOM) မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ရိုးရာနတ်ပွဲတွေကို အမှီပြုပြီး ရပ်တည်နေရတဲ့ စျေးသည်တွေဟာ အခုနှစ်နဲ့ဆိုရင် ၃ နှစ် ဆက်တိုက် နတ်ပွဲတွေ မဖြစ်တောတဲ့အတွက် ​စျေးသည်အလုပ်ကနေ အခြားလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်နေရတယ်လို့ ပွဲစျေးသည်တွေဆီက သိရပါတယ်။ ” ရိုးရာနတ်ပွဲစျေးဆိုတာ ဆိုင်ခန်းနေရာက နှစ်စဉ်နေရာအပိုင်ရအောင် ပေးကမ်းလုပ်ထားရတာပါ ၊ ပွဲတော်ရက်မှာ ဆိုင်နေရာ သေခြာပေါက်ရဖို့အတွက် လာမယ့်နှစ်အတွက်ပါ ကြိုပြီး ရင်းနှီးထားရတာတွေ ရှိတယ် ၊ ပွဲတော် မကျင်းပနိုင်တာ ၃ နှစ်ဆက်တိုက်ဆိုတော့ ကြိုရင်းငွေလည်း ပြန်မရတော့သလို ၊ ပွဲစျေးသည်အလုပ်ကလည်း အဆင်မပြေတော့ အခြားအလုပ် ပြောင်းလုပ်နေရတယ် ” လို့ ပခန်း ကိုကြီးကျော် နတ်ပွဲစျေးသည်တယောက်က ပြောပါတယ်။ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊…

Read More

ရတနာပုံခေတ်ကတည်းက လူထုရင်ပြင်

××××××××××××××××××××××× ဆူးငှက် မင်္ဂလာသိမ်တော် ကန်ရေပြင်တွင် တိမ်စိုင်တိမ်လိပ်တို့ အရိပ်ထင်နေ၏။ ရေလယ်ဇရပ်သည် တိမ်အရိပ်ထဲမှာ မတ်တတ်ရပ်နေသည်။ ကမ်းစပ်ရှိဒန်းပင်က ဇရပ်ဆီငဲ့ကြည့်သည်။ မြောက်ဖက်ဆီမှာ ကုသိုလ်တော်ဘုရား၏ မုခ်ပေါက် ပန်းတော့လက်ရာများဖြင့် ကိုယ်ထင်ပြနေသည်။ နေပူထဲပေမင့် မုခ်ခုံးပေါ်မှခြင်္သေ့တို့ ငုတ်တုတ်၊ မတုန်မလှုပ်။ မြင်းလှည်းလေးသည် ကတ္တရာလမ်းပေါ် ခွာသံတခွပ်ခွပ်ပေးရင်း အတုမရှိကျောင်းတိုက်အပေါက်ဆီ ချိုးဝင် သွားသည်။ ထုထည်ကြီးမားလှသော ကျောင်းတိုက်အဝင် မုခ်တိုင်ကြီးများသည် ဧရာဖြင့် ခံ့ထည်မှုကို ဝံ့ကြွားနေကြသည်။ မြင်းလှည်းလေးသည် မြောက်ဘက် ကုသိုလ်တော်အရှေ့မုခ်ဆီမှ လာခဲ့ဟန်တူ၏။ ဟောသည် ကတ္တရာလမ်းပေါ်က တစ်ဆင့် အတုမရှိကျောင်းတော်ကြီးဆီ ဘုရားဖူး အလည်အပတ် သွားကြတာပဲဖြစ်မည်။ မြို့ခံဘုရားဖူးများ မဟုတ်သောကြောင့် မြင်းလှည်းကလေး မောင်းသွားသည့်နေရာသည် မန္တလေး၏ မူလအစ မြို့တည် နန်းတည် ခုနစ်ဌာန ဆုံဆည်းရာ ဘူမိနက်သန်ဆိုတာ သတိပြုမိမှာ မဟုတ်။ Xxxxxxxxxxxxxxxxxxxxxxxxx ““ဂါထာနတ်ရုပ်၊ အင်းမြှုပ်အင်းနှံ၊ စီမံပယောဂ၊တလကုမ္ဘ၊…

Read More

ကမ္ဘာမှာ ကိုဗစ်ကြောင့်သေဆုံးမှု လက်ရှိထုတ်ပြန်ထားတာထက် သုံးဆပိုများ

ဝါရှင်တန်၊ မတ်-၁၁-၂၀၂၂ မျိုးဆက်(VOM)   ကမ္ဘာတ၀န်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ လက်ရှိတရား၀င်ထုတ်ပြန်ထားတာ ထက် သုံးဆပိုမိုများပြားကာ လူ ၁၈ သန်းကျော် သေဆုံးခဲ့ဖွယ်ရှိကြောင်း သုတေသီတွေက ထုတ်ဖော်ပြောဆိုပါတယ်။   ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပထမဆုံးကြေညာပြီးနောက် ၂နှစ်အကြာမှာ သေဆုံးသူအရေအတွက်နဲ့ပတ်သက်ပြီး သုတေသီတွေရဲ့ အစီရင်ခံစာထွက်ပေါ်လာတာဖြစ်ပါတယ်။   အမေရိကန်နိုင်ငံ ဝါရှင်တန်တက္ကသိုလ်မှ သုတေသီတွေဟာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုအရေအတွက်နဲ့ပတ်သက်ပြီး နိုင်ငံနဲ့နယ်မြေ ၁၉၁ ခုမှာ လေ့လာမှုပြုခဲ့ကြတာဖြစ်ပါတယ်။   အချို့သောသေဆုံးမှုတွေမှာ ရောဂါကူးစက်မှုကြောင့် နှလုံး သို့မဟုတ် အဆုတ်ရောဂါကဲ့သို့ အခြားသောရှိနှင့်ပြီးရောဂါအခြေအနေတွေကို ပိုမိုဆိုးရွားစေပြီး သေဆုံးမှုတွေဖြစ်ပွားခဲ့တာလို့ သုတေသီတွေက ပြောပါတယ်။   ဒီလို တရား၀င်ကိန်းဂဏန်းထက် ပိုမိုသေဆုံးမှု နိုင်ငံနဲ့ဒေသအလိုက် သိသိသာသာ ကွဲပြားတယ်လို့ ခန့်မှန်းထားပါတယ်။   သေဆုံးမှုတစ်သိန်းမှာ နောက်ထပ်သေဆုံးသူအရေအတွက်…

Read More

၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့်သူ သုံးသိန်းကျော်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

မတ် ၁၁-၂၀၂၂ KK(VOM)   ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျောင်းသားကျောင်းသူ စုစုပေါင်း သုံးသိန်းကျော် ဖြေဆိုမယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။   တိုင်းဒေသကြီး၊ပြည်နယ်နဲ့ နိုင်ငံခြားစာစစ်ဌာန အပါအဝင် စာစစ်ဌာန စုစုပေါင်း (၁၂၅၆)ခု ရှိနေပြီး စုစုပေါင်းဖြေဆိုသူအရေအတွက် ၃၁၂၂၉၉ဦး ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   ဝင်ရောက်ဖြေဆိုမယ့်သူတွေဟာ ပြည်နယ်တိုင်းဒေသကြီးများရှိ ခရိုင် ၇၁ ခရိုင်၊ မြို့နယ် ၃၂၁ မြို့နယ်က စာစစ်ဌာန ၁၂၅၆ခုမှာ ဖြေဆိုကြရမှာဖြစ်ပြီး ကျောင်းတွင်းဖြေဆိုသူ ၂၀၀၇၆၈ ဦးနဲ့ အလွတ်ဖြေဆိုမယ့်သူ ၁၁၁၅၃၁ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။   ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေဟာ ရခိုင်ပြည်နယ်မှ အများဆုံးဖြစ်ပြီး ရန်ကုန်နဲ့မန္တလေးက ဒုတိယနဲ့ တတိယအများဆုံးဝင်ရောက်ဖြေဆိုမှာဖြစ်ပါတယ်။   လက်တလော…

Read More

ယူကရိန်းမြို့တော် ကိယက်ဗ်သို့ ရုရှားတပ်တွေနီးကပ်လာ၊ မြို့ကို ခံတပ်အသွင် ပြောင်းထား

ကိယက်ဗ်၊ မတ်-၁၁-၂၀၂၂ မျိုးဆက်(VOM)   ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်ကို ပိုမိုနီးကပ်လာပြီဖြစ်ပြီး မြို့တော်ဟာ ခံတပ်အသွင် ပြောင်းလဲနေပြီလို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။   ဒီအချိန်မှာပဲ ရုရှားတပ်တွေဟာ ဒီနီပရိုမြို့အပါအ၀င် ယူကရိန်းရှိ အခြားမြို့ကြီတွေကို တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ယူကရိန်းဘက်ကပြောပါတယ်။   ရုရှားနဲ့ ယူကရိန်းတာ၀န်ရှိသူတွေအကြား မနေ့ဆွေးနွေးပွဲကတော့ သဘောတူညီမှုတစုံတရာမရှိဘဲ ပြီးဆုံးခဲ့ပါတယ်။   မာရီပိုးအပါအ၀င် အခြားသော ယူကရိန်းမြို့ကြီးတွေဟာ ရုရှားတို့ရဲ့ တိုက်ခိုက်မှုခံနေရဆဲဖြစ်ပြီး ထောင်ပေါင်းများစွာသော အရပ်သားတွေဟာ ပိတ်မိနေဆဲဖြစ်ပါတယ်။   ဒီနေ့အစောပိုင်းမှာတော့ ရုရှားလေတပ်ဟာ ဒီနီပရိုမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး မူကြိုကျောင်း၊ လူနေတိုက်ခန်းတွဲနဲ့ ဖိနပ်စက်ရုံတစ်ရုံကို ထိမှန်ခဲ့တယ်လို့ အရေးပေါ်ဌာနက ထုတ်ပြန်ထားပါတယ်။   မြို့တော်ကိယက်ဗ်ကိုကာကွယ်ဖို့ အနောက်ဘက်နဲ့ အနောက်မြောက်ဘက်မှာ နေရာယူထားတဲ့ ယူကရိန်းကာတွယ်ရေးတပ်ဖွဲ့၀င်တွေကို ရုရှားတပ်တွေက ခြေမှုန်းဖို့ကြိုးစားနေကြောင်း ယူကရိန်းစစ်ဘက်က သတိပေးထားပါတယ်။   ကိယက်ဗ်မြို့တော်၀န် Vitali…

Read More

ပခုက္ကူ မြန်မာ့စီးပွားရေးဘဏ် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရသူတွေရှိ

မတ် ၊ ၁၁ -၂၀၂၂ SP (VOM)   မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၈ ရပ်ကွက် ၊လွတ်လပ်ရေးပန်းခြံအနောက်ဘက်ရှိ ပခုက္ကူ မြန်မာ့စီးပွားရေးဘဏ်မှာ ဒီကနေ့မနက် ၉ နာရီကျော်အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ငွေသွင်း၊ငွေထုတ် စောင့်ဆိုင်းနေသူ ၄ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။   ” ငွေသွင်း ငွေထုတ်လာတဲ့သူတွေ ထိုင်စောင့်ရတဲ့ဘက်ကို ဆိုင်ကယ်တစ်စီး လူနှစ်ယောက်က လက်ပစ်ဗုံးနဲ့ ပစ်သွင်းဖောက်ခွဲသွားတာပါ ၊ ဒဏ်ရာရတဲ့သူ လူ ၄ ဦးရှိတယ် “လို့ ပခုက္ကူ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတယောက်က ​ပြောပါတယ်။   ပခုက္ကူမြို့ စီမံခန့်ခွဲရေးအဖွဲ့ တာဝန်ရှိသူတဦးကလည်း ” ဘဏ်မှာ ပေါက်ကွဲတာပါ ၊ ငွေသွင်းငွေထုတ် စောင့်နေတဲ့သူ လေးဦး ဒဏ်ရာရတယ် ၊…

