ရေဦးမြို့နယ်မှာ စွန့်ပစ်ထားတဲ့ လူသေ ၂ လောင်းတွေ့

ဇွန် ၊ ၂၀-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့နယ် ၊ ရွာမိသာကျေးရွာနားက မူးမြောင်းထဲမှာ မနေ့ ဇွန် ၁၉ ရက် ညနေပိုင်းက သတ်ဖြတ်စွန့်ပစ်ထားတဲ့ လူသေ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာ တွေ့ရတာပါ ၊ ရွာမိသာ နဲ့ နှောကုန်း မူးမြောင်းထဲကဖြစ်တယ် အမျိုးသား အလောင်း ၂ လောင်းပါ ” လို့ နယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ရေဦးမြို့နယ်ရဲတပ်ဖွဲ့က ” လက်တလော သေမှုသေခင်းဖွင့် စစ်နေပါတယ် ၊ ပေါ်ပေါက်ချက်အရ အကြမ်ဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ပြောင်းလဲအရေးယူမှာပါ ” လို့ ပြောပါတယ်။

ဒီနှစ် ၁ လပိုင်းကစလို့ ရေဦး ၊ ခင်ဦး ၊ တန့်ဆည် ၊ ဒီပဲယင်း နဲ့ ကန့်ဘလူမြို့နယ်တွေမှာ လူပျောက်တွေ ရာနဲ့ချီပြီးရှိနေတယ်လို့ သိရပါတယ်။

” ရွာက ပျောက်သွားတဲ့ ကလေး ၃ ယောက်ဆို ပျောက်ပြီး ၁ ပတ်လောက်ကြာမှ ခေါင်းတွေမပါဘဲ သေဆုံးနေတာကို မူးမြောင်းထဲက ပြန်တွေ့ရတယ်” လို့ ရေဦးမြို့နယ်မြောက်ပိုင်း ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ရေဦးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၊ မေ နဲ့ ဒီလ အထိ စွန့်ပစ်ထားတဲ့ ရုပ်အလောင်းပေါင်း ၁ ရာကျော်ရှိတယ်လို့ သိရပါတယ်။

#voicemyanmar #VOM #ရေဦး #လူသေအလောင်းတွေ

Related posts

Leave a Comment

VOM News

FREE
VIEW