မုံရွာအကျဥ်းထောင် ဆူပူမှုဖြစ်လို့ ပစ်ခတ်နှိမ်နင်းတာမှာ အကျဥ်းသား ၁ ဦးသေ ၊ ၅ ဦး ဒဏ်ရာ

ဧပြီ ၊ ၃ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရုံးကြီးရပ်ကွက် ၊ ရုံးကြီးလမ်းမှာရှိတဲ့ မုံရွာအကျဥ်းထောင်မှာ ဒီကနေ့ ညနေ ၅ နာရီအချိန်ဝန်းကျင်က ထောင်တွင်း ဆူပူသံတွေကြားရပြီးနောက် သေနတ်သံတွေ ထွက်ပေါ်လာတယ်လို့ မုံရွာ အကျဥ်းထောင် အနီးဝန်းကျင်မှာနေတဲ့ ဒေသခံတွေဆီက သိရပါတယ်။ ” အကြောင်းအရာကိုတော့ မသိရသေးဘူး ၊ ထောင်ထဲကနေ ဆူပူသံတွေကြားရပြီးနောက်ပိုင်း သေနတ်သံ လေးငါး ဆယ်ချက်ထက်မနည်း ထွက်ပေါ်လာတယ် ၊ ဆူပူသံတွေ ငြိမ်သွားတယ် ၊ အဲ့ဒီနောက် သေနတ်သံတွေ ထပ်ပြီးကြားရတယ် ၊ ထောင်ထဲကိုလည်း မီးသတ်ကား ၂ စီး အရေးပေါ် ဝင်သွားတာ မြင်လိုက်ရတယ် ” လို့ မုံရွာ အကျဥ်းထောင် အနီးဝန်းကျင်က ဒေသခံ တစ်ယောက်က ပြောပါတယ်။…

Read More

ပါကစ္စတန်၀န်ကြီးချုပ်ကို ဖြုတ်ချဖို့ အတိုက်အခံတွေကြိုးစား၊ ပါလီမန်ဖျက်သိမ်းဖို့ ၀န်ကြီးချုပ်က သမ္မတကို တိုက်တွန်း

အစ္စလာမ္မာဘတ်၊ ဧပြီ-၃-၂၀၂၂ မျိုးဆက်(VOM) ပါကစ္စတန်၀န်ကြီးချုပ် အိုင်မရာခန်းကို ရာထူးမှဖယ်ရှားဖို့ အတိုက်အခံအင်အားစုတွေက ကြိုးပမ်းမှု မှုတွေလုပ်ဆောင်ပြီးနောက် ပါလီမန်ကို ဖျက်သိမ်းဖို့နဲ့ ရွေးကောက်ပွဲသစ်တွေကျင်းပဖို့ ၀န်ကြီးချုပ်က သမ္မတကို တိုက်တွန်းလိုက်ပါတယ်။ ၀န်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆို တင်သွင်းတဲ့ လှုပ်ရှားမှုကြောင့် လွှတ်တော်အတွင်း မတည်မငြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော်ဒုတိယဥက္ကဌက ၀န်ကြီးချုပ်ရှုံးနိမ့်ဖွယ်ရှိတဲ့ အဆိုတင်သွင်းမှုကို မဲခွဲဆုံးဖြတ်ဖို့ ငြင်းဆိုခဲ့ပါတယ်။ ၀န်ကြီချုပ်အိုင်မရာခန်းရဲ့ပါတီမှ လွှတ်တော်ဒုတိယဥက္ကဌရဲ့ ပိတ်ပင်မှုကို ဆန့်ကျင်သွားမယ်လို့ အတိုက်အခံများက ကတိပြုထားပြီး ၀န်ကြီးချုပ်ကို ရာထူးမှဖယ်ရှားရေးနဲ့ ပတ်သက်ပြီး အထူးတရားရုံးချုပ်သို့တင်ပြသွားမယ်လို့ အတိုက်အခံ ပီပီပီ ပါတီအကြီးအကဲက ဆိုပါတယ်။ သူ့ကို ရာထူးမှဖယ်ရှားဖို့ ကြိုးစားမှုဟာ အမေရိကန်ရဲ့ကြိုးကိုင်လုပ်ဆောင်မှုအပါအ၀င် ပြည်ပနိုင်ငံတွေနဲ့ ပူးပေါင်းကြံစည်မှုဖြစ်ကြောင်း ၀န်ကြီးချုပ်က စွပ်စွဲထားပါတယ်။ အဲဒီစွပ်စွဲချက်တွေကို အတိုက်အခံတွေက လှောင်ပြောင်ခဲ့ကြပြီး အမေရိကန်ကလည်း စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။ Ref: BBC Photo:AP #voiceofmyanmar…

Read More

ကိယက်ဗ်ဒေသတစ်ခုလုံးကို ယူကရိန်းတပ်တွေ ပြန်လည်ထိန်းချုပ်၊ ပူတင်နဲ့ ဇီလန်စကီးတို့ တူရကီမှာ ထိပ်သီးဆွေးနွေးဖွယ်ရှိ

ကိယက်ဗ်၊ ဧပြီ-၃-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ ကိယက်ဗ်ဒေသကို ရုရှားတပ်ဖွဲ့တွေထံကနေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ယူကရိန်းလက်ထောက် ကာကွယ်ရေး၀န်ကြီးက ဧပြီ ၂ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အက်ပင်၊ ဘာ့ခါ၊ ဟို့စ်တိုမယ်နဲ့ ကိယက်ဒေသတစ်ခုလုံးဟာ ကျူးကျော်သူတွေထံမှ လွတ်မြောက်ခဲ့ကြောင်း ယူကရိန်းလက်ထောက်ကာကွယ်ရေး၀န်ကြီး ဟန်နာမာလီယာက အခိုင်အမာပြောဆိုပါတယ်။ မြို့နဲ့ကျေးရွာ ၃၀ ကျော်ကိုပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း ယူကရိန်းအစိုးရကလည်း ထုတ်ပြန်ထားပါတယ်။ ရုရှားဟာ ယူကရိန်းမြောက်ပိုင်းမှ သူ့ရဲ့တပ်ဖွဲ့၀င်တွေကို တဖြည်းဖြည်းချင်း ရုပ်သိမ်းနေပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ဒါပေမယ့် ရုရှားတပ်ဖွဲ့၀င်တွေဟာ ယူကရိန်းနိုင်ငံအနှံ့မှာ မိုင်းများထောင်ထားခဲ့ကြောင်း သူကကသတိပေးထားပြီး ပြည်သူတွေအနေနဲ့ နေအိမ်တွေသို့မပြန်မီ ဘေးကင်းလုံခြုံတဲ့အချိန်ထိ စောင့်ဆိုင်းကြဖို့ သမ္မတက တိုက်တွန်းထားပါတယ်။ ယူကရိန်းအရှေ့ပိုင်းတွင်မှာတော့ ရုရှားတပ်ဖွဲ့တွေဟာ ထိုးစစ်အရှိန်မြှင့်တင်နေပြီး ခါကိဗ်မြို့နဲ့ ဒီနီပရိုပက်ထရော့ဗ်ဒေသတွေရှိ ရထားဘူတာတွေအနီးမှာ ယူကရိန်းသံချပ်ကာယာဉ်တွေနဲ့ လောစာဆီကားတွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ဧပြီ ၂ ရက်မှာ…

Read More

သီရိလင်္ကာမှာ ဆန္ဒပြမှုတွေကြောင့် ညမထွက်ရအမိန့် ထုတ်ပြန် ၊ လူမှုကွန်ရက်တွေကိုလည်း ပိတ်ပင်ထား

ကိုလံဘို၊ ဧပြီ-၃-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ စားနပ်ရိက္ခာနဲ့ လောင်စာဆီပြတ်လပ်မှုတွေနဲ့ပတ်သက်ပြီး ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် ၃၆ နာရီ ညမထွက်ရအမိန့်ထုတ်ကို အာဏာပိုင်တွေက ထုတ်ပြန်ထားပြီး လူမှုကွန်ရက်စာမျက်နှာတွေကိုလည်း သီရိလင်္ကာအစိုးရက ဧပြီ ၃ ရက်မှာ ပိတ်ပင်လိုက်ပါတယ်။ အာဏာပိုင်တွေရဲ့ ထောက်ခံချက်မရှိဘဲ မည်သူမဆို အများပြည်သူဆိုင်ရာလမ်းတွေ၊ ပန်းခြံ၊ ရထားနဲ့ ပင်လယ်ကမ်းခြေတွေဆီကို သွားလာခြင်းမပြုဖို့ သမ္မတ ဂိုတာဘာယာဂျပက်ဆာက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ညမထွက်ရအမိန့်ကိုတော့ ဧပြီ ၂ ရက်မှာ စတင်ခဲ့ပါတယ်။ လက်ရှိမှာ ပိတ်ပင်ခံရတဲ့ လူမှုကွန်ရက်တွေထဲမှာ ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ အင်စတာဂရမ်တို့ပါ၀င်ပါတယ်။ ဒါ့အပြင် ၀ပ်စ်အပ် အက်ပလီကေးရှင်းလည်း အသုံးပြုမရဖြစ်နေပြီး ဆက်သွယ်ရေးဆိုင်ရာ တာ၀န်ရှိသူတွေထံမှ တိုက်ရိုက်ညွှန်ကြားမှုအတိုင်းဖြစ်တယ်လို့ မိုလ်ဘိုင်းဖုန်းအသုံးပြုသူတွေထံ စာတိုများပေးပို့ခဲ့ကြောင်း သိရပါတယ်။ မတ် ၃၁ ရက်တွင် သမ္မတအိမ်တော်အနီးမှာ မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားပြီးနောက် နောက်ထပ်ဆန္ဒပြမှုတွေမဖြစ်ပွားစေဖို့ ရည်ရွယ်ပြီး…

Read More

မုံးကိုး စစ်‌ရှောင်ခန်းတွေမှာ နေစရာ၊ စားစရာ ခက်ခဲနေလို့ နောက်မှလာသူတွေကို လက်မခံတော့

ဧပြီ ၃၊ ၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ပေါ်က စစ်‌ရှောင်စခန်းတွေမှာ နေစရာ နဲ့ စားစရာ အခက်အခဲကြောင့် ထပ်မံရှောင်တိမ်း လာသူတွေအချို့ကို လှည့်ပြန် ခိုင်း‌နေရကြောင်း စစ်ရှောင် စခန်းတာဝန်ရှိသူတွေနဲ့ အကူ အညီ ပေးနေသူတွေ ဆီက သိရပါတယ်။ “ဒီကြားထဲမှာ ဆန်နဲ့ ဆီ အရမ်းခက်ခဲနေတယ်။” လို့ စစ်ရှောင် စခန်း‌က တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။ လူဦးရေ ထပ်တိုးလာနေတာကြောင့် သူတို့ကို ထားဖို့ တခြားနေစရာလည်း မရှိ‌ တော့လို့ ပြန်လှည့်ပြန်ခိုင်း‌နေရတာ လို့ဆိုပါတယ်။ “တချို့တွေကို‌ တိုက်ပွဲလည်း မဖြစ်တော့ လက်မခံတော့ဘူး။ သူတို့ကို ထားဖို့ နေစရာ နေရာလည်း မရှိတော့ဘူး။ အစား အသောက်လည်း မရှိတော့လို့။” လို့ နေရာချထားရေးမှာ ကူညီပေးနေသူ…

Read More

ဇွဲကပင်တောင်မှာ အမျိုးသမီးငယ် အသတ်ခံရမှုနဲ့ ပတ်သက်သူဖမ်းဆီးရမိ

ဧပြီ ၃၊၂၀၂၂ KK(VOM) ကရင်ပြည်နယ် ၊ ဘားအံမြို့၊ ဇွဲကပင်တောင်မှာ မတ်လ ၃၀ ရက်က အမျိုးသမီးငယ်တစ်ဦးသေဆုံးမှုနဲ့ပတ်က်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့အမျိုးသားကို မနေ့ညပိုင်း ၉နာရီခွဲဝန်းကျင်က ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူရဲအရာရှိတစ်ဦးက ပြောပါတယ်။ “မနေ့ညကပဲ ဖမ်းမိပါတယ် အခုသူ့ကို ထုံးအိုင်နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ် ” လို့ပြောပါတယ်။ ဖမ်းဆီးရမိသူဟာ ဘားအံမြို့နယ် နွားခြံကုန်းကျေးရွာနေ ဒယ်ကလစ်ဆိုသူဖြစ်ပြီး ထုံးအိုင်နယ်မြေရဲစခန်းမှ ပုဒ်မ ၃၀၂ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ရဲတပ်ဖွဲ့က သိရပါတယ်။ ကရင်ပြည်နယ် ၊ ဘားအံမြို့၊ ဇွဲကပင်တောင်မှာ မတ်လ ၃၀ ရက်နေ့ကတည်းက ဘုရားဖူးလာရင်း ပျောက်ဆုံးနေတဲ့ ဒုတိယနှစ်ကျောင်းသူ မဇာခြည်လှိုင်ကို ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းက သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)ကနေ သိရပါတယ်။ ဇွဲကပင်တောင်ပေါ်မှာ၂၀၁၇ ခုနှစ်ကနေ၂၀၂၀ခုနှစ်အတွင်း နိူင်ငံခြားသား(၁)ဦး၊ တက္ကသိုလ်ကျောင်းသူ(၁)ဦးနဲ့ကျောင်းသား(၁)ဦးတို့ ပြုတ်ကျသေဆုံးခဲ့တာလည်း ရှိခဲ့ပါတယ်။ #voiceofmyanmar #VOM…

Read More
VOM News

FREE
VIEW