ဇွဲကပင်တောင်မှာ အမျိုးသမီးငယ် အသတ်ခံရမှုနဲ့ ပတ်သက်သူဖမ်းဆီးရမိ

ဧပြီ ၃၊၂၀၂၂
KK(VOM)

ကရင်ပြည်နယ် ၊ ဘားအံမြို့၊ ဇွဲကပင်တောင်မှာ မတ်လ ၃၀ ရက်က အမျိုးသမီးငယ်တစ်ဦးသေဆုံးမှုနဲ့ပတ်က်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့အမျိုးသားကို မနေ့ညပိုင်း ၉နာရီခွဲဝန်းကျင်က ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူရဲအရာရှိတစ်ဦးက ပြောပါတယ်။

“မနေ့ညကပဲ ဖမ်းမိပါတယ် အခုသူ့ကို ထုံးအိုင်နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ် ” လို့ပြောပါတယ်။

ဖမ်းဆီးရမိသူဟာ ဘားအံမြို့နယ် နွားခြံကုန်းကျေးရွာနေ ဒယ်ကလစ်ဆိုသူဖြစ်ပြီး ထုံးအိုင်နယ်မြေရဲစခန်းမှ ပုဒ်မ ၃၀၂ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ရဲတပ်ဖွဲ့က သိရပါတယ်။

ကရင်ပြည်နယ် ၊ ဘားအံမြို့၊ ဇွဲကပင်တောင်မှာ မတ်လ ၃၀ ရက်နေ့ကတည်းက ဘုရားဖူးလာရင်း ပျောက်ဆုံးနေတဲ့ ဒုတိယနှစ်ကျောင်းသူ မဇာခြည်လှိုင်ကို ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းက သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)ကနေ သိရပါတယ်။

ဇွဲကပင်တောင်ပေါ်မှာ၂၀၁၇ ခုနှစ်ကနေ၂၀၂၀ခုနှစ်အတွင်း နိူင်ငံခြားသား(၁)ဦး၊ တက္ကသိုလ်ကျောင်းသူ(၁)ဦးနဲ့ကျောင်းသား(၁)ဦးတို့ ပြုတ်ကျသေဆုံးခဲ့တာလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ဘားအံ #ဇွဲကပင်တောင်

Related posts

Leave a Comment

VOM News

FREE
VIEW