အမေရိကန်နဲ့ အီရန်အကြား နျူကလီးယားဆွေးနွေးပွဲတွေ ပြန်စတော့မယ်

တီဟီရန်၊ ဇွန်-၂၆-၂၀၂၂
မျိုးဆက်(VOM)

၂၀၁၅ အီရန်နျူကလီးယား သဘောတူစာချုပ်ပြန်လည်သက်၀င်ရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်တို့အကြား ဆွေးနွေးပွဲများကို လာမယ့်ရက်အနည်းငယ်အတွင်း ပြန်လည်စတင်တော့မှာဖြစ်ကြောင်း အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂျိုးဆက်ဘော်ရဲလ်ဟာ အီရန်နိုင်ငံခြားရေး၀န်ကြီး ဟူစိန်အာမီယာအဗ္ဗဒိုလာဟီရန်နဲ့ စနေနေ့မှာ တွေ့ဆုံပြီးနောက် အခုလိုက်ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

အမေရိကန်နဲ့ အီရန်တို့အကြား နျူကလီးယားဆွေးနွေးပွဲတွေဟာ မတ်လကတည်းက ဆိုင်းငံ့ထားခဲ့ပြီး ပြန်လည်စတင်နိုင်ရေးအတွက် အီးယူက ကြိုးစားနေတာဖြစ်ပါတယ်။

နျူကလီးယားသဘောတူညီချက်အရ အီရန်ရဲ့စီးပွားရေးအကျိုးအမြတ်တွေကို အပြည့်အ၀ ပြန်လည်ရရှိဖို့ အရေးကြီးကြောင်း၊ သဘောတူညီချက်တခုအပြီးသတ်ရရှိဖို့ ယခုတကြိမ်ဆွေးနွေးပွဲမှာ အမေရိကန်က လက်တွေ့ကျလိမ့်မယ်လို့ မျှော်လင့်ကြောင်း အီရန်နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

အဲဒီဆွေးနွေးပွဲတွေပြန်စမယ်ဆိုရင် သဘောတူညီချက်တခု ရရှိနိုင်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

အီရန်အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားပေးရေးကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်တို့အကြား ဆွေးနွေးပွဲတွေမှာ သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။

Ref: NHK
Photo: Reuters
#voiceofmyanmar #VOM #တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW