ပါကစ္စတန်၀န်ကြီးချုပ်ကို ဖြုတ်ချဖို့ အတိုက်အခံတွေကြိုးစား၊ ပါလီမန်ဖျက်သိမ်းဖို့ ၀န်ကြီးချုပ်က သမ္မတကို တိုက်တွန်း

အစ္စလာမ္မာဘတ်၊ ဧပြီ-၃-၂၀၂၂
မျိုးဆက်(VOM)

ပါကစ္စတန်၀န်ကြီးချုပ် အိုင်မရာခန်းကို ရာထူးမှဖယ်ရှားဖို့ အတိုက်အခံအင်အားစုတွေက ကြိုးပမ်းမှု မှုတွေလုပ်ဆောင်ပြီးနောက် ပါလီမန်ကို ဖျက်သိမ်းဖို့နဲ့ ရွေးကောက်ပွဲသစ်တွေကျင်းပဖို့ ၀န်ကြီးချုပ်က သမ္မတကို တိုက်တွန်းလိုက်ပါတယ်။

၀န်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆို တင်သွင်းတဲ့ လှုပ်ရှားမှုကြောင့် လွှတ်တော်အတွင်း မတည်မငြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော်ဒုတိယဥက္ကဌက ၀န်ကြီးချုပ်ရှုံးနိမ့်ဖွယ်ရှိတဲ့ အဆိုတင်သွင်းမှုကို မဲခွဲဆုံးဖြတ်ဖို့ ငြင်းဆိုခဲ့ပါတယ်။

၀န်ကြီချုပ်အိုင်မရာခန်းရဲ့ပါတီမှ လွှတ်တော်ဒုတိယဥက္ကဌရဲ့ ပိတ်ပင်မှုကို ဆန့်ကျင်သွားမယ်လို့ အတိုက်အခံများက ကတိပြုထားပြီး ၀န်ကြီးချုပ်ကို ရာထူးမှဖယ်ရှားရေးနဲ့ ပတ်သက်ပြီး အထူးတရားရုံးချုပ်သို့တင်ပြသွားမယ်လို့ အတိုက်အခံ ပီပီပီ ပါတီအကြီးအကဲက ဆိုပါတယ်။

သူ့ကို ရာထူးမှဖယ်ရှားဖို့ ကြိုးစားမှုဟာ အမေရိကန်ရဲ့ကြိုးကိုင်လုပ်ဆောင်မှုအပါအ၀င် ပြည်ပနိုင်ငံတွေနဲ့ ပူးပေါင်းကြံစည်မှုဖြစ်ကြောင်း ၀န်ကြီးချုပ်က စွပ်စွဲထားပါတယ်။

အဲဒီစွပ်စွဲချက်တွေကို အတိုက်အခံတွေက လှောင်ပြောင်ခဲ့ကြပြီး အမေရိကန်ကလည်း စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။

Ref: BBC
Photo:AP

#voiceofmyanmar #VOM #ပါကစ္စတန်ဝန်ကြီးချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW