ဂန့်ဂေါမြို့နယ်မှာ တိုက်ပွဲကျန် ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၂ ဦးသေဆုံး

ဇွန် ၊ ၂၀- ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ၊ ကန်ရွာအနီး ဂန့်ဂေါ-ကလေး ကားလမ်း ၊ ကျောက်ဂူတောရကျောင်းနားမှာ မနေ့ ဇွန် ၁၉ ရက် ညပိုင်းက တိုက်ပွဲကျန် ဗုံးသီး ၁ လုံး ပေါက်ကွဲတဲ့အတွက် ကလေးငယ် ၂ ဦး သေဆုံးခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ် ။ ” ညကဖြစ်တာပါ ၊ တိုက်ပွဲကျန် ၄၀ မမ ဗုံးသီးကို ကလေးတွေက ကောက်ယူလာတာ ၊ တဲရောက်တော့မှ ပေါက်ကွဲသွားတယ် ၊ ဗုံးစထိမှန်ပြီး မောင်ပြည့်စုံမောင်နဲ့ မောင်မင်းထွဋ်ဇော် ၂ ယောက်စလုံးက ၇ နှစ်အရွယ် သေဆုံးတာ “လို့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ်။…

Read More

ဝ ဒေသကို ပြန်လည်ဝင်ရောက်ခွင့်ပြုလိုက်ပေမယ့် ကွာရန်တင်း ၂ပတ်ဝင်ရမယ်

ဇွန် ၂၀-၂၀၂၂ VOM (GG) ၀ ဒေသကို လော့ခ်ဒေါင်းပယ်ဖျက်ပြီး ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ဒီနေ့ဇွန်လ ၂၀ ရက်နေ့မှာ ပြင်ပဆက်ဆံရေးရုံးက အသိပေးထုတ်ပြန်ပါတယ်။ ဒါပေမယ့် ‘ဝ’ ဒေသကို ဝင်ရောက်မယ့်သူ​​တွေအနေနဲ့ ဂိတ်တွေမှာ ကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးချက်ယူရမှာဖြစ်ပြီး ပိုးတွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ ကွာရန်တင်း ၁၄ ရက်ဝင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ “တန့်ယန်းလမ်းကြောင်းနဲ့ ကျိုင်းတုံလမ်းကြောင်း ပြန်ဖွင့်ပြီ၊သွားလာလို့ရပြီ။ကျနော်တို့ကြားတာကတော့ အဝင်မှာ ကိုဗစ်ကင်းကြောင်း စစ်ဆေးချက်ပြရမယ်။ဝ ဂိတ်ကလည်း ထပ်စစ်မယ်၊ပိုးတွေ့တွေ့ မတွေ့တွေ့ ကွာရန်တင်းဝင်ရမယ်ကြားပါတယ်။ကိုယ့်စားရိတ်နဲ့ကိုဝင်ရမယ် “လို့ ဝဒေသမှာအလုပ်လုပ်ကိုင်နေသူတဦးကပြောပါတယ်။ ဝ ‘ဒေသကို ဝင်ရောက် မယ့်သူတွေအနေနဲ့ နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကတ်ကိုင်ဆောင်ထား သူများဖြစ်ဖို့လိုအပ်ပြီး မှတ်ပုံတင်နဲ့ နီးစပ်ရာဆက်ဆံရေးရုံးမှာ စာရင်းပေးသွင်းရမယ်လို့ ပြင်ပဆက်ဆံရေးရုံးက ပြောဆိုထားပါတယ်။ ဒါကြောင့် ဝဒေသဝင်ရောက်လိုသူတွေအနေနဲ့ ​ပြင်ပ ဆက်ဆံရေးရုံးတွေရှိတဲ့ လားရှိုး၊ တန့်ယန်းရုံး၊ကျိုင်းတုံရုံးနဲ့ တာချီလိတ်ရုံးတွေမှာ စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။ ဝ ‘…

Read More

သထုံမြို့နယ်မှာ ငွေစက္ကူအတု ပြုလုပ်သူ(၄)ဦး ဖမ်းဆီးရမိ

ဇွန်၂၀၊၂၀၂၂ KK(VOM) သထုံမြို့နယ်က အောက်ကျင်းရပ်ကွက်နဲ့ သုဓမ္မဝတီမြို့သစ်၊ (က)ရပ်ကွက်မှာ မနေ့ ဇွန်၁၉ရက် ညပိုင်းက ငွေစက္ကူအတုပြုလုပ်သူ ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ငွေစက္ကူအတုတွေသုံးစွဲနေတယ်ဆိုတဲ့ သတင်းအရ ရဲတွေဟာ မနေ့ည ဆယ်နာရီခွဲက အောက်ကျင်းရပ်ကွက်က နေအိမ်တအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ရာကနေ ကွင်းဆက်တွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “အောက်ကျင်းရပ်ကွက်က အိမ်မှာ ငါးထောင်တန်ငွေစက္ကူအတုသုံးရွက်မိတာလို့ ကွင်းဆက်အနေနဲ့ မြို့သစ် (က)ရပ်ကွက်မှာ ထပ်မိတာ၊ အဲ့ဒီမှာတော့ ငွေစက္ကူအတုတွေရော လုပ်တဲ့စက်တွေရော မိတာ”လို့ သူကပြောပါတယ်။ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်၊ ကန်ညီနောင်ပိုင်း၊ ကိုးအိမ်စုလမ်းက နေအိမ်တစ်အိမ်ကို မနေ့ည ဆယ်နာရီခွဲက ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ငါးထောင်တန် ငွေစက္ကူအတုသုံးရွက်ကိုတွေ့ရှိခဲ့ပြီး စစ်ဆေးမေးမြန်းရာ သုဓမ္မဝတီမြို့သစ် (က) ရပ်ကွက်ကနေ ရရှိခဲ့တယ်လို့ ထွက်ဆိုချက်အရ ဆက်လက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။…

Read More

ရုရှားရဲ့ ရေနံတွေ တရုတ်နိုင်ငံကို လျှော့စျေးနဲ့ ရောင်းချနေ

မော်စကို၊ ဇွန်-၂၀-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းအရေးကြောင့် ရုရှားအပေါ် အရေးယူပိတ်ဆိုမှုတွေရှိနေပေမယ့် ရုရှားဟာ ရေနံစိမ်းတွေကို တရုတ်နိုင်ငံသို့ စျေးလျှော့ရောင်းချနေတာကြောင့် တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ရေနံတင်သွင်းသူဖြစ်လာပါတယ်။ ရုရှားရဲ့ရေနံတင်သွင်းမှုဟာ အစောပိုင်းကထက် ၅၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ အကြီးဆုံးသော ရေနံတင်သွင်းသူ ဆော်ဒီအာရေဗျထက်ပိုပြီး မေလအတွင်းမှာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကိုဗစ်ကန့်သတ်ချက်တွေ၊ စီးပွားရေးနှေးကွေးမှုတွေကြောင့် ၀ယ်လိုအားကျဆင်းနေပေမယ့် ရုရှားဆီက ရေနံတွေကိုတော့ အရှိန်မြှင့်၀ယ်ယူလျှက်ရှိပါတယ်။ အရှေ့ဆိုက်ဘေးရီးယား ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး ပိုက်လိုင်း အပြင် ပင်လယ်ရေကြောင်းမှ တင်ပို့မှုအပါအ၀င် တရုတ်နိုင်ငံသို့ ရုရှားရဲ့ ရေနံတင်ပို့မှုဟာ မေလအတွင်းမှာ တန်ချိန် ၈ ဒသမ ၄၂ သန်းနီးပါးရှိကြောင်း တရုတ်အကောက်ခွန်ဌာနက ထုတ်ပြန်တဲ့အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ယခင်က တရုတ်နိုင်ငံရဲ့ အများဆုံးရေနံတင်သွင်းတဲ့ ဆော်ဒီအာရေဗျဟာ ရေနံတင်သွင်းမှု တန်ချိန် ၇ ဒသမ ၈၂ သန်းနဲ့ ဒုတိယနေရာမှာသာ…

Read More

စက်သုံးဆီနဲ့ဓာတ်မြေသြဇာဈေးတွေမြင့်တက်နေလို့ ဧရာဝတီတိုင်းကတောင်သူတွေ အခက်အခဲဖြစ်နေ

ပုသိမ်၊ ဇွန် ၂၀-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းက လယ်သမားအများစုဟာ စက်သုံးဆီဈေးနဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ တဟုန်တိုးမြင့်တက်နေလို့ ဒီနှစ်မိုးရာသီထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းလုပ်တဲ့အခါ အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။ ဧရာဝတီတိုင်းက လယ်သမားတွေဟာ ထွန်စက်တွေကို အသုံးပြုနေကြပြီး လက်ရှိမှာတော့ ဒီဇယ်ဆီဈေးနှုန်းတွေ အရင်ကထက် လေးဆခန့်မြင့်နေခြင်းနဲ့ စက်သုံးဆီဝယ်တဲ့အခါ လိုသလောက်မရဖြစ်နေလို့ စပါးစိုက်ပျိုးရာမှာ ပိုပြီးအခက်ကြုံနေရတယ်လို့ဒေသခံတောင်သူတွေဆီကသိရပါတယ်။ “မကြာခင်မိုးစပါးတွေက စတင်စိုက်တော့မယ် ၊ စက်သုံးဆီတွေက မတရားထိုးတက်လာတာ။ အရင်ငါးလထက်တောင် ပိုပြီး ဈေးတက်သွားပြီ။ ပြီးတော့လယ်ထွန်စက်တွေအတွက်သုံးနေတဲ့ ဒီဇယ်ကလည်းအရင်လို သိပ်ဝယ်မရတော့ဘူး။ တခါတလေ လုံးဝဝယ်မရတာတောင်ရှိလာတယ်။ ဒီလိုအခက်အခဲတွေကြောင့် အခုအချိန်အထိစပါးစိုက်ဖို့ ဘာမှမလုပ်ရသေးဘူး။”လို့ မော်လမြိုင်ကျွန်းမြို့နယ်မှ လယ်သမားတဦးကပြောပါတယ်။ ဧရာဝတီတိုင်းမှာ ဒီကနေ့ဇွန်လ ၂၀ ရက်မှာတော့ စက်သုံးဆီပေါက်ဈေးနှုန်းမှာ အောက်တိန်း(92) တလီတာကို ၂၇၀၀ ကျပ်၊အောက်တိန်း(95) တလီတာကို ၂၅၅၅ ကျပ်၊ဒီဇယ်(ရိုးရိုး)တလီတာကို ၂၉၀၀ ကျပ်၊ပရီမီယံဒီဇယ်(ပရီမီယံ)တလီတာကို ၂၈၅၅ ကျပ် ဈေးရှိနေပြီး…

Read More

မြန်မာနိုင်ငံကို ပြန်ခွင့်ရရေး ဘင်္ဂလားဒေ့ရ်ှက ရိုဟင်ဂျာတွေ ဆန္ဒပြနေကြ

ဒါကာ၊ ဇွန်-၂၀-၂၀၂၂ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရ်ှအရှေ့တောင်ပိုင်း ကော့ဘဇားဒေသရှိ ဒုက္ခသည်စခန်းက ရိုဟင်ဂျာထောင်ပေါင်းများစွာဟာ မြန်မာနိုင်ငံကို ဘေးကင်းစွာပြန်နိုင်ရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေရရှိဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက စီစဉ်ပေးဖို့ ဇွန် ၁၉ ရက်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ Ukhiya နဲ့ Teknaf ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေဟာ ဇွန် ၁၉ ရက်မနက်ပိုင်းမှာ စုဝေးပြီး တပြိုက်နက် ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာ့ဒုက္ခသည်များနေ့အကြိုမှာ မြန်မာနိုင်ငံကိုပြန်လိုကြောင်း ကမ္ဘာကသိရှိဖို့တွက် ဒီလိုဆန္ဒပြတောင်းဆိုရတာဖြစ်ကြောင်း၊ နေရပ်ကို ဘေးကင်းလုံခြုံစွာ မပြန်မီမှာ နိုင်ငံသားဖြစ်ခွင့်လိုအပ်တယ်လို့ ပွဲစီစဉ်သူ Ansar Ali က ပြောပါတယ်။ ရေရှည်တည်တံ့တဲ့ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို ချက်ချင်းလုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ရိုဟင်ဂျာတွေက တောင်းဆိုခဲ့ပြီး “ အိမ်ပြန်ကြစို” “ ညှဉ်းပန်းနှိပ်စက်ခံရသော ရိုဟင်ဂျာ” စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ တောင်းဆိုချက်…

Read More

ကိုလံဘီယာမှာ လက်ဝဲ၀ါဒီ သူပုန်ဟောင်းတဦး သမ္မတအဖြစ် ရွေးချယ်ခံရ

ဘိုဂိုတာ၊ ဇွန်-၂၀-၂၀၂၂ မျိုးဆက်(VOM) လက်ဝဲ၀ါဒီဖြစ်တဲ့ ဘိုဂိုတာမြို့တော်၀န်ဟောင်းနဲ့ သူပုန်ဟောင်းတစ်ဦးဖြစ်သူ ဂတ်စတာဗိုပက်ထရိုဟာ ကိုလံဘီယာသမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း တာ၀န်ရှိသူတွေက ကြေညာပါတယ်။ လက်ရှိမှာ အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ မစ္စတာပက်ထရိုဟာ ဇွန် ၁၉ ရက်မှာ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ယာယိမ်းဖြစ်သူ ဆောက်လုပ်ရေးသူဌေးကြီး ရိုဒိုဖိုဟာနန်ဒက်ဇ်ကို အနိုင်ယူခဲ့ပါတယ်။ မစ္စတာပက်ထရိုဟာ ကိုလံဘီယာရဲ့ ပထမဆုံးလက်ဝဲခေါင်းဆောင်ဖြစ်လာဖို့ ပြိုင်ဘက်ဖြစ်သူကို မဲအရေအတွက် ခုနှစ်သိန်းကျော် ၅၀ ဒသမ ၅ ရာခိုင်နှုန်းအသာနဲ့ အနိုင်ယူခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရခြင်းဟာ ဘုရားသခင်နဲ့ ပြည်သူတွေရဲ့ အောင်ပွဲဖြစ်တယ်လို့ သူကပြောပါတယ်။သူ့ရဲ့ ရွေးကောက်ပွဲ မိတ်ဖက်ဖြစ်သူ ဖရန်စီယာမားကတ်ဇ်ဟာလည်း ပထမဆုံးသော လူမည်းအမျိုးသမီး ဒုတိယသမ္မတဖြစ်လာမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်ကြောင့် နိုင်ငံရေးဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်ပွားလာနိုင်ကြောင်း စိုးရိမ်မှုတွေကြောင့် ရဲနဲ့ စစ်သား သုံးသိန်းနှစ်သောင်းကို ရွေးကောက်ပွဲကာလအတွင်း ဖြန့်ကြက်ခဲ့ရပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #ဘိုဂိုတာ

Read More

ရေတာရှည်မြို့နယ်မှာ တရက်တည်းရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး အသတ်ခံရ

ဇွန် ၂၀-၂၀၂၂ GG(VOM) ပဲခူးတိုင်းအရှေ့ခြမ်း ရေတာရှည်မြို့နယ်မှာ တရက်တည်း ရပ်ကျေးအုပ်ချုပ်ရေးမှူး နဲ့ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။ အသတ်ခံရသူတွေတော့ ရေတာရှည်မြို့ ၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းနိုင်ဆိုသူ နဲ့ ရေနီမြို့၊ ရဲကုန်း ကျေးရွာအုပ်စု၊ ဝါးရုံလဲကျေးရွာ ရာအိမ်မှူးအေးမင်းဆန်း ဆိုသူတို့ဖြစ်ပြီး နှစ်ယောက်လုံးဟာ မနေ့ ဇွန် ၁၉ ရက်နေ့မှာ သေနတ်နဲ့ပစ်သတ်ခံရတာဖြစ်တယ်လို့သိရပါတယ်။ ” အုပ်ကြီးက အရင်ကလည်း သူ့အိမ်ဗုံးခွဲခံရတယ်။သူ့ကို မုန်းတဲ့သူအတော်လေးများတယ်။ အခုအပစ်ခံရတာလည်း သူ့ကွမ်းယာဆိုင်မှာပဲ။နေရာမှာ ပွဲချင်းပြီးပဲ”လို့ ဒေသခံတဦးကပြောပါတယ်။ အုပ်ချုပ်ရေးမှူး နဲ့ရာအိမ်မှူး အသတ်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာရပ်ကွက်နဲ့ကျေးရွာတွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အုပ်ချုပ်ရေးမှူး နဲ့ရာအိမ်မှူး အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာတော့ ဒီနေ့အထိ အသိပေးထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ရေတာရှည်မြို့နယ် အမှတ် (၄) ရပ်ကွက်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၃…

Read More

ရေဦးမြို့နယ်မှာ စွန့်ပစ်ထားတဲ့ လူသေ ၂ လောင်းတွေ့

ဇွန် ၊ ၂၀-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့နယ် ၊ ရွာမိသာကျေးရွာနားက မူးမြောင်းထဲမှာ မနေ့ ဇွန် ၁၉ ရက် ညနေပိုင်းက သတ်ဖြတ်စွန့်ပစ်ထားတဲ့ လူသေ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာ တွေ့ရတာပါ ၊ ရွာမိသာ နဲ့ နှောကုန်း မူးမြောင်းထဲကဖြစ်တယ် အမျိုးသား အလောင်း ၂ လောင်းပါ ” လို့ နယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ရေဦးမြို့နယ်ရဲတပ်ဖွဲ့က ” လက်တလော သေမှုသေခင်းဖွင့် စစ်နေပါတယ် ၊ ပေါ်ပေါက်ချက်အရ အကြမ်ဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ပြောင်းလဲအရေးယူမှာပါ ” လို့…

Read More

ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်ကြားက ရွာပေါင်း ၁ ဒါဇင်ကျော်က လူတွေ ထွက်ပြေးနေရ

ဇွန် ၊ ၂၀ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ်ရဲ့ မြောက်ပိုင်း ကျွန်းလှမြို့နယ်နဲ့ကြားက ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံပြည်သူ ၃ ထောင်ကျော်ဟာ ပစ်ခတ်တာတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကန့်ဘလူမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” ပစ်ခတ်တာတွေကြောင့် ရွာထဲကို လက်နက်ကြီး ကျည်တွေကျတယ် ၊ ပစ်တာက ၂ ဖက် ပစ်တာဖြစ်လို့ ၊ ဘယ်အဖွဲ့က ပစ််တဲ့ လက်နက်ကြီး ကျည်မှန်း မသိရဘူး “လို့ မန်ကျည်းကုန်းရွာခံတစ်ယောက်က ပြောပါတယ်။ အဲ့ဒီလို ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ရွာခံတချို့ ထိမှန်ဒဏ်ရာရတဲ့အတွက် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင် နေရတာဖြစ်တယ်လို့ သိရပါတယ်။ ” ညောင်ကုန်း ၊ ပလူသာ ၊ မန်ကျည်းကုန်း၊ သရက်တော…

Read More
VOM News

FREE
VIEW