ရေဖြူမြို့က အထက်တန်းကျောင်းနားမှာ စာမေးပွဲ​ဖြေဖို့ အချိန်ပိုင်းအလို ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့

ဧပြီ ၊ ၁ -၂၀၂၂
SP (VOM)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ ရေဖြူအထက်တန်းကျောင်းနားမှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုတခုဖြစ်ခဲ့တယ်လို့ ရေဖြူမြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက် ၈ နာရီ မိနစ် ၄၀ မှာ ပေါက်ကွဲတာပါ ၊ အဲ့ဒီအချိန်က ကျောင်းထဲကို စာဖြေကျောင်းသားတွေ သွင်းဖို့လုပ်နေတဲ့ အချိန်ဖြစ်တယ် ၊ ထိခိုက်မှုနဲ့ ပတ်သက်ပြီး အခုထိတော့ ရှိတယ်၊မရှိဘူးဆိုတာ မသိရသေးဘူး ” လို့ ရေဖြူမြို့ခံတယောက်က ပြောပါတယ်။

ရေဖြူမြို့ခံ ကျောင်းသားမိဘတဦးက “ပေါက်ကွဲသံက တမြို့လုံးပါးကြားရတယ် ၊ စာသင်ဆောင်နားက ပေါက်တာလို့ ပြောကြတယ် ၊ ဘယ်သူမှ ဝင်ရောက်ကြည့်ရှု့ခွင့် မရဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ထားဝယ်ခရိုင်လုံခြုံရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ” ကျောင်းထဲမှာ ပေါက်ကွဲတာ မဟုတ်ဘူး ၊ ကျောင်းနားကို လက်လုပ်ဗုံးပစ်ပြီး ပြေးသွားတာပါ ၊ အသံဗုံးဖြစ်တဲ့အတွက် လူ ၊ အဆောက်အဦး ထိခိုက်ပျက်စီးတာမရှိသလို ၊ စာမေးပွဲဖြေဆိုတာလည်း ထိခိုက်မှုမရှိဘူး ” လို့ ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲသံကြားရပြီးနောက်ပိုင်း ၊ ကျောင်းအနီးဝန်းကျင်မှာ လုံခြုံရေးယူထားတဲ့ စစ်သားနဲ့ ရဲတွေဟာ ကျောင်းအနီးဝန်းကျင်က လူနေအိမ်တချို့ကို ဝင်ရောက်ရှာဖွေ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ​​ဒီမနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ရေဖြူ အထက်တန်းကျောင်းမှာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ (၁၀၀)နီးပါးရှိတယ်လို့ ပညာရေးဝန်ထမ်းတဦးက အတည်ပြုပြောပါ​သေးတယ်။

ပုံစာ-အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လုံခြုံရေးဆောင်ရွက်နေပုံ
#voiceofmyanmar #VOM #ရေဖြူ #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW