မာရီယူပိုလ်မြို့က ယူကရိန်းတပ်တွေ ဒီနေ့နောက်ဆုံး လက်နက်ချဖို့ ရုရှားပြော

မော်စကို၊ ဧပြီ-၁၇-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်တွေ ပိတ်ဆို့ဝိုင်းရံထားတဲ့ နိုင်ငံတောင်ပိုင်း မာရီယူပိုလ်မြို့မှာ ခုခံတိုက်ခိုက်နေဆဲဖြစ်တဲ့ ယူကရိန်းတပ်ဖွဲ့၀င်တွေအနေနဲ့ အသက်ရှင်လိုပါက ဧပြီ ၁၇ ရက် မော်စကိုစံတော်ချိန် နံနက် ၆ နာရီမှာ လက်နက်ချကြဖို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ယူကရိန်းစစ်ပွဲမှာ အပြင်းထန်ဆုံးတိုက်ပွဲတွေဖြစ်ပွားနေပြီး အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ ထောက်ထားမှုဆိုင်ရာကပ်ဘေးဖြစ်ပွားနေတဲ့ မာရီယူပိုလ်မြို့ပြဧရိယာကို ရုရှားတပ်ဖွဲ့တွေက ရှင်းလင်းခဲ့ကြောင်း ရုရှားဘက်က အစောပိုင်းမှာ ထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း သီးခြားအတည်ပြုချက်မရသေးဘူးလို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။ ဒါဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုပြုပြီးနောက်ပိုင်း ရုရှားတပ်တွေရဲ့ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့တဲ့ ပထမဆုံးယူကရိန်းမြို့ကြီး ဖြစ်လာဖွယ်ရှိပါတယ်။ မာရီယူပိုလ်မြို့မှာ ရုရှားတပ်တွေကို တိုက်ခိုက်နေတဲ့ ယူကရိန်းနွှံ ပြည်ပနိုင်ငံတွေက တပ်ဖွဲ့၀င်တွေဟာ အေဇော့ဗ်စတယ် သံမဏိစက်ရုံမှာ ပိတ်မိနေကြောင်း ရုရှားဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ လမ်းညွှန်ချက်တွေအပါအ၀င် အဲဒီနေရာမှာ…

Read More

ရခိုင်က လွတ်ငြိမ်းအကျဥ်းသား ၄၅ ယောက်ထဲမှာ နိုင်ငံရေးအမှုနဲ့အကျဉ်းကျနေသူတွေ မပါဝင်

ဧပြီ ၁၇-၂၀၂၂ SW(VOM) တနိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသား/သူတစ်ထောင်ကျော်ကို ဒီကနေ့ လွှတ်ငြိမ်းခွင့်ပေးရာမှာ ရခိုင်ပြည်နယ်က ၄၅ ယောက် ပါဝင်တယ်လို့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ရဲမှူးကြီး သက်လွင်က အတည်ပြုပြောပါတယ်။ ” ရခိုင်က ၄၅ ယောက်လွတ်တယ်လို့ပဲသိပါတယ်။ ဘယ်မြို့နယ်တွေက ပါတယ်ဆိုတာတော့မသိဘူး။ (total)အားလုံးပေါင်းပဲ သိပါတယ်။” လို့ ပြောပါတယ်။ လွတ်ငြိမ်းခွင့်ရသူတွေထဲမှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့သူတွေမပါဝင်ဘဲ မူးယစ်ဆေးအမှု၊ ခိုးမှုနဲ့ လူသတ်မှုစတဲ့ ရာဇဝတ်အကျဥ်းသားတွေအများစုဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားတွေ ကူညီရေးဆောင်ရွက်နေတဲ့ ဦးဝေဟင်အောင်က ပြောပါတယ်။ အဲဒီ ၄၅ ဦးထဲမှာ စစ်တွေအကျဥ်းထောင်က ၈ ယောက်ပါဝင်ပြီး ကျန်တဲ့ အကျဉ်းသားတွေဟာ တခြားအကျဉ်းထောင်တွေက ဖြစ်ပါတယ်။ လွတ်ငြိမ်းခွင့်ရတဲ့ အကျဥ်းသားတစ်ဦးရဲ့ မိခင်က ” အခုလို လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့အတွက် အရမ်းဝမ်းသာရပါတယ်” လို့ ပြောပါတယ်။ ဒီကနေ့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အကျဥ်းသား/သူ…

Read More

အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဝါရှင်တန်မှာ မေလအတွင်း ကျင်းပမယ်

ဝါရှင်တန်၊ ဧပြီ-၁၇-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို လာမယ့်လအတွင်း ဝါရှင်တန်မှာ ပြုလုပ်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ သမ္မတဂျိုးဘိုင်ဒင်ဟာ မေ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ အထူးထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပမယ်လို့ ဧပြီ ၁၆ ရက်မှာ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်အစိုးရဲ့ ထိပ်တန်းဦးစားပေးကတော့ အရှေ့တောင်အာရှဒေသမှာ ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖြစ် ရပ်တည်ရေးဖြစ်တယ်လို့ အိမ်ဖြူတော်ကဆိုပါတယ်။ အဲဒီထိပ်သီးဆွေးနွေးပွဲဟာ အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန်ရဲ့ ကတိက၀တ်ကို ထပ်လောင်းအတည်ပြုဖို့အတွက် အမေရိကန်ရဲ့ အားထုတ်မှုအဖြစ် တရုတ်နိုင်ငံက ရှုမြင်ထားပါတယ်။ မြန်မာ့အရေးအပါအ၀င် တောင်တရုတ်ပင်လယ်မှာဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ပတ်သက်ပြီး တရုတ်နို်င်ငံဟာ အာဆီယံနိုင်ငံတွေနဲ့ သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ကြား တင်းမာမှုတွေနက်ရှိုင်းလာတာဟာ အာဆီယံအဖွဲ့အကြားကွဲလွဲမှုတွေရှိလာမှာကို အဖွဲ့၀င်နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသတွင်းတည်ငြိမ်မှုကို မထိခိုက်စေတဲ့နည်းလမ်းနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံအဖွဲ့ခေါင်းဆောင်တွေက အမေရိကန်ကို…

Read More

ထောင့်သုံးရာရှစ်ခုနှစ် သင်္ကြန်ရေ(၂)

××××××××××××××××××××××××××× ဆူးငှက် “သန့်ရှင်းဖြူစင် မြတွေတို့အသွင် မြအဆင်းကြည်လင် …ရေလောင်းနှစ်ကူးတဲ့ ခင်တို့ကိုလေ မာပါစေအကြိမ်ကြိမ် ဆုမိန်မိန် မမောတမ်းလောင်းရုံမကသေးပေါင် .. ကျေးဇူးလည်းတင် ဟိုနှစ်ဆီထွင် …တွေ့သားပေါ့ခင့်ကို ဒေဝစ္ဆရာနတ်မျိုးလို့ပဲထင် ဒီနှစ်မြင်ပြန် ယဉ်ပုံတွေ စာဖွဲ့လေမရိုးပေ ခါရေအကြို မှန်တယ်ထင် …” ဆရာမြို့မငြိမ်း ‘အေးအေးချမ်းချမ်း’ တေးသွားငြိမ့်ငြိမ့်နှင့်အတူ ငွေငန်းအလှပြယာဉက ပြန်လည်ထူထောင်ရေးအတွက် အားခဲနေသော မန္တလေးမြို့၏ ပြတိုင်းစေ့ သွားရောက်လှည့်လည်ရင်း အမျိုးသမီးရေသဘင်အသင်းများနှင့် ပျော်ရွှင်စွာ သင်္ကြန်ပွဲ ဆင်နွှဲခဲ့ကြပုံကို ကြုံခဲ့ကြရသူတိုင်းက ယနေ့တိုင် မမောနိုင်၊ မပန်းနိုင် ပြောပြနေကြဆဲ ဖြစ်သည်။ ကွယ်လွန်သူ မြို့မနာယကကြီဦးတင်အေးကမူ ထိုနှစ်(၁၉၄၇)က ငွေငန်းမြို့မ အလှပြယာဉ်ကြီး သူနေထိုင်ရာ ဝါးတန်းရပ်သို့ တစ်ညနေတွင် ဝင်ရောက်လာသောအခါ အသင်းသားများက သီချင်းစာရွက်လေးတွေ ကိုယ်စီကိုင်ပြီး သီချင်းတစ်ပုဒ်ကို သံပြိုင်သီဆို တီးမှုတ်လာကြသည်ဟု ဆို၏။ “ပျော်ပါစေမယ် လာကွယ်အလှရယ် ရေပက်ခံမယ်၊ မြို့မ…

