ဇွန် ၂၀-၂၀၂၂
VOM (GG)
၀ ဒေသကို လော့ခ်ဒေါင်းပယ်ဖျက်ပြီး ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ဒီနေ့ဇွန်လ ၂၀ ရက်နေ့မှာ ပြင်ပဆက်ဆံရေးရုံးက အသိပေးထုတ်ပြန်ပါတယ်။
ဒါပေမယ့် ‘ဝ’ ဒေသကို ဝင်ရောက်မယ့်သူတွေအနေနဲ့ ဂိတ်တွေမှာ ကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးချက်ယူရမှာဖြစ်ပြီး ပိုးတွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ ကွာရန်တင်း ၁၄ ရက်ဝင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
“တန့်ယန်းလမ်းကြောင်းနဲ့ ကျိုင်းတုံလမ်းကြောင်း ပြန်ဖွင့်ပြီ၊သွားလာလို့ရပြီ။ကျနော်တို့ကြားတာကတော့ အဝင်မှာ ကိုဗစ်ကင်းကြောင်း စစ်ဆေးချက်ပြရမယ်။ဝ ဂိတ်ကလည်း ထပ်စစ်မယ်၊ပိုးတွေ့တွေ့ မတွေ့တွေ့ ကွာရန်တင်းဝင်ရမယ်ကြားပါတယ်။ကိုယ့်စားရိတ်နဲ့ကိုဝင်ရမယ် “လို့ ဝဒေသမှာအလုပ်လုပ်ကိုင်နေသူတဦးကပြောပါတယ်။
ဝ ‘ဒေသကို ဝင်ရောက် မယ့်သူတွေအနေနဲ့
နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကတ်ကိုင်ဆောင်ထား သူများဖြစ်ဖို့လိုအပ်ပြီး မှတ်ပုံတင်နဲ့ နီးစပ်ရာဆက်ဆံရေးရုံးမှာ စာရင်းပေးသွင်းရမယ်လို့ ပြင်ပဆက်ဆံရေးရုံးက ပြောဆိုထားပါတယ်။
ဒါကြောင့် ဝဒေသဝင်ရောက်လိုသူတွေအနေနဲ့ ပြင်ပ ဆက်ဆံရေးရုံးတွေရှိတဲ့ လားရှိုး၊ တန့်ယန်းရုံး၊ကျိုင်းတုံရုံးနဲ့ တာချီလိတ်ရုံးတွေမှာ စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။
ဝ ‘ ဒေသ ၀င်ရောက်ခွင့်ကို UWSA ဗဟိုဋ္ဌာနချုပ်ရဲ့ ညွှန်ကြားချက်အရ ဆောင်ရွက်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
၀ ဒေသကို ကိုဗစ်ကြောင့် ၂၀၂၀ခုနှစ်ထဲက ပိတ်ထားတာဖြစ်ပြီး အခုမှာတော့ ပြန်ဖွင့်ပေးလိုက်တာဖြစ်တယ်။
#voiceofmyanmar #VOM #၀ဒေသ #ပြန်၀င်ခွင့်ပြု #ကွာရန်တင်း၀င်ရမယ်