သီရိလင်္ကာမှာ အထွေထွေအကြပ်အတည်းကြောင့် ဆန္ဒပြမှုတွေဖြစ်ပွား၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားရ

ကိုလံဘို၊ ဧပြီ-၁-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ စားနပ်ရိက္ခာ၊ လောင်စာဆီရှားပါးမှု၊ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေနဲ့ပတ်သက်ပြီး သမ္မတအိမ်တော်ပြင်ပမှာ မတ် ၃၁ ရက်က ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့ကာ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ အတားအဆီးတွေကို ဖြတ်ကျော်၀င်ရောက်ပြီး ဘတ်စ်ကားတစ်စီးကို မီးရှို့ဖျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကစွပ်စွဲထားပါတယ်။ ဒီဖြစ်စဉ်ဟာ အစွန်းရောက် လုပ်ရပ်ဖြစ်ကြောင်း သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာက ပြစ်တင်ပြောဆိုထားပါတယ်။ နိုင်ငံတွင်း၌ ၁၃ နာရီကြာ လျှပ်စစ်မီးပြတ်တောက်မှု၊ လောင်စာဆီနဲ့ မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်တွေ၊ ဆေးဝါးတွေပြတ်လပ်မှုတို့ကြောင့် ပြည်သူတွေရဲ့ အမျက်ဒေါသဟာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။ သမ္မတအိမ်တော်ပြင်ပမှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပေမယ့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေအသုံးပြုဖြိုခွဲခဲ့ပြီး လူတဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဆန္ဒပြပွဲမှာ ပါ၀င်သူတွေက ပြောပါတယ်။ ဆန္ဒပြသူတွေကိုလည်း ရဲတပ်ဖွဲ့၀င်တွေကို ကျောက်ခဲတွေနဲ့ ပြန်လည်ပစ်ပေါက်ခဲ့ကြပါတယ်။ နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးစေဖို့ ကတိပြုပြီး ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့…

Read More

ရေဖြူမြို့က အထက်တန်းကျောင်းနားမှာ စာမေးပွဲ​ဖြေဖို့ အချိန်ပိုင်းအလို ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့

ဧပြီ ၊ ၁ -၂၀၂၂ SP (VOM) တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ ရေဖြူအထက်တန်းကျောင်းနားမှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုတခုဖြစ်ခဲ့တယ်လို့ ရေဖြူမြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၈ နာရီ မိနစ် ၄၀ မှာ ပေါက်ကွဲတာပါ ၊ အဲ့ဒီအချိန်က ကျောင်းထဲကို စာဖြေကျောင်းသားတွေ သွင်းဖို့လုပ်နေတဲ့ အချိန်ဖြစ်တယ် ၊ ထိခိုက်မှုနဲ့ ပတ်သက်ပြီး အခုထိတော့ ရှိတယ်၊မရှိဘူးဆိုတာ မသိရသေးဘူး ” လို့ ရေဖြူမြို့ခံတယောက်က ပြောပါတယ်။ ရေဖြူမြို့ခံ ကျောင်းသားမိဘတဦးက “ပေါက်ကွဲသံက တမြို့လုံးပါးကြားရတယ် ၊ စာသင်ဆောင်နားက ပေါက်တာလို့ ပြောကြတယ် ၊ ဘယ်သူမှ ဝင်ရောက်ကြည့်ရှု့ခွင့် မရဘူး ” လို့ ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ထားဝယ်ခရိုင်လုံခြုံရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ” ကျောင်းထဲမှာ…

Read More

ယူကရိန်းစစ်ပွဲ ခန့်မှန်းချက်မှားယွင်းမှု ပြင်သစ်စစ်ထောက်လှမ်းရေးအကြီးအကဲ ရာထူးမှ ထုတ်ပယ်ခံရ

ပါရီ၊ ဧပြီ-၁-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကြိုတင်ခန့်မှန်းချက် မှားယွင်းခဲ့တာကြောင့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး အဲရစ်ဗီဒေါ့ဒ်ဟာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ရုရှားက ယူကရိန်းကို အပြည့်အ၀ကျူးကျော်တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း အမေရိကန်က မှန်ကန်စွာ အကဲဖြတ်ခဲ့ပြီး ပြင်သစ်နိုင်ငံကတော့ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး အဲရစ်ဗီဒေါ့ဒ်ကို ပြင်သစ်စစ်တပ်အကြီးအကဲက အပြစ်တင်ခဲ့တယ်လို့ သတင်းရင်းမြစ်တဦးကပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့တာ၀န်ဟာ ကြိုတင်ခန့်မှန်းပြင်ဆင်ရခြင်းမဟုတ်ဘဲ စစ်ဆင်ရေးအတွက် စစ်ထောက်လှမ်းရေး အချက်အလက်တွေပံ့ပိုးပေးဖို့သာဖြစ်ကြောင်း ပြင်သစ်စစ်ဘက် သတင်းရင်းမြစ်တဦးက အေအက်ဖ်ပီသတင်းဌာနကိုပြောပါတယ်။ ဗိုလ်ချုပ်ကြီး အဲရစ်ဗီဒေါ့ဒ် ရာထူးမှနှုတ်ထွက်ခြင်းနဲ့ပတ်သက်ပြီး ပြင်သစ်ကာကွယ်ရေး၀န်ကြီးဌာနက မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ သူဟာ အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာနမှာ ယခင်က တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်ထောက်လှမ်းရေးအကြီးအကဲအဖြစ် ပြီးခဲ့တဲ့ နွေရာသီမှာ ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ သမ္မတမက်ခရွန်ရဲ့ ပြင်သစ်အစိုးရ ထိပ်တန်းတာ၀န်ရှိသူတွေဟာ ရုရှားက ယူကရိန်းကို အပြည့်အ၀ ကျူးကျော်ဖို့ အကြံပြုချက်မရှိကြောင်းအခိုင်အမာပြောဆိုခဲ့ကြပြီး…

Read More

ထားဝယ်​မြို့က နိူင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်(၃)ဦးကို ထောင်(၅)နှစ်စီ ထပ်တိုးအမိန့်ချ

ဧပြီ ၁-၂၀၂၂ KK(VOM) ထားဝယ်မြို့နယ်မှာ နိူင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်သုံးဦးကို မနေ့ မတ်လ ၃၁ရက် နေ့လယ်ပိုင်းက ထားဝယ်အကျဥ်းထောင်ရှိ ထောင်တွင်းအထူးတရားရုံးမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ ထ ပ်တိုးအမိန့် ချမှတ်ခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။ အမိန့်ချမှတ်ခံရသူသုံးဦးဟာ ထားဝယ်တက္ကသိုလ်က ကိုစိုးပြည့်အောင်၊ကျောင်းသူဟောင်းနှစ်ဦးဖြစ်တဲ့ မစိုးမီမီကျော်နဲ့ မသျှားပြည့်ခင် တို့ဖြစ်ပြီး သူတို့၃ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်တိုးအမိန့်ချခဲ့တာ ဖြစ်တယ်လို့ ရှေ့နေတစ်ဦးက ပြောပါတယ်။ “လွန်ခဲ့တဲ့ သုံးလလောက်က ပုဒ်မ ၅၀၅(ခ)နဲ့ ထောင် ၂ နှစ်ချထားသေးတယ်၊အားလုံးပေါင်း ၇ နှစ်ကျမှာ”လို့ သူကပြောပါတယ်။ နိူင်ငံရေးတက်ကြွသူလူငယ်(၃)ဦးကို ထားဝယ်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၂၀ရက်က ရဲတပ်ဖွဲ့ဝင်တွေကနေ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ကျော င်းသားသမဂ္ဂအဖွဲ့ဝင်တဦးက ပြောပါတယ်။ ထားဝယ်ခရိုင်တရားရုံးမှာပဲ မတ်လ ၃၀ ရက်က…

Read More

အသက် ၆၂ နှစ်ပြည့်မှ နိုင်ငံ့ဝန်ထမ်းတွေကို ပင်စင်ပေးဖို့ ပြောင်းလဲသတ်မှတ်

ဧပြီ – ၁ – ၂၀၂၂ KT(VOM) နိုင်ငံ့ဝန်ထမ်းတွေကို အငြိမ်းစားယူဖို့ အရင်က အသက် ၆၀ မှာ သက်ပြည့်ပင်စင်ပေးပေမယ့် အခုအခါမှာတော့အသက် ၆၂ နှစ်ပြည့်မှ ပင်စင်ယူဖို့ ‌‌ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ နစကကောင်စီ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ “နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်အား ထိမ်းသိမ်းရန်၊လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတို့အရ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက်အထောက်အကူပြုစေရန်၊ လုပ်ငန်းကျွမ်းကျင်သည့် လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံတော်မှ ဆက်လက်ချီးမြှောက်ရန်အတွက် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း” ထုတ်ပြန်ချက်မှာ ပါရှိတာကို တွေ့ရပါတယ်။ အခုလို ပြောင်းလဲလိုက်တာနဲ့ပတ်သက်ပြီး ဝန်ထမ်း‌တဦးက “ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး၊ကာကွယ်ရေးနဲ့ ဝန်ကြီးဌာန အသီးသီးက အောက်ခြေဝန်ထမ်းအများစုကတော့ အဆဲခံ၊ အဆိုခံ၊ အပြောခံရဖို့အတွက် ပင်စင်သက်တမ်းကို အသက် ၆၂ နှစ်အထိ တိုးမြှင့်လိုက်တာလို့မြင်သလို လူကြီးအနားမှာနေပြီး အဆင်ပြေသူတွေကတော့ တို့လူကြီးကွဆိုပြီး ဝမ်းသာအားရှိတယ်ဆိုတဲ့အကြောင်း ဝေဖန်ပြောဆိုနေကြတာကို…

Read More

မူဆယ်က ရဲအုပ်တဦးအပါအဝင် ရဲဝန်ထမ်း ၅ ဦး အသတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိ

ဧပြီ ၁-၂၀၂၁ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့‌မှာ မတ်လ ၃၀ ရက်နေ့က ပျောက်ဆုံးနေတယ်လို့ သတင်းထွက်ပေါ်နေတဲ့ ရဲအုပ်တဦး အပါအဝင် ရဲဝန်ထမ်း ၅ ဦးကို မတ်လ ၃၁ ရက် ညနေပိုင်းက ရှူဘုတ်ကောင်းခါးရွာအနီး၊ မုံးပေါ်သွားတဲ့ လမ်းဘေးမှာ သတ်ဖြတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “မုန်းပေါ်သွားတဲ့ လမ်းဘေးမှာ အလောင်းတွေတွေ့တယ်။ ညနေ ၅ နာရီ လောက်မှ သိရတော့ ဘယ်ပရဟိတကမှ သွားမကောက်ရဲဘူး။”လို့ ရဲနဲ့ အသိုင်းအဝိုင်းနဲ့ နီးစပ်သူ ၁ဦးက ပြောပါတယ်။ ‌သတ်ဖြတ်ခံခဲ့ရတဲ့ ရဲဝန်ထမ်းတွေကတော့ ပန်ခမ်းတံတားနဲ့ မြဝတီဘဏ်တွေမှာ တာဝန်ကျသူတွေပါဝင်ပြီး ရဲအုပ် ၁ ဦး၊ ရဲတပ်ကြပ် ၂ ဦး၊ ဒု-တပ်ကြပ် ၁ ဦး၊…

Read More

စစ်ကိုင်းတိုင်းရဲ့ ဝင်ပေါက်နေရာတွေမှာ ဒီကနေ့မနက်ကစပြီး ခရီးသွားတွေကို မှတ်ပုံတင် စစ်ဆေးနေ

ဧပြီ ၊ ၁-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းရဲ့ဝင်ပေါက်နေရာတွေကနေ ဝင်ရောက်လာတဲ့ ခရီးသွားတွေကို ဒီကနေ့မနက်ပိုင်းကစလို့ နိုင်ငံသားမှတ်ပုံတင် စစ်ဆေးတာ အရေးယူတာတွေ စတင်လုပ်ဆောင်နေပြီလို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။ ” အဖွဲ့စုံနဲ့ စစ်ဆေးနေတာပါ ၊ ယာဥ်အားလုံးကို စစ်ဆေးနေတာဖြစ်ပြီး ၊ မှတ်ပုံတင် မပြနိုင်ဘူးဆိုရင် အရေးယူမယ်လို့ သိရတယ် ၊ ဘယ်လို အရေးယူမယ်ဆိုတာတော့ ရှင်းရှင်း လင်းလင်း မသိရသေးဘူး ” လို့ ဒီကနေ့မနက် မန္တလေးဘက်ကနေ စစ်ကိုင်းတိုင်းကို ဝင်လာတဲ့ ခရီးသည်တင် ကားသမားတဦးက ပြောပါတယ်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရုံးနဲ့ နီးစပ်သူတဦးက ” မှတ်ပုံတင်စစ်ဆေးတာတွေ စလုပ်နေတာဖြစ်တယ် ၊ ခရီးသွားတွေအနေနဲ့ မှတ်ပုံတင်ကို တပါးတည်း ယူဆောင်ကြဖို့ နှိုးဆော်ထားတာ ကြာပြီဖြစ်တယ် ၊ မှတ်ပုံတင် မပြနိုင်ဘူးဆိုရင် ၊ သက်ဆိုင်ရာ…

Read More

ဇွဲကပင်တောင်ပေါ်မှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးကို သေဆုံးလျက်ပြန်တွေ့

ဧပြီ ၊ ၁-၂၀၂၂ ND(VOM) ကရင်ပြည်နယ် ၊ ဘားအံမြို့၊ ဇွဲကပင်တောင်မှာ မတ်လ ၃၀ ရက်နေ့ကတည်းက ဘုရားဖူးလာရင်း ပျောက်ဆုံးနေတဲ့ အမျိုးသမီးကို ဒီကနေ့မနက် ၈ နာရီခွဲမှာ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)ကနေ သိရပါတယ်။ သေဆုံးသူ အမျိုးသမီးရဲ့ရုပ်အလောင်းကို ဇွဲကပင်တောင်တက်လမ်း အထက်ရေတံခွန်အကျော် ဘုရားလေးနားက မရမ်းပင်အောက်မှာ သစ်ရွက်တွေနဲ့ အသေအခြာဖုံးအုပ်ထားတဲ့ပုံစံနဲ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)က VOM ကိုပြောပါတယ်။ “ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ ဘားအံမှာရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့နဲ့ လူမှုကူညီရေးအဖွဲ့တွေ ပူးပေါင်းပြီးရှာတာ အမျိုးသမီးရဲ့အလောင်းကိုတော့ သစ်ရွက်တွေနဲ့ သေသေခြာခြာကို ဖုံးထားတဲ့ပုံစံနဲ့တွေ့တယ်လို့ သတင်းရတယ်။ ခေါင်းမှာလည်း ထိခိုက်ဒဏ်ရာပါတယ်လို့ အကြောင်းကြားလာတယ်။ ရုပ်အလောင်းကိုတော့ ဆေးရုံကြီးကို ပို့ပြီး စစ်ဆေးမှုတွေပြုလုပ်ပြီးမှ ဘာဖြစ်တယ်ဆိုတာ အတည်ပြုလို့ရမယ်ဗျ။ အခု သူတို့ တောင်ပေါ်ကနေ ဆင်းဖို့ ပြင်ဆင်နေကြပြီ”လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့…

Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော် ချယ်ရီထက် ကို ထောင်ဒဏ် ၂နှစ်ပြစ်ဒဏ်ချ

မတ် ၃၁-၂၀၂၂ KT(VOM) ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံ​​​တော်ဖြစ်တဲ့ ဒုရဲအုပ်ချယ်ရီထက်ကို ​နေပြည်တော် ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၂နှစ် အမိန့်ချမှတ်လိုက်​တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေ အပြောအရ သိရပါတယ်။ ဒုရဲအုပ် ချယ်ရီထက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း ရဲဝန်ထမ်းဆိုင်ရာ ဥပဒေနဲ့ ထောင် သုံးနှစ် ချမှတ်ပြီးဖြစ်ပါတယ်။ အခု စီရင်ချက်ချတဲ့ ၅၀၅(က)အမှုမှာ ချယ်ရီထက်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားမှု NLD အမတ်တချို့နဲ့ ဆက်သွယ်ခဲ့တဲ့ ကိစ္စတွေကြောင့်လို့ သိရပါတယ်။ ချယ်ရီထက်ကို နေပြည်တော်အချုပ်ထောင်မှာ ထိမ်းသိမ်းထားရာကနေ ရမည်းသင်းထောင်ကို ပို့မယ်လို့လည်း နီးစပ်တဲ့ အသိုင်းအဝိုင်းတွေဆီက သိရပါတယ်။ #voiceofmyanmar #VOM #ချယ်ရီထက်

Read More
VOM News

FREE
VIEW