Read More

ထောင့်သုံးရာရှစ်ခုနှစ် သင်္ကြန်ရေ(၁)

××××××××××××××××××××××××××× ဆူးငှက် “အေးအေးချမ်းချမ်း လောင်းစမ်းသင်္ကြန်ရေ မာပါစေ … တောင်းဆုကိုချွေ။ ဖျန်းပက်သူတို့၊ ယဉ်စစချောနွဲ့နွှဲ့လုံမေ … ထောင့်သုံးရာရှစ်ခုနစ် သင်္ကြန်ရေ … စွတ်သူစိုသူ ကြည်ဖြူစွာလေ … စိတ်မှာထင်မြင် ရစင်တွေဖျန်း မောင်ရင်းပမာတမ်းတသူတွေ …” (မြို့မငြိမ်း) ကောဇာသက္ကရာဇ် ၁၃ဝ၈ ခုနှစ် ကုန်ဆုံးချိန် (၁၉၄၇ခုနှစ်)သင်္ကြန်သည် စစ်ကြီးပြီးနောက် မန္တလေး၌ ပထမဦးဆုံး ပြန်လည်စည်ကား အားတက်လာသော သင်္ကြန်လည်း ဖြစ်ပေ၏။ စစ်ကြီးမတိုင်မီက ခြိမ့်ခြိမ့်သည်း ဆင်နွှဲခဲ့သော မန္တလေးသင်္ကြန်သည် စစ်ကြီးကြောင့် အရှိန်အဟုန် ရပ်တန့်သွားခဲ့သည်။ ၁၉၄၅၊ ၁၉၄၆တွင် ပြန်လည်စုစည်း အားယူခဲ့ကြရသည်။ ထို့နောက် ၁၉၄၇ ခုနှစ်မြန်မာသက္ကရာဇ် ၁၃ဝ၈ ခုနှစ် သင်္ကြန်တွင် စိတ်သစ်၊ လူသစ်၊အားမာန်သစ်ဖြင့် အကသင်္ကြန်၊ အလှသင်္ကြန်၊ ဂီတသင်္ကြန်ကြီးအသွင် အပြိုင်အဆိုင် ဖူးပွင့်ကြဖို့ ၁၉၄၇ ခုနှစ်ဆန်းကတည်းက စီစဉ်ခဲ့ကြတော့၏။…

Read More

ပန်ဆုယူ တာရေသွန်းချိန်မို့ (၂)

××××××××××××××××××××× ဆူးငှက် သင်္ကြန်ကာလ မန္တလေး၏ပြလမ်းများပေါ်တွင် ရေပက်ကစားသော ကလေးငယ်ဖြင့်သာ သင်္ကြန်မြင်ကွင်းကို ရိုးရိုးစင်းစင်း မြင်တွေ့ကြရပြီးသကာလ (၁၂၈၇-၈၈) ဝန်းကျင်ကာလများရောက်ပါမှ မန္တလေးမြို့လယ်တွင် နေထိုင်ကြသော ဘာသာခြားကြေးရတတ်များက သူတို့ပိုင်လော်ရီကုန်တင်ကားများပေါ် ရေပက်သည့် ကလေးငယ်များတင်ကာ မြို့အနှံ့ လှည့်လည်မောင်းနှင် ရေပက်ကစားကြတော့ ခေတ်ပညာတတ် မြန်မာလူငယ်များကလည်း မျက်ခုံးပင့်ကြည့်ကာ အားကျ ဝမ်းပါးလာကြ၏။ ဤသို့ဖြင့် လော်ရီမော်တော်ကားတချို့ မြို့ပြအနှံ့ လှည့်လည်ကစားပြန်တော့ ထိုထိုယာဉ်များအား ပြန်လှန်ရေပက်ကြမည့် ကလေးငယ်များကလည်း စောင့်စားစုစည်းမိကာ အပြန်အလှန် ရေပက်ကစားကြရင်းစည်ကားလာသည်။ ဤ’သဘင်’ကို အပျိုပေါက်၊ လူပျိုပေါက်များကလည်း ဘုန်းကြီးကျောင်းရိပ် မလိုက်လိုကြဘဲ ကြည့်ရှုချင်ကြ၏။ “ဟိုလူပက်ပါတော့လား”၊ “ဟိုမိန်းကလေး ပက်ပါတော့လား”ဟု အားပေးချင်လာ၏။ နောက်ဆုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲချင်လာတော့၏။ ဤသို့ဖြင့် နောက်ရက်သင်္ကြန်များတွင် မြန်မာလူငယ်လေးများလည်း နီးစပ်ရာ မော်တော်ယာဉ်များအပေါ် စီးနင်းကြကာ ရေပက်သင်္ကြန်ပွဲပျော်ပျော်ကြီး ဆင်နွှဲကြတော့သည်။ လူကြီးသူမများလည်း ပိပိပြားပြား ပျော်ပါးကြခြင်းမို့ ခွင့်ပြုကြရတော့၏။…

Read More

ပန်ဆုယူ တာရေသွန်းချိန်မို့ (၁)

×××××××××××××××××××× ဆူးငှက် “ထပ်ထပ်ကယ်သာ စောတော့တယ်၊ မြကြောငယ်ရစ်သီ။ ကိုက်ဖူးငယ်စီသည် ပွင့်သိင်္ဂီ ရွှေရင်ခတ်ကယ်တို့ ရှစ်ရပ်ကယ်တစ်ခိုက စိုလှတယ်လေး။” တောင်လေကသုန်သုန်တိုက်လာသည်။ လေသုန်သုန်မှာဖုန်လုံးကြီးတွေဝှေ့ပါလာတတ်သေး၏။ နေကလည်း ရဲရဲပွင့်သည်။ ဖုန်သောသောကပ်၊ ချွေးစိုစိုမှာ လေအဟုန်ကြောင့် တစ်ခဏ၊ တစ်ဒင်္ဂ အပူသက်သာစေ၏။ သို့သော် နေအပူကို လေမကူနိုင်ပါချေ။ ကောင်းကင်သည် ဟင်းလင်းပွင့်နေ၏။ မြူတိမ်တစ်စ ကြက်မတစ်ဝပ်စာ ပြာလွင်လွင်သည် အရပ်ရှစ်မျက်နှာမှ စုန်စုန့်တက်လာကာ တလောကလုံး ဖုံးလွှမ်းထားသည်။ ကောင်းကင်ပြာအောက်တွင် ရိုးတံကျဲသစ်ပင်တချို့ ပုရစ်ဖူးနုနုဖြင့် အစိမ်းသစ် ဆင်ထားသည်။ အပြာ နှင့် အစိမ်းနုက အပူရောင် အဝါကို အနားသပ်ထားသဖြင့် တန်ခူးဆန်းစ “နွေ”သည်နေပျော်ပါသေး၏။တော်သေးသည်။ သဘာဝသည် ‘အကောင်း’ဘက်က စစ်ကူထိုးပေးသည်။ ရွက်ဖူးကိုက်စီအစိမ်းမှာ လဲ့လဲ့ရွှေရောင် ပွင့်ငုံဖူးလေးတွေလည်း စွင့်လာဖို့ အားယူလာသည်။ မကြာမီ ရွှေရင်ခတ်တို့ ဝါဝါထိန်လာတော့မည်။ သည်လိုဖြင့် လောကရှစ်ခွင် ကြည်နူးသာယာဖွယ်အတိ ဖြစ်တော့မှာသေချာသည်။…

Read More

ဂျပန်နိုင်ငံ တိုကျိုရောက်မြန်မာတွေရဲ့ အဝေးရောက်သင်္ကြန်နဲ့ ဈေးရောင်းပွဲ

သတင်းဓါတ်ပုံ Maung Tun Wai ကိုဗစ်ကြောင့် အရင်နှစ်တွေက မကျင်းပနိုင်တဲ့ ဂျပန်ရောက်မြန်မာတွေရဲ့ သင်္ကြန်ပွဲကို ဒီနှစ်မှာပြန်လည်ကျင်းပခွင့်ရခဲ့ပါတယ်။ မင်္ဂလာဒိုးအဖွဲ့ရဲ့ သံချပ်တေးသံသာတွေ ၊ယိမ်းအကတွေ ၊ မြန်မာပြည်အလွမ်းပြေ စားစရာတွေ ရောင်းချပြီး ရံပုံငွေရှာဖွေခဲ့ ကြတယ်လို့ ဒီပွဲမှာ ပါဝင်ခဲ့တဲ့ ကိုထွန်းဝေက ပြောပါတယ်။ #voiceofmyanmar #VOM #ဂျပန်သင်္ကြန်

