မတ်လ ၂၄-၂၀၂၂ KK(VOM) နစကကောင်စီလက်ထက် ၂ နှစ်တာကာလအတွင်း ဘဏ်ဓားပြတိုက်မှု ၁၈ ကြိမ်ဖြစ်ပွားပြီး တန်ဖိုးငွေကျပ် ၁၃ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့တယ်လို့ နေပြည်တော် ပြန်ကြာရေးဝန်ကြီးဌာနရုံးမှာပြုလုပ်တဲ့ ၁၅ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။ နစကကောင်စီ စတင်တာဝန်ယူဆောင်ရွက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ယခုနှစ် မတ်လ ၁၃ ရက်အထိ မြန်မာနိူင်ငံတဝန်း ဘဏ်ဓားပြတိုက်မှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တန်ဖိုးငွေကျပ် ၁၃ ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့တယ်လို့ ပြန်ကြားရေး ဒု-ဝန်ကြီးက ပြောခဲ့တာဖြစ်ပါတယ်။ ” ဘဏ်ဓားပြတိုက်မှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီးတော့ တရားခံ ၉၇ ဦးဖမ်းမိခဲ့ပါတယ်။တန်ဖိုးငွေကျပ် တန်ဖိုးငွေ ၁၃ ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့တယ်။” လို့…
Read MoreMonth: March 2022
ကိုဗစ်-၁၉ Vaccineကို ရန်ကုန်မှာ စတင်ထုတ်နေပြီလို့ တရုတ်သံရုံးထုတ်ပြန်
မတ် ၂၅-၂၀၂၂ VOM (GG) တရုတ် နဲ့မြန်မာပူးပေါင်းပြီး ကိုဗစ်-၁၉ Vaccine ကိုရန်ကုန်မှာ မတ်လ ၂၃ ရက်နေ့မှာ စတင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။ ကိုဗစ်-၁၉ Vaccine ကို Sinopharm Group (CNBG) နဲ့ မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနက ပူးပေါင်းထုတ်လုပ်နေတာဖြစ်ပြီး၊ Sinopharm Group ဘက်က ထုတ်လုပ်မှုနည်းနဲ့ အရည်အသွေးစမ်းသပ်စစ်ဆေးမှုနည်းကို သင်ကြားလေ့ကျင့်ပေးတာဖြစ်လို့ မြန်မာနိုင်ငံထုတ် ကိုဗစ်Vaccine က အရည်အသွေးကောင်းမွန်ပြီး စိတ်ချရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အခုလို Vaccine RTF Bulk ပူးပေါင်းထုတ်လုပ်မှုစက်ရုံဟာ Sinopharm Group အနေနဲ့ အာရှ-ပစိဖိတ်ဒေသ၌ ပထမဆုံးတရားဝင်ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ Vaccine စက်ရုံဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ် သံအမတ်ကြီး Mr. Chen Hai က မနေ့က မတ်လ ၂၃…
Read Moreပြည်မြို့ထဲက လမ်းနယ်နမိတ် မလွတ်တဲ့ နေအိမ်၊ဆိုင်တွေကို ဖျက်ခိုင်းလို့ ဒေသခံတွေဒုက္ခရောက်နေ
မတ် ၂၅-၂၀၂၂ VOM (GG) ပြည်မြို့၊ သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းက နေအိမ်အချို့အပါအဝင် ပြည်မြို့ပေါ်ရပ်ကွက်တချို့နဲ့ကျေးရွာတချို့မှာပါ လမ်းမကြီးကနေ ၇၅ ပေ လမ်းနယ်နမိတ်အတွင်း ရှိနေတဲ့ နေအိမ်တွေကို တာဝန်ရှိသူတွေက ဖျက်ခိုင်းနေတာကြောင့် ဒေသခံပြည်သူတွေ ဒုက္ခရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလို ဖျက်ခိုင်းတဲ့အထဲမှာ အရင်ကတည်းက နေထိုင်ကြတဲ့ နေအိမ်ဂရံစာရွက်စာတမ်းအပြည့်အစုံ အမည်ပေါက်အိမ်တွေလည်းပါသလို ကျူးကျော် ဆောက်လုပ်နေထိုင်သူတွေပါဝင်တယ်လို့ သိရပါတယ်။ ” တချို့ဆို ခြံအလွတ်ကြီးဝယ်ထားတာ ရှိတယ်၊ အခု အဲ့ဒီခြံက လမ်းနယ်နမိတ်ထဲပါလို့ဆိုပြီး ခြံစည်းရိုးဖျက်ခံရတယ်။စာရွက်စာတမ်းအပြည့်စုံရှိတယ်နော်။နောက်အိမ်တွေဖျက်ရတယ်၊ကိုယ့်ဘာသာမဖျက်ထားတဲ့အိမ်ဆို ဘူဒိုဇာနဲ့ထိုးတယ်။နေရာတိုင်း ဖျက်တာတော့လည်းမဟုတ်ဘူး။ တချို့အိမ်တွေဖျက်ပြီးပြီ၊တချို့လည်းဖျက်တုန်းပဲ၊တချို့ကျလည်း မဖျက်သေးဘဲ အခြေအနေကြည့်နေကြတယ်၊ နေစရာအစားပြန်မပေးတော့ အခုကာလ အကုန်ဒုက္ခရောက်ကုန်တာပေါ့၊ အမတို့ဆို ရတဲ့နေရာလေးပဲ ကပ်နေနေရတယ် ” လို့ ပြည်မြို့ဒေသခံတဦးကပြောပါတယ်။ လမ်းနယ်နမိတ်နဲ့မလွတ်သူတွေကို ဖျက်ခိုင်းတဲ့အထဲမှာ နေထိုင်သူတွေကို စာနဲ့အသိပေးတာရှိသလို ၊ စစ်တပ်အပါအဝင် ရပ်ကွက်တာဝန်ရှိသူတွေ၊စည်ပင်ဝန်းထမ်း၊မြေတိုင်းဝန်ထမ်းနဲ့ သက်ဆိုင်ရာအဖွဲ့တွေက လိုက်လံအသိပေးတာရှိသလို…
Read MoreKNCပါတီ ဥက္ကဋ္ဌ နဲ့ NLDပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းကို ထောင်ဒဏ် ၂ နှစ်ချမှတ်
မတ် ၂၃-၂၀၂၂ KK(VOM) ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)ဥက္ကဋ္ဌ ဒေါက်တာ M Kawn La နဲ့ NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးမောင်မောင်ဆွေတို့ကို ဒီကနေ့ မနက်ပိုင်းက နေပြည်တော်ရှိ တရားအသီးသီးကနေ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကနေ သိရပါတယ်။ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)ဥက္ကဋ္ဌ ဒေါက်တာ M Kawn Laကို ဇမ္ဗူသီရိမြို့နယ်တရားရုံးကနေ ဒီကနေ့ မနက်ပိုင်းက ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်က နေပြည်တော်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီးနောက် ဇမ္မူသီရီမြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ အလားတူ နေပြည်တော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)…
Read Moreမုန်တိုင်းကြောင့်ပိတ်ခဲ့ရတဲ့ ဧရာဝတီတိုင်းထဲက အခြေခံပညာစာမေးပွဲ ပြန်လည်ကျင်းပမယ်
မတ် ၂၃-၂၀၂၂ GG(VOM) ဧရာဝတီတိုင်းအတွင်း၊ မုန်တိုင်းအန္တရာယ်ကြောင့် ပိတ်ခဲ့ရတဲ့ ဖြေဆိုနေဆဲ အခြေခံပညာစာမေးပွဲတွေကို မတ်လ ၂၅ ရက်နေ့မှာ ပြန်လည်ကျင်းပသွားမယ်လို့ သိရပါတယ်။ လက်ရှိ လေဖိအားနည်းရပ်ဝန်းဟာ ဧရာဝတီတိုင်းအတွင်း တဖြေးဖြေးအားလျော့သွားပြီးဖြစ်တာကြောင့် ဖြေဆိုဖို့ကျန်ရှိနေတဲ့ ဘာသာရပ် ၂ ခုကို မတ်လ ၂၅ ရက်နဲ့ ၂၆ ရက်တို့မှာ ပုံမှန်အချိန်တွေအတိုင်း ဆက်လက်ဖြေဆိုသွားမှာဖြစ်တယ်လို့သိရပါတယ်။ ” လာမယ့် သောကြာနေ့နဲ့စနေနေ့ပေါ့ ပြန်ဖြေရမယ်လို့ ကြေညာတယ်။ မုန်တိုင်းကင်းမှဖြေရတော့ ကျမတို့မိဘတွေလည်း စိတ်နည်းနည်းအေးရတာပေါ့။ ဒီနေ့ကတော့ ရာသီဥတုကောင်းပါတယ်။ မုန်တိုင်းလည်းလျော့သွားပြီလို့သိရတယ်။ ” လို့ ပုသိမ်မြို့ ကျောင်းသား မိဘတဦးကပြောပါတယ်။ ယာယီပိတ်ထားတဲ့အထဲက အခြေခံပညာစာမေးပွဲကိုသာ ပြန်လည်ကျုင်းပဖို့ ကြေညာခဲ့ပြီး ကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ၊ငွေဆောင်၊ရွှေသောင်ယံ၊ဟိုင်းကြီး၊ငရုတ်ကောင်းဒေသရှိ ကမ်းခြေ၊ဟိုတယ်တွေကိုတော့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက မုန်တိုင်းအဆင့် *အစိမ်းရောင်အဆင့်* ပြောင်းလဲသတ်မှတ်ကြောင်းကြေညာပြီးမှသာ ပြန်ဖွင့်မယ်လို့ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကသိရပါတယ်။ အခြေခံ ပညာစာမေးပွဲနဲ့ ကမ်းခြေဒေသကို…
Read Moreမုံရွာ လူမှုကယ်ဆယ်ရေးအဖွဲ့ယာဉ် မိုင်းထိပြီးနောက် လုပ်ခဲ့တဲ့အဖွဲ့က တောင်းပန်လို့ ပုံမှန်အတိုင်း ပြန်လည်ကူညီမယ်
မတ် ၊ ၂၃ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ ဘုန်းစိုးရပ်ကွက် ၊ ကျောက္ကာလမ်းမှာ အခြေပြုတဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း (မုံရွာ) ရဲ့ လူနာတင်ယာဥ် မိုင်းထိမှန်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လူနာပို့ဆောင်ရေး လုပ်ငန်းတွေကို ရက်အကန့်အသတ်မရှိ ရပ်နားထားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ဖေါက်ခွဲတဲ့အဖွဲ့က မှားယွင်းမိကြောင်းတောင်းပန်ခဲ့ပါတယ်။ အဲဒီတောင်းပန်စာထွက်ပြီးနောက်မှာတော့ လူနာတွေကို ငဲ့ကွက်တဲ့အနေနဲ့နဲ့ ပြန်လည်ပို့ဆောင် ကူညီပေးမယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး (မုံရွာ)အသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။ ” ကျွန်တော်တို့ လူမှုကယ်ဆယ်ရေး အသင်းကို ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်ဘူး ၊ မှားယွင်းတိုက်ခိုက်တာ ဖြစ်တယ်လို့ လူမှုကွန်ရက်ပေါ်မှာ သက်ဆိုင်ရာအဖွဲ့က ဖွင့်ဟ တောင်းပန်လာတာရယ် ၊ အခုလို မုန်တိုင်းဒဏ်ကြောင့် မိုးအဆက်မပြတ်ရွာနေတဲ့ ကာလမှာ လူနာတွေ သွားလာရေးအတွက် ဒုက္ခမပိုစေလိုတဲ့အတွက် အသင်းရဲ့…
Read Moreလပွတ္တာမြို့ပေါ်နဲ့ကျေးရွာတွေမှာ မုန်တိုင်းလာရှောင်သူတွေ မုန်တိုင်းအားလျော့လို့ နေရပ်ပြန်
မတ်လ ၂၃-၂၀၂၂ KK(VOM) လပွတ္တာမြို့ပေါ်နဲ့ကျေးရွာတွေမှာ မုန်တိုင်းလာရှောင်သူတွေဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ မုန်တိုင်းအားလျော့သွားလို့ နေရပ်ကိုပြန်နေကြပြီဖြစ်တယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ လပွတ္တာမြို့ပေါ်ရှိ ကိုးနဝင်း ပရိယတ္တိစာသင်တိုက်၊မြို့လယ်ကျောင်းတိုက်၊စည်ပင်သာယာကျောင်းတိုက်၊ အာသောကရာမကျောင်းတိုက်၊ဓမ္မာလင်္ကာရကျောင်းတိုက် စတဲ့နေရာအသီးသီးမှာ မုန်တိုင်းလာရှောင်သူအချို့ဟာ မုန်တိုင်းအားနည်းသွားလို့ နေရပ်ပြန်တာကြတာဖြစ်တယ်လို့ ကိုးနဝင်းစာသင်တိုက်က ဆရာတော်ဦးပညာဓဇက မိန့်ပါတယ်။ “အကုန်တော့ မပြန်တော့ဘူး မြို့ပေါ်က သူတွေကပြန်ကုန်ပြီ၊ တောနယ်ဘက်က သူတွေတော့ မပြန်သေးဘူး၊ သူတို့က အခြေအနေစောင့်ကြည်နေတယ်”လို့ မိန့်ပါတယ်။ ကိုင်းတော၊ကနစိုငုတ်၊ဖိုးနကို၊အုန်းပင်စု၊ဇီးဖြူ၊ ကြောင်လျှာ၊အဝပိတ် အစရှိတဲ့ ကျေးရွာတွေကနေ မုန်တိုင်းရှောင်သူ တစ်ထောင်နီးပါးကလည်း ဒီကနေ့ မနက်ပိုင်းမှာ နေရပ်ကို ပြန်ကြတယ်လို့ ဘီတွတ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်မောင်ရင်က ပြောပါတယ်။ “အကုန်ပြန်နေကြပါပြီ၊ မပြန်ခင် ရွာကနေ သူတို့ကိုထမင်းတွေ ဘာတွေကျွေးမွေးပါတယ်၊ တစ်ချို့လမ်းခရီးမှာ ဆာမှာစိုးလို့ ထည့်ပေးလိုက်တာလည်းရှိတယ်”လို့ သူကပြောပါတယ်။ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက်ပိုင်းက စတင်ပြီး မုန်တိုင်းငယ်သည် အားလျော့ကာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ပြောင်းလဲပြီး အားလျော့သွားခဲ့ပြီဖြစ်တယ်လို့…
Read Moreရုရှားနဲ့တရုတ်ကို တန်ပြန်ဖို့ အာကာသကာကွယ်ရေးတပ်ဖွဲ့ သြစတြေးလျဖွဲ့စည်းပြီ
ဆစ်ဒနီ၊ မတ်-၂၃-၂၀၂၂ မျိုးဆက်(VOM) သြစတြေးလျနိုင်ငံဟာ ရုရှားနဲ့ တရုတ်တို့ရဲ့ အာကာသဆိုင်ရာ ရည်မှန်းချက်တွေကို တန်ပြန်ဖို့အတွက် အာကာကသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း မတ် ၂၂ ရက်မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။ အာကာသကာကွယ်ရေးတပ်ဖွဲ့ဟာ အာကာသနယ်ပယ်မှာ သြစတြေးလျရဲ့ ရပ်တည်မှုကို လုံခြုံစေလိမ့်မယ်လို့ သြစတြေးလျကာကွယ်ရေး၀န်ကြီး ပီတာဒက်တန်က ပြောပါတယ်။ အမေရိကန်၊ တရုတ်နှင့် ရုရှားတို့ဟာ အာကာသအတွင်း ဂြိုဟ်တုကိုဖျက်ဆီးနိုင်တဲ့ လက်နက်တွေကို စမ်းသပ်ခဲ့ကြတယ်လို့ ယုံကြည်ရပါတယ်။ အာကာသဟာ လက်ရှိရာစုနှစ်အတွင်း ပိုမိုကျယ်ပြန့်တဲ့ စစ်ရေးဆိုင်ရာနယ်ပယ်တစ်ခုဖြစ်လာနေပြီး နိုင်ငံတွေအကြား ပဋိပက္ခဖြစ်ပွားစေမယ့် နယ်ပယ်တစ်ခုဖြစ်လာတာကို ဆန့်ကျင်ဖို့ ကာကွယ်ရေး၀န်ကြီး ပီတာဒက်တန်က သတိပေးပြောဆိုပါတယ်။ သြစတြေးလျရဲ့ အာကာသကာကွယ်ရေးတပ်ဖွဲ့မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ အခြားပုဂ္ဂလိက ကန်ထရိုက်တာတွေလည်းပါ၀င်ပါတယ်။ ဗြိတိန်ဟာလည်း ၂၀၁၉ ခုနှစ်မှာ အာကာသကွပ်ကဲမှု စစ်ဌာနချုပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ Ref: BBC Photo: AUSTRALIA…
Read Moreထိုးစစ်တွေအတွင်း ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ မြန်မာစစ်ဘက်ကို အာဆီယံအထူးသံတမန် တိုက်တွန်း
ဖနွမ်းပင်၊ မတ်-၂၃-၂၀၂၂ မျိုးဆက်(VOM) မြန်မာစစ်ဘက်ရဲ့ ထိုးစစ်တွေအတွင်း ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က မြန်မာစစ်ဘက်ကို တိုက်တွန်းခဲ့ကြောင်း မတ် ၂၃ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။ သြစတြေးလျစီးပွားရေးပညာရှင်ရှောင်တာနယ်အပါ၀င် အကျဉ်းသားတွေပြန်လွှတ်ပေးရေးအတွက်ကိုလည်း အာဆီယံအထူးသံတမန်ဖြစ်သူ Prak Sokhonn ကတောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားအကျဉ်းသားတွေနဲ့ တွေ့ဆုံခွင့်ရရေးကို နောင်တချိန်မှာ စဉ်းစားပေးမယ်လို့ နစက ဥက္ကဌက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နစကကို တရား၀င်အသိအမှတ်ပြုတဲ့သဘောရောက်ကြောင်း ဝေဖန်မှုသူတွေက ရှုမြင်ကြတယ်ဆိုတာကို နားလည်းကြောင်း၊ ဒါပေမယ့် ယခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် ကမ္ဘောဒီးယားတာ၀န်ယူချိန်အတွင်း ဖြေရှင်းဖို့လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအကြပ်အတည်းအတွက် အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ အာဆီယံအထူးသံတမန်က ပြောပါတယ်။ မြန်မာ့အရေးဟာ ရှုပ်ထွေးပြီး ဖြေရှင်းနိုင်ဖို့ အချိန်ယူရမှာဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ အာဆီယံဥက္ကဌတာ၀န်ယူချိန်အတွင်း တထိုင်တည်းဖြေရှင်းလို့ ရမှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယားကို ပြန်ရောက်ချိန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောပါတယ်။ ဖြစ်ပွားနေတဲ့…
Read Moreမန္တလေးမှာ ညမထွက်ရအမိန့်ကို ၁၂ နာရီအထိ ဖြေလျှော့ပေး
မတ် ၂၃- ၂၀၂၂ Voice Of Myanamar မန္တလေးမြို့မှာ အရင်က ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမယ့် နယ်မြေတည်ငြိမ်အေးချမ်းလာတာကြောင့် ဒီကနေ့က စတင်ပြီး ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ အချိန်ပြောင်းလဲသတ်မှတ်ထားတယ်လို့ သိရပါတယ်။ မန္တလေးခရိုင်အတွင်းမှာရှိတဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တွေကို အရင်ကသတ်မှတ်ထားတဲ့ ညမထွက်ရအမိန့်ကို ဖြေလျှော့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ညမထွက်ရအမိန့်ကို ပြောင်းလဲသတ်မှတ်ခဲ့ပေမယ့် လူ(၅) ဦးဖြစ်စေ လူငါးဦးထက်ပို၍ဖြစ်စေ မြို့နယ်အတွင်း အများပြည်သူသွားရာလမ်း၊လမ်းကြား၊လမ်းသွယ်၊ဥယျာဥ်နဲ့ ပြည်သူနှင့်ဆိုင်သော နေရာတွေမှာ စုဝေးခြင်းမပြုဖို့ တားမြစ်ထားတယ်ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုက မြို့နယ်တွေကို ပုဒ်မ…
Read More