Read More

ရန်ကုန်က မြို့နယ်အချို့မှာ မီးပျက်ပြီး ရေမရလို့ ဝယ်ယူ သုံးစွဲနေရ

မတ် ၁၁-၂၀၂၂ KK(VOM)   ရန်ကုန်က မြို့နယ်အချို့မှာ လျှပ်စစ်မီး အချိန်ကြာပြတ်တောက်မှုကြောင့် ရေမရှိလို့ ရေကိုဝယ်ယူသုံးစွဲနေရတယ်လို့ အဆိုပါမြို့နယ်တွေဆီက သိရပါတယ်။   မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ တာမွေ၊ တောင်ဥက္ကလာ၊ သာကေတ၊သင်္ဃန်းကျွန်းနဲ့ ဗိုလ်တစ်ထောင်မြို့နယ် နေထိုင်သူတွေဟာ လျှပ်စစ်မီးအချိန်ကြာပြတ်တောက်လို့ ရေတင်မရတာကြောင့် ရေကို ဝယ်ယူသုံးစွဲနေရတာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်နေသူတစ်ဦးက ပြောပါတယ်။   “ရေက ဝယ်ချင်တိုင်း ဝယ်လို့မရဘူး မီးစက်နဲ့လိုက်မောင်းပေးတာ တစ်နာရီတစ်သောင်းပေးရတယ်၊ စျေးမစစ်နဲ့ သူထက်ငါ အလုအယက်ယူတဲ့သူတွေချည်းပဲ”လို့ သူကပြောပါတယ်။   အရှေဒဂုံမှာနေထိုင်သူတစ်ဦးကလည်း “ဒီဘက်မှာလည်း မီးအကုန်ပြတ်တာ၊ အခု ရေဝယ်သုံးတာ ရေတစ်စည်ကို၇၀၀၀ ပေးရတယ်၊ ဒီလိုပုံစံအတိုင်းဆက်သွားနေရင် အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်”လို့ ပြောပါတယ်။   ရန်ကုန်ရှိ မြို့နယ်အချို့မှာ မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ရေပေးဝေရေးစခန်းတွေက ရေကို ယူသုံးရပြီး ရေပေးဝေမှုမှာ အလှည့်ကျနဲ့ပေးတာကြောင့် အခုလိုအခက်အခဲဖြစ်ရတာလို့ တောင်ဒဂုံမြို့နယ်၊ လဂွန်းပြင်ရေပေးဝေရေးစခန်းက ရေယူသုံးနေသူတစ်ဦးက…

Read More

အမေရိကန်ထိ ပစ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည် မြောက်ကိုရီးယားစမ်းသပ်နေ

၀ါရှင်တန်၊ မတ်-၁၁-၂၀၂၂ မျိုးဆက်(VOM)   မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည် စနစ်သစ်ရဲ့ အစိတ်အပိုင်းတွေကို မကြားသေးမီက စမ်းသပ်ခဲ့တယ်လို့ အမေရိကန်က မတ် ၁၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ဒါပေမယ့် မြောက်ကိုရီးယားကတော့ ဖေဖော်ဝါရီ ၂၆ ရက်နဲ့ မတ် ၄ ရက်တို့မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေဟာ ကင်းထောက်ဂြိုဟ်တု လွှတ်တင်ဖို့အတွက် စမ်းသပ်တာဖြစ်တယ်လို့ ဆိုပါတယ်။   အဲဒီစမ်းသပ်မှုတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ တိုက်ချင်းပစ်ဒုံးပျံစမ်းသပ်မှု မပြုလုပ်မီ အကြိုစမ်းသပ်မှုတွေ ပြုလုပ်တာဖြစ်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကပြောပါတယ်။   တိုက်ချင်းပစ်ဒုံးပျံတွေဟာ ကီလိုမီတာ ၅၅၀၀ ထက်မနည်း ခရီးရောက်နိုင်ပြီး အမေရိကန်ထိ ပစ်ခတ်နိုင်ကာ နျူကလီးယားလက်နက်တွေ တပ်ဆင်ပစ်ခတ်နိုင်ပါတယ်။   မကြာသေးမီက ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုနှစ်ခုမှာ တိုက်ချင်းပစ်ဒုံးပျံစနစ်သစ်အတွက် စမ်းသပ်မှုပါ၀င်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကရီဘီ မတ်…

Read More

သင်္ဃန်းကျွန်း KBZ ဘဏ်နဲ့ သာကေတတို့မှာ မီးလောင်မှုဖြစ်ပွားခဲ့

မတ် ၁၁-၂၀၂၂ KK(VOM)   ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က KBZ ဘဏ်နဲ့ သာကေတမြို့နယ်တို့မှာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်မှုတွေဖြစ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။   သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် ၂၄ ရပ်ကွက်၊ သံသုမာလမ်းနဲ့ ပဒုမ္မာလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်မှာ ဒီကနေ့ မနက် ၅ နာရီဝန်းကျင် မီးလောင်မှုဖြစ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။   “မနက်အစောကြီးလောင်တာဆိုတော့ အကုန်နိုးကုန်တယ်၊ သတင်းကြားတာတော့ ATM ငွေထုတ်စက် မီးလောင်တာကနေ ဘဏ်ကိုကူးတာလို့ပြောတာပဲ”လို့ ပြောပါတယ်။   သင်္ဃန်းကျွန်းမြို့နယ်၊ (၂၄)ရပ်ကွက်၊ သံသုမာလ မ်းရှိ KBZ ဘဏ်မှာ ဒီကနေ့မနက် ၄း၅၃မှာ မီးလောင်ပြီး ၅း၀၆ မီနစ်မှာ မီးငြိမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။   အလားတူ သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊…

Read More

CNGတန်းစီနေတဲ့ ယာဥ်တန်းကို ကွန်တိန်နာကားက ဝင်တိုက်လို့ လူသေဆုံးမှုနဲ့ ဒဏ်ရာရသူတွေရှိခဲ့

မတ် ၁၁ -၂၀၂၂ KK(VOM)   တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက် မောင်းမကန်လမ်း မပေါ်မှာ ဒီကနေ့ မနက်ပိုင်းက CNG ဂတ်စ်ဖြည့်ဖို့ တန်းစီနေတဲ့ယာဥ်တန်းကို ကွန်တင်နာကားက ဝင်တိုက်ခဲ့လို့ လူသေဆုံးတာတွေရှိခဲ့တယ်လို့ အဲ့ဒီရပ်ကွက်နေသူတွေဆီက သိရပါတယ်။   တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက် မောင်းမကန်လမ်းမပေါ်က CNG ဆိုင်မှာ ဒီကနေ့ မနက် ၆ နာရီက Gasထည့်ဖို့ စောင့်နေတဲ့ ယာဥ်တန်းကို ကွန်တိန်နာကားကဝင်တိုက်ခဲ့တာကြောင့် ကား(၈)စီး ထိခိုက်ပျက်စီးခဲ့ပြီး လူ(၄)ဦးခန့်သေဆုံးခဲ့ကာ ဒဏ်ရာရသူတွေ ရှိတယ်လို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။   “တွဲကားသမားက အိပ်ငိုက်ပြီး Gas တန်းစီတဲ့ကားတွေကို ဆွဲချသွားတာ ၈ စီးလောက်ပါသွားတယ်၊ လောလောဆယ် လူ ၄ဦးသေသွားတယ် ဒဏ်ရာရသူ ၁ဦးလို့ကြားတယ်၊ အတိအကျမသိရသေးဘူး”လို့ သူကပြောပါတယ်။   ​အဲ့ဒီဖြစ်စဥ်နဲ့ပတ်သတ်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ််မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်…

Read More
VOM News

FREE
VIEW