Read More

တောင်ဥက္ကလာပ KBZ ဘဏ် ဓားပြတိုက်ရာမှာ ပါဝင်သူတွေကို ဖမ်းမိတယ်လို့သိရ

ဧပြီ ၁၀-၂၀၂၂ KK(VOM) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် KBZ ဘဏ်ခွဲဓားပြတိုက်မှုမှာ ပါဝင်သူတွေကို ဒီကနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းက သိရပါတယ်။ ဘဏ်ဓားပြတိုက်မှုမှာပါဝင်သူ ၇ဦးကို သုံးခွမြို့၊ သိုက်တူးကန်ကျေးရွာ၊ ပိုးဖလံကွင်းလယ်တဲမှာ ဒီကနေ့ နေ့လယ်(၁)နာရီက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူရဲအရာရှိတဦးကပြောပါတယ်။ “အားလုံး ၇ဦး ဖမ်းမိတယ် ငွေတွေရော သေနတ်ရယ် ဗုံးတစ်လုံရယ်၊ နောက်ထပ်ပါဝင်သူတွေကို ကွင်းဆက်နဲ့လိုက်နေပါတယ်”လို့ သူကပြောပါတယ်။ ဖမ်းဆီးရမိသူတွေကတော့ ကိုဟိန်းထက်ဇော်၊စည်သူ၊ဟိန်းမင်းသန့်၊သန်းဇော်ထွေး၊လှိုင်ဘွားအောင်၊ဇာနည်ထက်၊ပြည့်ဖြိုးကျော် တို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက် သံသုမာလမ်းနဲ့ မင်းရဲကျော်စွာ (၉) လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ ၂၀ မှာ ဧပြီလ ၆ ရက် နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်းနှစ်ထောင်ကျော်ပါသွားတယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နစကအစိုးရလက်ထက်မှာ မြန်မာတစ်နိူင်ငံတဝန်း ဓားပြတိုက်မှု ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး KBZ…

Read More

ရွှေဘိုမြို့က မဟာနန္ဒာကန်တော်ကြီးထဲမှာ ရေဆင်ချိုးတဲ့သူ ၂ ဦးရေနစ်လို့ ၁ဦးသေ ၊၁ဦး ဆေးရုံတင်ထားရ

ဧပြီ ၊ ၁၀-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာ၊ မဟာနန္ဒာကန်တော်ကြီး၊ ဘီလူးပြွန်အနီးမှာ ဒီကနေ့ ၊ နေ့လယ်ပိုင်းက လူ(၂)ဦး ရေနစ်ခဲ့တယ်လို့ ရွှေဘိုမြို့ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဘီလူးပြွန်ဝနား ရေဆင်းချိုးတဲ့ အမျိုးသားတဦးနဲ့ ကလေးငယ် အမျိုးသမီးတဦး ရေနစ်တာပါ ၊ ကလေးဖြစ်သူကို အသက်ရှင်လျက် ပြန်ကယ်နိုင်ခဲ့ပြီး လူကြီးကတော့ သေဆုံးပြီးမှ ပြန်ဆယ်လို့ရခဲ့တယ် “လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် ရွှေဘိုမြို့နယ် မီးသတ်အဖွဲ့နဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က အသက်ရှင်လျက် ကယ်ဆယ်လိုက်နိုင်တဲ့ ကလေးငယ်ကို ရွှေဘို ပြည်သူ့ဆေးရုံးကြီးဆီ ဆေးကုသဖို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။ အခုလို အပူလွန်ကဲတဲ့ ရာသီဥတုမှာ ရွှေဘိုမြို့နယ်ထဲက မြစ်ချောင်းအင်းအိုင်တွေထဲမှာ လူသူကင်းမဲ့နေတဲ့အချိန် ရေဆင်းမချိုးဖို့ လိုအပ်တယ်လို့ ရွှေဘိုမြို့ခံတွေက သုံးသပ်ပြောဆိုထားပါတယ်။ #voiceofmyanmar…

Read More
VOM News

FREE
VIEW