ဝ ဒေသကို ပြန်လည်ဝင်ရောက်ခွင့်ပြုလိုက်ပေမယ့် ကွာရန်တင်း ၂ပတ်ဝင်ရမယ်

ဇွန် ၂၀-၂၀၂၂
VOM (GG)

၀ ဒေသကို လော့ခ်ဒေါင်းပယ်ဖျက်ပြီး ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ဒီနေ့ဇွန်လ ၂၀ ရက်နေ့မှာ ပြင်ပဆက်ဆံရေးရုံးက အသိပေးထုတ်ပြန်ပါတယ်။

ဒါပေမယ့် ‘ဝ’ ဒေသကို ဝင်ရောက်မယ့်သူ​​တွေအနေနဲ့ ဂိတ်တွေမှာ ကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးချက်ယူရမှာဖြစ်ပြီး ပိုးတွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ ကွာရန်တင်း ၁၄ ရက်ဝင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

“တန့်ယန်းလမ်းကြောင်းနဲ့ ကျိုင်းတုံလမ်းကြောင်း ပြန်ဖွင့်ပြီ၊သွားလာလို့ရပြီ။ကျနော်တို့ကြားတာကတော့ အဝင်မှာ ကိုဗစ်ကင်းကြောင်း စစ်ဆေးချက်ပြရမယ်။ဝ ဂိတ်ကလည်း ထပ်စစ်မယ်၊ပိုးတွေ့တွေ့ မတွေ့တွေ့ ကွာရန်တင်းဝင်ရမယ်ကြားပါတယ်။ကိုယ့်စားရိတ်နဲ့ကိုဝင်ရမယ် “လို့ ဝဒေသမှာအလုပ်လုပ်ကိုင်နေသူတဦးကပြောပါတယ်။

ဝ ‘ဒေသကို ဝင်ရောက် မယ့်သူတွေအနေနဲ့
နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကတ်ကိုင်ဆောင်ထား သူများဖြစ်ဖို့လိုအပ်ပြီး မှတ်ပုံတင်နဲ့ နီးစပ်ရာဆက်ဆံရေးရုံးမှာ စာရင်းပေးသွင်းရမယ်လို့ ပြင်ပဆက်ဆံရေးရုံးက ပြောဆိုထားပါတယ်။

ဒါကြောင့် ဝဒေသဝင်ရောက်လိုသူတွေအနေနဲ့ ​ပြင်ပ ဆက်ဆံရေးရုံးတွေရှိတဲ့ လားရှိုး၊ တန့်ယန်းရုံး၊ကျိုင်းတုံရုံးနဲ့ တာချီလိတ်ရုံးတွေမှာ စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

ဝ ‘ ဒေသ ၀င်ရောက်ခွင့်ကို UWSA ဗဟိုဋ္ဌာနချုပ်ရဲ့ ညွှန်ကြားချက်အရ ဆောင်ရွက်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

၀ ဒေသကို ကိုဗစ်ကြောင့် ၂၀၂၀ခုနှစ်ထဲက ပိတ်ထားတာဖြစ်ပြီး အခုမှာတော့ ပြန်ဖွင့်ပေးလိုက်တာဖြစ်တယ်။

#voiceofmyanmar #VOM #၀ဒေသ #ပြန်၀င်ခွင့်ပြု #ကွာရန်တင်း၀င်ရမယ်

Related posts

Leave a Comment

VOM News

FREE
VIEW