အာဆီယံအထူးသံတမန် လာမယ့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံလာမည်

ဖနွမ်းပင်၊ မတ်-၁၈-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ဟာ လာမယ့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်မယ်လို့ အာဆီယံအလှည့်ကျဖြစ်တဲ့ ကမ္ဘောဒီယားက မတ် ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံခြားရေး၀န်ကြီးနဲ့ အာဆီယံအထူးသံတမန်ဖြစ်သူ ပရက်ဆိုခွန်ဟာ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပဋိပက္ခတွေအဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တို့အတွက် ကြိုးစားအားထုတ်သွားဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် အာဆီယံခေါင်းဆောင်တွေနဲ့ သဘောတူထားတဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ နစကဥက္ကဌ ကို အာဆီယံအထူးသံတမန်က တိုက်တွန်းဖို့ဆန္ဒရှိနေပါတယ်။ အာဆီယံအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကကျင်းပတဲ့ ဒေသတွင်းထိပ်သီးအစည်းအဝေးတွေမှာ ချန်လှပ်ထားခဲ့ပြီး အာဆီယံအထူးသံတမန်ကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါ၀င်တဲ့အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံခွင့်ပေးရေးအပါအ၀င် အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်မဖော်မချင်း ဒီမူဝါဒကို ဆက်လက်ကျင့်သုံးဖို့ အဖွဲ့၀င်နိုင်ငံအတော်များများက တောင်းဆိုခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါ၀င်နေတဲ့အဖွဲ့အစည်းအားလုံး အစွမ်းကုန်ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့အပါအ၀င် အကြမ်းဖက်မှုတွေအဆုံးသတ်ရေး ကောင်းမွန်တဲ့အခြေအနေတစ်ရပ်ဖန်တီးဖို့ရည်ရွယ်တဲ့ အထူးသံတမန်ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချွမ်ဆိုနရီက ရိုက်တာကိုပြောပါတယ်။…

Read More

အမေရိကန်-အာဆီယံ အစည်းအဝေးကျင်းပမယ့်အချိန် ညှိနှိုင်းနေတယ်လို့ အိမ်ဖြူတော် ထုတ်ပြန်

၀ါရှင်တန်၊ မတ်-၁၈-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်-အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ့် နေ့ရက်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုနေကြောင်း အိမ်ဖြူတော်က မတ် ၁၇ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲဒီအစည်းအဝေးကို မတ်လ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ ကျင်းပဖို့ မူလကစီစဉ်ထားကြောင်း အိမ်ဖြူတော်က ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့ပေမယ့် သတ်မှတ်ထားတဲ့နေ့မှာ အာဆီယံခေါင်းဆောင်တွေအားလုံး တက်ရောက်နိုင်ခြင်း မရှိတာကြောင့် ဆွေးနွေးပွဲကို အာဆီယံအလှည့်ကျ ကမ္ဘောဒီးယားက ယခုလအစောပိုင်းမှာ ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။ ဖိတ်ကြားထားတဲ့ အာဆီယံခေါင်ဆောင်အားလုံး ပါ၀င်နိုင်စေဖို့အတွက် ဒီအစည်းအဝေးကျင်းပမယ့် သင့်တော်တဲ့ နေ့ရက်အချိန်ကို အာဆီယံမိတ်ဖက်တွေနဲ့ အနီးကပ်ဆွေးနွေးညှိနှိုင်းနေတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုပါတယ်။ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲဟာ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ အာဆီယံနဲ့ထိတွေ့ဆက်ဆံရေးကို မြှင့်တင်တည်ဆောက်ဖို့ အမေရိကန်ရဲ့ အားထုတ်မှု တစိတ်တပိုင်းအဖြစ် ရှုမြင်နေကြပါတယ်။ အစည်းအဝေးကို ယခုနှစ်အစောပိုင်းကတည်းက…

Read More

နော်ဝေမှာ နေတိုးအဖွဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေ

အော်စလို၊ မတ်-၁၈-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုပြုနေပြီး တင်းမာမှုတွေမြင့်တက်နေချိန်မှာ နေတိုးအဖွဲ့၀င်နိုင်ငံတွေဟာ နော်ဝေမှာ အကြီးစားစစ်ရေးလေ့ကျင့်နေကြပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်ခန်းမှာ အဖွဲ့၀င်နိုင်ငံ ၂၇ နိုင်ငံက တပ်ဖွဲ့၀င်ပေါင်းသုံးသောင်းပါ၀င်နေပါတယ်။ ဒါ့အပြင် နေတိုးအဖွဲ့၀င်နိုင်ငံမဟုတ်တဲ့ ဆွီဒင်နဲ့ဖင်လန်တို့မှ တပ်ဖွဲ့၀င်တွေလည်း ပါ၀င်လေ့ကျင့်နေပြီး ဧပြီ ၁ ရက်နေ့မှာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးမှာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ နော်ဝေနိုင်ငံကို တိုက်ခိုက်ခံရတဲ့ပုံစံမျိုး ပုံစံတူလေ့ကျင့်ခဲ့ပြီး ပြင်သစ်၊ စပိန်နဲ့ ပိုလန်တို့မှ တပ်ဖွဲ့၀င်တွေဟာ နော်ဝေတောင်ပိုင်း အခြေစိုက်စခန်းမှာ အလျင်အမြန်တုံ့ပြန်မှုလေ့ကျင့်မှုတွေမှာ ပါ၀င်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို ၂၀၀၆ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှုနဲ့ တိုက်ရိုက်ဆက်စပ်မှုမရှိကြောင်း နော်ဝေစစ်ဘက်က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် နေတိုးစစ်ရေးကော်မတီဥက္ကဌ ဗိုလ်ချုပ်ကြီး Rob Bauer ကတော့ အဆိုးဆုံးအတွက်ပြင်ဆင်ထားပြီး မမျှော်လင့်ထားတာတွေကို မျှော်လင့်ထားဖို့ ခုချိန်မှာ အရေးကြီးတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:NHK Photo:Getty…

Read More

၂၀၂၂ ခုနှစ် (၂)လတာအတွင်း မြန်မာနိူင်ငံတဝန်း မီးလောင်မှု ၄၀၀ ကျော်နဲ့ သိန်း၁၄၀၀ ကျော် ဆုံးရှုံးမှုရှိနေ

မတ် ၁၈-၂၀၂၂ KK(VOM) ၂၀၂၂ ခုနှစ် (၂)လတာကာလအတွင်း မြန်မာနိူင်ငံတဝန်း မီလောင်မှုအကြိမ်ရေ ၄၀၀ ကျော်ရှိပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ သိန်း ၁၄၀၀ ကျော်ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သိရပါတယ်။ ” မြန်မာနိူင်ငံတဝန်း တစ်နေ့ကို မီးလောင်မှုအနည်းဆုံး ၅ ကြိမ်ကနေ ၁၀ ကြိမ်အထက်ရှိနေတယ်၊ ပေါ့ဆမီးအများဆုံးဖြစ်တယ်၊ ရေအခက်အခဲနဲ့ ပူးပေါင်းပါ၀င်မှုအားနည်းတာကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်နေရတယ်”လို့ မီးသတ်ဦးစီးဌာနမှ ညွန်ကြားရေးမှူးတဦးက VOM ကို ပြောပါတယ်။ မီးငြိမ်းသတ်နိုင်ဖို့နဲ့ အလွယ်တကူ ရေရရှိနိုင်ဖို့အတွက် ယခင်က မြို့ပြစနစ်တွေမှာ မီးသတ်ရေငုပ်တွေကို ထည့်သွင်းတည်ဆောက်ခဲ့​ပေမယ့် ယခုအခါ လျော့န ည်းလာတယ်လို့ ညွန်ကြားရေးမှူးကရှင်းပြပါတယ်။ မြန်မာနိုင်ငံတဝန်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ မီးလောင်မှု၁၅၀ ကြိမ်နဲ့ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၄၄၇ သန်းရှိခဲ့ပြီး ဖေဖော်ဝါရီလမှာတော့ မီးလောင်မှု ၂၅၄ ကြိမ်ဖြစ်ပွားခဲ့ပြီးဆုံးရှုံးမှုတန်ဖိုး…

Read More

အတိတ်နဲ့ ပစ္စုပ္ပန် ရွှေစာရံ

မတ် ၁၇-၂၀၂၂ (VOM) ရွှေစာရံဘုရားပွဲတော်လို့ ပြောလိုက်တာနဲ့ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ထဲက ဘုရားအမကြီး မိဘုရားစောမွန်လှ တည်ထားကိုးကွယ်ခဲ့တဲ့ ရွှေစာရံစေတီတော် ဆိုတာကို မြန်မာနိုင်ငံသူ/သား တိုင်းက စိမ်းမယ်မထင်ပါဘူး။ ရွှေစာရံစေတီရဲ့ပွဲတော်ဟာ တစ်ချိန်က ရွာသားကြီး စိန်တင်ဟန် ရေးဆက်ခဲ့ပြီး မင်းသမီးကြီး ဒေါ်ညိုညိုစန်း သီဆိုခဲ့တဲ့ ထန်းရွက်ပုတီးသီချင်းနဲ့ မြန်မာနိုင်ငံမှာ နာမည်ကြီး လူသိများလာခဲ့တာ ဖြစ်ပါတယ်။ အရင်ပွဲတော်ကာလတွေမှာတော့ ဘုရားလာဖူးတဲ့သူတိုင်းဟာ ထန်းရွက်ပုတီးလေးတွေကို အလုအယက်ဝယ်ပြီး ဝတ်ဆင်လေ့ရှိကြပေမယ့် နှောင်းပိုင်းကာလ ရောက်လာတဲ့အချိန်မှာ ထန်းရွက်ပုတီးလေးတွေကို စိတ်ဝင်စားမှုနည်းပါးလာတာ မြင်တွေ့ရပါတယ်။ ရွှေစာရံစေတီတော်မြတ်ကြီးရဲ့ ပွဲတော်ကို ရှေးအရင်က ဘယ်လိုပုံစံမျိုးတွေ ကျင်းပခဲ့သလဲဆိုတာ ရွှေစာရံကျေးရွာသားကြီးဖြစ်တဲ့ အသက် ၈၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဦးကြည်အောင် ကို VOM က မေးမြန်းတင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ရွှေစာရံ YouTube…

Read More

နေပြည်တော်မှာ ကားတစ်စီးတိမ်းမှောက်ပြီး (၅)ဦးသေဆုံး၊ (၂၀)ဦးခန့် ဒဏ်ရာရ

မတ် ၁၇-၂၀၂၂ KK(VOM)   နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဇဗ္ဗူသီရိအထူးကုဆေးရုံရှေ့မှာ ဒီကနေ့ နေ့လယ်ပိုင်းက လိုက်ထရပ် ယာဥ်တစ်စီးတိမ်းမှောက်ရာ လူ(၅)ဦးသေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီကသိရပါတယ်။   လယ်ဝေးမြို့နယ်ကနေ အလှူတစ်ခုကို မိသားစုဆွေ မျိုးတွေသွားရောက်တဲ့ကားတစီးဟာ ဇမ္မူသီရီမြို့နယ် ဇဗ္ဗူသီရိအထူးကုဆေးရုံအနီးမှာ မှောက်ခဲ့တာဖြစ်တယ်လို့ ပေးဆပ်သူများနာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက VOM ကို ပြောပါတယ်။   “သူတို့တွေက လယ်ဝေးမြို့နယ်ထဲက မိသားစုဆွေ မျိုးတွေ၊ အလှူသွားရင်း ကားကဘီးပေါက်ပြီး မှောက်တာ လူ၂၅ဦးလောက် ဒဏ်ရာရတယ်”လို့ ပြောပါတယ်။   ယာဥ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၁၁ ယောက်ရှိပြီး နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ပေးဆပ်သူများနာရေးကူညီမှုအသင်းကနေ သိရပါတယ်။   ဆေးကုသနေသူတွေရဲ့ အခြေအနေကိုမေးကြည့်ရာမှာတော့ “အမျိုသမီးတယောက်က ကားပေါ်မှာတင်ဆုံးတာ၊ ကျန်တဲ့လေးယောက်က…

Read More

ပူတင်ကို စစ်ရာဇ၀တ်ကောင်အဖြစ် အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ရှုတ်ချ

ဝါရှင်တန်၊ မတ်-၁၇-၂၀၂၂ မျိုးဆက်(VOM)   ရုရှားသမ္မတပူတင်ကို စစ်ရာဇ၀တ်ကောင်အဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပထမဆုံးအကြိမ် ခေါ်ဝေါ်သုံးစွဲပြီး ရှုတ်ချပြောဆိုလိုက်ပါတယ်။   မတ် ၁၆ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးရဲ့မေးမြန်းမှုအပေါ် သမ္မတဂျိုးဘိုင်ဒင်က အခုလိုပြောဆိုလိုက်တာဖြစ်ပြီး ဒီအသုံးအနှုန်းဟာ လက်ခံနိုင်ဖွယ်မရှိတဲ့အပြင် ခွင့်မလွှတ်နိုင်တဲ့ စကားလုံးတွေဖြစ်တယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က တုံ့ပြန်ပြောဆိုထားပါတယ်။   ရုရှားသမ္မတပူတင်အနေဖြင့် စစ်ရာဇ၀တ်မှုကျူးလွန်ခြင်းရှိမရှိကို အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက စုံစမ်းမှုတွေပြုလုပ်နေကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျန်ပက်ဆာကီကပြောပါတယ်။   ယူကရိန်းကိုပေးအပ်မယ့် အမေရိကန်ရဲ့ကာကွယ်ရေးအကူအညီတွေမှာ လေယာဉ်ပစ်ဒုံးကျည်တွေ၊ မောင်းသူမဲ့လေယာဉ်တွေ၊ လောင်ချာတွေပါ၀င်ပြီး ယခုသီတင်းပတ်အတွင်း အမေရိကန်ရဲ့အကူအညီဟာ ဒေါ်လာ တစ်ဘီလီယံအထိ တိုးလာတယ်လို့ ဂျိုးဘိုင်ဒင်ကပြောပါတယ်။   ဒါ့အပြင် ပိုလန်နဲ့ မော်လ်ဒိုဗာသို့ ယူကရိန်းနိုင်ငံသားသန်းပေါင်းများစွာ ဖြတ်ကျော်၀င်ရောက်မှုတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပိုမိုပေးအပ်မယ်လို့ သူကကတိပြုထားပြီး အစားအသောက်တွေ၊ ဆေးဝါးတွေနဲ့ အခြားအထောက်အပံ့တွေပေးပို့ဖို့ အမေရိကန်အစိုးရက စီစဉ်နေပါတယ်။…

Read More

ပို့ဆောင်ကြေးတွေ အဆမတန်ဖြတ်တောက်တဲ့ FoodPanda ကုမ္မဏီကို အလုပ်သမားတွေက ဆန္ဒပြ

မတ် ၁၇-၂၀၂၂ KK(VOM)   Food Panda ကုမ္ပဏီက ပို့ဆောင်ကြေးတွေကို အဆမတန်လျော့ချဖြတ်တောက်လိုက်တဲ့အတွက် ကုမ္မဏီကို သပိတ်မှောက်တဲ့အနေနဲ့ FoodPanda ပို့တဲ့အလုပ်သမားတွေဟာ အလုပ်မဆင်းဘဲ ဆန္ဒပြနေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။   ရန်ကုန်မှာ မတ်လ ၁၆ ရက်က ပို့ဆောင်ကြေးတွေကို ကုမ္မဏီက ဖြတ်တောက်ခဲ့ပြီး နောက်ပိုင်း သပိတ်မှောက်တဲ့အနေနဲ့ အလုပ်မဆင်းတာ ဒီကနေ့နဲ့ဆို နှစ်ရက်ရှိပြီလို့ မြောက်ဒဂုံက အလုပ်သမားတဦးက ပြောပါတယ်။   “ဒီလောက် အသက်နဲ့ရင်းပြီး ကားလမ်းပေါ်မှာ နင်းနေရတာကို အခုက တစ်ကြောင်းကို ၃၀၀ လောက်ပဲရတယ် ၊ ၂၅၀ လောက်ပဲရမယ်ဆိုတော့ စဥ်းစားကြည့်လေ ကိုယ်ချင်းမစာတာ၊ အရင်က တစ်ထောင်လောက်ရတာ အဲ့ဒီအတွက် အလုပ်မဆင်းဘူး အရင်သတ်မှတ်ချက်ရမှ ပြန်အလုပ်လုပ်မယ်လို့”လို့ သူကပြောပါတယ်။   FoodPanda ကုမ္မဏီဟာ မတ်လ ၁၅ ရက်က…

Read More

တောင်ကိုရီးယားမှာ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှု ခြောက်သိန်းကျော်ထိ စံချိန်တင်နေ

ဆိုးလ်၊ မတ်-၁၇-၂၀၂၂ မျိုးဆက်(VOM)   တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်တွေကို အဆုံးသတ်ရန်ပြင်ဆင်နေချိန်မှာ နေ့စဉ်ကူးစက်မှုအရေအတွက်ဟာ ၆၂၁၃၂၈ ထိစံချိန်တင်ခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၄၂၉ ဦးရှိကြောင်း အာဏာပိုင်တွေက မတ် ၁၇ ရက်မှာပြောပါတယ်။   ကူးစက်မြန် အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် နိုင်ငံတွင်းမှာ ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်မားနေတာဖြစ်ကြောင့် တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးအေဂျင်စီက ပြောပါတယ်။   လက်ရှိမှာတော့ နေ့စဉ်ကူးစက်မှုနှုန်းဟာ အာဏာပိုင်တွေခန့်မှန်းထားတာထက် ပိုမိုများပြားနေပါတယ်။   ဒါပေမယ့် တောင်ကိုရီးယားအစိုးရကတော့ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း လူမှုဆိုင်ရာကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ စီစဉ်နေပြီး လူထုကလည်း ဒီကိစ္စကို ထောက်ခံကြောင်း စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။   တောင်ကိုရီးယားနိုင်ငံဟာ ကာကွယ်ဆေးကျယ်ကျယ်ပြန့်ပြန့်ထိုးနှံမှုတွေကြောင့် ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ အကြီးအကျယ်မဖြစ်အောင် ကန့်သတ်နိုင်ခဲ့ကြောင်း ကျွမ်းကျင်သူတွေကပြောပါတယ်။   လက်ရှိချိန်ထိ နိုင်ငံလူဦးရေ ၅၂ သန်းရဲ့ ၆၃…

Read More

ယူကရိန်းစစ်ပွဲမှာ လေးယောက်မြောက် ရုရှားစစ်ဗိုလ်ချုပ်တဦး သေဆုံးပြန်

ကိယက်ဗ်၊ မတ်-၁၇-၂၀၂၂ မျိုးဆက်(VOM)   ယူကရိန်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ ရုရှားစစ်ဗိုလ်ချုပ်တစ်ဦး ထပ်မံသေဆုံးသွားတယ်လို့ ယူုကရိကန်သမ္မတ ဇီလန်စကီးကပြောပါတယ်။   အဲဒီရုရှားစစ်ဗိုလ်ချုပ်ရဲ့အမည်ကို ယူကရိန်းသမ္မတက ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ဗိုလ်ချုပ် Oleg Mityaev ဖြစ်ကြောင်း ယူကရိန်းပြည်ထဲရေး၀န်ကြီးဌာန အကြံပေးတဦးက ထုတ်ဖော်ပြောကြားထားပါတယ်။   ရုရှားစစ်ဗိုလ်ချုပ်ဟာ မာရီယူပိုလ်မြို့အနီးတိုက်ပွဲအတွင်း ယူကရိန်းအေဇော့ဗ်တပ်ရင်းရဲ့ သုတ်သင်မှုကို ခံခဲ့ရတယ်လို့ယူကရိန်း သတင်းဌာနတွေက ဆိုပါတယ်။   သူဟာ ယူကရိန်းတပ်တွေရဲ့ သုတ်သင်ခြင်းကိုခံရတဲ့ လေးဦးမြောက် ရုရှားစစ်ဗိုလ်ချုပ်လည်းဖြစ်ပါတယ်။   လက်ရှိချိန်ထိ ယူကရိန်းမှာပြုလုပ်တဲ့ စစ်ဆင်ရေးတွေမှာ ရုရှားဗိုလ်ချုပ်၂၀ ဦးက ဦးဆောင်နေတယ်လို့ လေ့လာသူတွေက ပြောဆိုထားပြီး လက်ရှိအခြေအနေအရ ရုရှားစစ်ဗိုလ်ချုပ် ငါးပုံတပုံဟာ ယူကရိန်းစစ်ပွဲမှာ သေဆုံးခဲ့တဲ့ သဘောဖြစ်ပါတယ်။   ယူကရိန်းမှာ ရုရှားထိပ်တန်းတာ၀န်ရှိသူအဆင့်တွေကို ပစ်မှတ်ထားသုတ်သင်ဖို့ ရည်ရွယ်ထားတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ အတွင်းစည်းက တာ၀န်ရှိသူတဦးက…

Read More
VOM News

FREE
VIEW