သီရိလင်္ကာမှာ ဆန္ဒပြမှုတွေကြောင့် ညမထွက်ရအမိန့် ထုတ်ပြန် ၊ လူမှုကွန်ရက်တွေကိုလည်း ပိတ်ပင်ထား

ကိုလံဘို၊ ဧပြီ-၃-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ စားနပ်ရိက္ခာနဲ့ လောင်စာဆီပြတ်လပ်မှုတွေနဲ့ပတ်သက်ပြီး ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် ၃၆ နာရီ ညမထွက်ရအမိန့်ထုတ်ကို အာဏာပိုင်တွေက ထုတ်ပြန်ထားပြီး လူမှုကွန်ရက်စာမျက်နှာတွေကိုလည်း သီရိလင်္ကာအစိုးရက ဧပြီ ၃ ရက်မှာ ပိတ်ပင်လိုက်ပါတယ်။

အာဏာပိုင်တွေရဲ့ ထောက်ခံချက်မရှိဘဲ မည်သူမဆို အများပြည်သူဆိုင်ရာလမ်းတွေ၊ ပန်းခြံ၊ ရထားနဲ့ ပင်လယ်ကမ်းခြေတွေဆီကို သွားလာခြင်းမပြုဖို့ သမ္မတ ဂိုတာဘာယာဂျပက်ဆာက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ညမထွက်ရအမိန့်ကိုတော့ ဧပြီ ၂ ရက်မှာ စတင်ခဲ့ပါတယ်။ လက်ရှိမှာ ပိတ်ပင်ခံရတဲ့ လူမှုကွန်ရက်တွေထဲမှာ ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ အင်စတာဂရမ်တို့ပါ၀င်ပါတယ်။

ဒါ့အပြင် ၀ပ်စ်အပ် အက်ပလီကေးရှင်းလည်း အသုံးပြုမရဖြစ်နေပြီး ဆက်သွယ်ရေးဆိုင်ရာ တာ၀န်ရှိသူတွေထံမှ တိုက်ရိုက်ညွှန်ကြားမှုအတိုင်းဖြစ်တယ်လို့ မိုလ်ဘိုင်းဖုန်းအသုံးပြုသူတွေထံ စာတိုများပေးပို့ခဲ့ကြောင်း သိရပါတယ်။

မတ် ၃၁ ရက်တွင် သမ္မတအိမ်တော်အနီးမှာ မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားပြီးနောက် နောက်ထပ်ဆန္ဒပြမှုတွေမဖြစ်ပွားစေဖို့ ရည်ရွယ်ပြီး ကန့်သတ်ချက်တွေကို အာဏာပိုင်တွေက ချမှတ်လိုက်တာဖြစ်ပါတယ်။

Ref: BBC
Photo:Getty Images

#voiceofmyanmar #VOM #သီရိလင်္ကာဆန္ဒပြပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW