ကိုလံဘီယာမှာ လက်ဝဲ၀ါဒီ သူပုန်ဟောင်းတဦး သမ္မတအဖြစ် ရွေးချယ်ခံရ

ဘိုဂိုတာ၊ ဇွန်-၂၀-၂၀၂၂
မျိုးဆက်(VOM)

လက်ဝဲ၀ါဒီဖြစ်တဲ့ ဘိုဂိုတာမြို့တော်၀န်ဟောင်းနဲ့ သူပုန်ဟောင်းတစ်ဦးဖြစ်သူ ဂတ်စတာဗိုပက်ထရိုဟာ ကိုလံဘီယာသမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း တာ၀န်ရှိသူတွေက ကြေညာပါတယ်။

လက်ရှိမှာ အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ မစ္စတာပက်ထရိုဟာ ဇွန် ၁၉ ရက်မှာ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ယာယိမ်းဖြစ်သူ ဆောက်လုပ်ရေးသူဌေးကြီး ရိုဒိုဖိုဟာနန်ဒက်ဇ်ကို အနိုင်ယူခဲ့ပါတယ်။

မစ္စတာပက်ထရိုဟာ ကိုလံဘီယာရဲ့ ပထမဆုံးလက်ဝဲခေါင်းဆောင်ဖြစ်လာဖို့ ပြိုင်ဘက်ဖြစ်သူကို မဲအရေအတွက် ခုနှစ်သိန်းကျော် ၅၀ ဒသမ ၅ ရာခိုင်နှုန်းအသာနဲ့ အနိုင်ယူခဲ့ပါတယ်။

ရွေးကောက်ပွဲအနိုင်ရခြင်းဟာ ဘုရားသခင်နဲ့ ပြည်သူတွေရဲ့ အောင်ပွဲဖြစ်တယ်လို့ သူကပြောပါတယ်။သူ့ရဲ့ ရွေးကောက်ပွဲ မိတ်ဖက်ဖြစ်သူ ဖရန်စီယာမားကတ်ဇ်ဟာလည်း ပထမဆုံးသော လူမည်းအမျိုးသမီး ဒုတိယသမ္မတဖြစ်လာမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်ကြောင့် နိုင်ငံရေးဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်ပွားလာနိုင်ကြောင်း စိုးရိမ်မှုတွေကြောင့် ရဲနဲ့ စစ်သား သုံးသိန်းနှစ်သောင်းကို ရွေးကောက်ပွဲကာလအတွင်း ဖြန့်ကြက်ခဲ့ရပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဘိုဂိုတာ

Related posts

Leave a Comment

VOM News

FREE
VIEW