နိဒါန်းသဝဏ်လွှာ

ဆူးငှက် ဆရာမြို့မငြိမ်းမှာ ၁၉၄၂ ခုနှစ်စတင်၍ စစ်ကြီးကြောင့် မတည်မငြိမ်ဖြစ်ကာ အနယ်နယ်အရပ်ရပ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ ၁၉၄၅ ခုနှစ် စစ်ကြီးပြီးသော်လည်း အခြေမကျသေး။ ၁၉၄၉ ၌ပင် မိမိနေအိမ်၌ စိတ်ချလက်ချ နေမည်ကြံကာမှ ရှိသေး။ပြည်တွင်းစစ်မီး တောက်လောင်ပြန်တော့ ပြေးဟယ်လွှားဟယ် ဖြစ်ရပြန်ကာ သည်အထဲ သူအင်မတန် ချစ်သော၊ ခင်မင်လေးစားသော နန်းတော်ရှေ့ဆရာတင်လည်း ကွယ်လွန်ခဲ့လေပြီ။ နန်းတော်ရှေ့ဆရာတင် မကွယ်လွန်မီက သားဖြစ်သူရွှနန်းတင်နှင့် ချွေးမ ခင်စန်းတင်တို့အား ဇာတ်တစ်ဖွဲ့ တည်ထောင်ပေးလိုသော ဆန္ဒပြင်းပြခဲ့သည်ကို ဆရာမြို့မငြိမ်းသိရှိခဲ့ရသည်။ ယခုလေးစား ကြည်ညိုရပါသော နန်းတော်ရှေ့ဆရာတင် ကွယ်လွန်သောအခါ ထိုတာဝန်မှာ မိမိနှင့်သက်ဆိုင်သွားလေပြီဟု စိတ်ထဲတနုံ့နုံ့လည်းဖြစ်နေ၏။ သို့သော် မတတ်နိုင်။ ကိုယ့်ကိုယ်နှိုက်က အဘိုးအဘွားနှင့် ဇနီးမယားအပေါ် မှီခိုနေရသူ။ မိသားစုတာဝန်ပင် ခေါင်းလွှဲနေသည့် အခြေအနေဖြစ်၏။ ထိုဝေဒနာက လူမသိသူမသိ အဖိစီးကြီး ဖိစီးနေရသည်။ နောက်ဆုံး တတ်နိုင်တာလေးတစ်ခုက မင်းသမီးခင်စန်းတင်အတွက် အငြိမ့်သီချင်းလေးတစ်ပုဒ်…

Read More

ကမ္ဘာတ၀န်းမှာ မျောက်ကျောက်ရောဂါကူးစက်မှု ၄၀၀၀ ကျော်ထိရှိလာ၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာဖို့ မရှိသေး

ဂျီနီဗာ၊ ဇွန်-၂၆-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်ပျံ့နှံ့နေတဲ့ မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာဖို့ မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ကြာသပတေးနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်ကော်မတီအစည်းအဝေးပြုလုပ်ခဲ့ပြီး ရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာတ၀န်းက ပညာရှင်တွေက ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးအကြံပြုချက်တွေအပေါ် အခြေခံပြီး မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေ မကြေညာသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ကူးစက်ပျံ့ပွားမှုတွေ ထပ်မံဖြစ်နိုင်ခြေရှိတာကြောင့် မျောက်ကျောက်ရောဂါကို အနီးကပ်စောင့်ကြည့်ဖို့ အရေးပေါ်ကော်မတီက အကြံပြုထားပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး အချက်အလက်တွေ ပိုမိုရရှိလာချိန်မှာ ရက်သတ္တပတ်အနည်းငယ်အတွင်း ဒီကိစ္စကို ပြန်လည်သုံးသပ်သင့်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ပိုလီယိုရောဂါနဲ့ ကိုဗစ်-၁၉ ရောဂါတို့ကို ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေစာရင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထည့်သွင်းထားပါတယ်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့အဆိုအရ နိုင်ငံပေါင်း ၄၇ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုဟာ ဇွန်…

Read More

မြိုင်မြို့နယ်မှာ ၂လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ဇွန် ၊ ၂၆ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ သင်းပေါင်းကန်ကျေးရွာ တောင်ဘက်က ၊ သမန်းကန်ဆည်ဘောင်နားမှာ မနေ့ ဇွန် ၂၅ ရက် နေ့လယ်ပိုင်းက ၂ လောင်းပြိုင် လူသတ်ဖြစ်ပွားခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” နေ့ခင်း ၁ နာရီဝန်းကျင်က ဖြစ်တာပါ ၊ အမျိုးသား ရုပ်အလောင်း ၁ လောင်းနဲ့ အမျိုးသမီး ရုပ်အလောင်း ၁ လောင်းတွေ့ရတာ ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြိုင်မြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက” သေဆုံးသူတွေက သင်းပေါင်းကန်ရွာမှာနေတဲ့ ဦးသိန်းထွန်း နဲ့ သူ့မိန်းမ ဒေါ်ဌေးလှ…

Read More

အမေရိကန်နဲ့ အီရန်အကြား နျူကလီးယားဆွေးနွေးပွဲတွေ ပြန်စတော့မယ်

တီဟီရန်၊ ဇွန်-၂၆-၂၀၂၂ မျိုးဆက်(VOM) ၂၀၁၅ အီရန်နျူကလီးယား သဘောတူစာချုပ်ပြန်လည်သက်၀င်ရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်တို့အကြား ဆွေးနွေးပွဲများကို လာမယ့်ရက်အနည်းငယ်အတွင်း ပြန်လည်စတင်တော့မှာဖြစ်ကြောင်း အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂျိုးဆက်ဘော်ရဲလ်ဟာ အီရန်နိုင်ငံခြားရေး၀န်ကြီး ဟူစိန်အာမီယာအဗ္ဗဒိုလာဟီရန်နဲ့ စနေနေ့မှာ တွေ့ဆုံပြီးနောက် အခုလိုက်ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ အမေရိကန်နဲ့ အီရန်တို့အကြား နျူကလီးယားဆွေးနွေးပွဲတွေဟာ မတ်လကတည်းက ဆိုင်းငံ့ထားခဲ့ပြီး ပြန်လည်စတင်နိုင်ရေးအတွက် အီးယူက ကြိုးစားနေတာဖြစ်ပါတယ်။ နျူကလီးယားသဘောတူညီချက်အရ အီရန်ရဲ့စီးပွားရေးအကျိုးအမြတ်တွေကို အပြည့်အ၀ ပြန်လည်ရရှိဖို့ အရေးကြီးကြောင်း၊ သဘောတူညီချက်တခုအပြီးသတ်ရရှိဖို့ ယခုတကြိမ်ဆွေးနွေးပွဲမှာ အမေရိကန်က လက်တွေ့ကျလိမ့်မယ်လို့ မျှော်လင့်ကြောင်း အီရန်နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ အဲဒီဆွေးနွေးပွဲတွေပြန်စမယ်ဆိုရင် သဘောတူညီချက်တခု ရရှိနိုင်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ အီရန်အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားပေးရေးကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်တို့အကြား ဆွေးနွေးပွဲတွေမှာ သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ Ref: NHK Photo: Reuters #voiceofmyanmar #VOM #တီဟီရန်

Read More

၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါ ဖမ်းဆီးရမိမှု နှစ်ဆမြင့်တက်လာ

မန္တလေး၊ ဇွန် – ၂၆- ၂၀၂၂ (VOM) ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မှုးယစ်ဆေးဝါး တန်ဖိုးနဲ့ ၂၀၂၂ ခုနှစ်အတွင်းဖမ်းဆီးရမိခဲ့တဲ့ ပမာဏကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ၂၀၂၁ ခုနှစ်ထက် နှစ်ဆ မြင့်တက်လာတာဖြစ်တယ်လို့ ဖမ်းဆီးရမိတဲ့ မှုးယစ်ဆေးဝါတွေကို မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားမှာ အမှတ် ၁ မူးယစ် တပ်ဖွဲ့ခွဲမှာတာဝန်ထမ်းဆောင်နေတဲ့ ဒုတိယရဲမှူးကြီး ဦးအုန်းခိုင်ကပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ၃၆ မျိုးရှိပြီး တန်ကြေးငွေ ၁၈၆.၀၃၇၇ ဘီလျံကျပ်(အမေရိကန်ဒေါ်လာ ၁၁၆.၂၇၃၅ သန်း)ဖိုး ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ မူးယစ်ဆေးဝါး ၂၅ မျိုး တန်ကြေးငွေ ၃၁၆.၇၇၈၈ ဘီလျံကျပ်(အမေရိကန်ဒေါ်လာ ၁၇၁.၂၃၁ သန်း)ဖိုး ဖမ်းဆီးရမိတယ်လို့ အမှတ်(၁) မှုးယစ်တပ်ဖွဲ့ခွဲက ဒုတိယရဲမှူးကြီးဦးအုန်းခိုင်က ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရား…

Read More

ဘီလာရုစ်အတွက် နျူကလီးယားလက်နက်တပ်ဆင်ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေ ရုရှားပေးမယ်

မော်စကို၊ ဇွန်-၂၆-၂၀၂၂ မျိုးဆက်(VOM) ရုရှားဟာ သူ့ရဲ့မဟာမိတ် ဘီလာရုစ်ကို နျူကလီးယားလက်နက်တပ်ဆင်ပစ်ခတ်နိုင်တဲ့ တာတိုပစ်ဒုံးကျည်စနစ်တွေ ပေးပို့မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။ ရုရှားရဲ့ Iskander-M ဒုံးကျည်စနစ်ဟာ သမရိုးကျနဲ့ နျူကလီးယားထိပ်ဖူးတွေသယ်ဆောင်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်တွေကို ပစ်ခတ်နိုင်ပြီး မိုင် ၃၁၀ အကွာအဝေးထိ ရောက်ရှိနိုင်ပါတယ်။ ဒါ့အပြင် ရုရှားဟာ ဘီလာရုစ်အတွက် SU-25 တိုက်လေယာဉ်တွေမှာ နျူကလီးယားလက်နက်တွေ တင်ဆောင်ပစ်ခတ်နိုင်ဖို့အတွက် ပြုပြင်မွမ်းမံပေးဖို့ကိုလည်း ကူညီပေးသွားမယ်လို့ သမ္မတပူတင်ကပြောပါတယ်။ လက်ရှိမှာတော့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် ရုရှားနဲ့ အနောက်အုပ်စုနိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဆီဗီရိုဒွန်နက်စ်မြို့ကို သီတင်းပတ်များစွာ တိုက်ပွဲတွေပြင်းထန်ပြီးနောက် မြို့ကို အပြည့်အ၀ထိန်းချုပ်လိုက်နိုင်ပြီလို့ ရုရှားကပြောပါတယ်။ ဒီမြို့ကို သိမ်းပိုက်လိုက်တာဟာ လူဟန့်ခ်ဒေသအားလုံးနီးပါးနဲ့ အိမ်နီးချင်း ဒွန်နက်စ်ဒေသကိုပါ ထိန်းချုပ်လိုက်နိုင်တဲ့ သဘောဖြစ်ပါတယ်။ Ref: BBC Photo: Reuters #voiceofmyanmar…

Read More

ခေတ်လက်ရာ မြန်မာမှုအနုလက်ရာပစ္စည်းတွေကို ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း ထောက်ခံချက်လုပ်ပေးမယ်

ဇွန် ၂၆-၂၀၂၂ VOM (GG) ခေတ်လက်ရာ ဗုဒ္ဓဆင်းတုတော်နဲ့ ရုပ်တုဆင်းတု​တွေ၊ မြန်မာမှုအနုလက်ရာ ပစ္စည်းတွေကို ပြည်တွင်း ပြည်ပကို သယ်ဆောင်လိုသူ​တွေအတွက်ရှေးဟောင်းဝတ္ထုပစ္စည်း မဟုတ်ကြောင်း ထောက်ခံချက် ဆောင်ရွက်ပေး​နေတယ်လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဉီးစီးဌာနကနေ သိရပါတယ်။ လျှောက်ထားမယ်ဆိုရင် သယ်ယူပို့ဆောင်မယ့် ပစ္စည်းကို လျှောက်ထားသူနဲ့အတူ တပါတည်းယူဆောင်လာရမှာဖြစ်သလို ၊သယ်ယူပို့ဆောင်လိုတဲ့ ပစ္စည်းတွေရဲ့ အမျိုးအမည်၊ အမျိုးအစား၊အရေအတွက်၊ အတိုင်းအတာတွေ ပြည့်ပြည့်စုံစုံပါရှိတဲ့စာရင်း၊ ဝယ်ယူခဲ့တဲ့ ပြေစာ(သို့မဟုတ်) ပြုလုပ်တဲ့ ကုမ္ပဏီအဖွဲ့အစည်း၊ ဆိုင်၊ ပုဂ္ဂိုလ်ရဲ့ အသစ်ဖြစ်ကြောင်း အာမခံချက် အထောက်အထားတွေလိုအပ်တယ်လို့ သိရပါတယ်။ ရှေးဟောင်းဝတ္ထုပစ္စည်းတွေနဲ့ လဲလှယ်သယ်ဆောင်ခြင်း မပြုကြောင်း ဝန်ခံကတိပြုချက်လည်းလိုအပ်ပါတယ်။ “အချက် ၅ ချက်ထုတ်ထားတယ်။အဲ့ဒါတွေနဲ့အညီလုပ်ပေးမှာပါ။ကုမ္ပဏီဆိုရင် ကုမ္ပဏီမှတ်ပုံတင် မိတ္တူ၊ သွင်းကုန်ထုတ်ကုန်လိုင်စင် မိတ္တူလိုပါတယ်။ဌာနဆိုင်ရာတွေ၊ ​ဘာသာရေး အဖွဲ့အစည်းတွေဆိုရင် မူရင်းရုံးစာ ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ အကျိုး အကြောင်း ဖော်ပြစာလိုပါတယ်။ ပစ္စည်းကို အပြာရောင်နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ၄…

Read More

ဘုရားသုံးဆူကနေ ထိုင်းကိုပွဲစားနဲ့သွားတဲ့ မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ

ကချနာဘူရီ၊ ဇွန်-၂၆-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံထဲကို တရားမ၀င်လာရောက်တဲ့ မြန်မာနိုင်ငံသား ၁၉ ဦးနဲ့ ပွဲစားထိုင်းခြောက်ဦးကို ဆောင်ခလာဘူရီခရိုင်က နေအိမ်တလုံးမှာ ထိုင်းရဲတွေက ဇွန် ၂၅ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ခုနှစ်ဦးတို့ပါ၀င်ပြီး နေအိမ်ထဲကနေ ဘတ်ငွေ ၅၃၆၆၀ ၊ မော်တော်ဆိုင်ကယ်တစီးနဲ့ ဖုန်း၅လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ ထိုင်းပွဲစား​ ၆ဦးဟာ မြန်မာနိုင်ငံသား ၁၉ ဦးကို ဆောင်ခလာဘူရီနဲ့ထိစပ်နေတဲ့ ဘုရားသုံးဆူကနေ ထိုင်းနိုင်ငံထဲကိုခေါ်ဆောင်လာတာဖြစ်တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ သူတို့ဟာ မော်တော်ဆိုင်ကယ်တွေ၊ စက်လှေတွေနဲ့ မြန်မာနိုင်ငံသားတွေကို ခေါ်ဆောင်လာတာဖြစ်ပြီး တယောက်ကို ဘတ်ငွေ ၃၂၀၀၀ စီရယူခဲ့တယ်လို့ ထိုင်းပွဲစားတွေက ၀န်ခံထွက်ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းရေးမငြိမ်သက်မှုတွေ၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ အန္တရာယ်များတဲ့ လမ်းကြောင်းတွေကတဆင့် ထိုင်းနိုင်ငံထဲကို…

Read More

ဖားကန့်မြို့နယ် သျှမ်းနီ အမျိုးသား စာပေနဲ့ ယဥ်ကျေးမှု အဖွဲ့ ဒု ဥက္ကဋ္ဌ သေနတ်နဲ ပစ်သတ်ခံရ

ဇွန် ၊ ၂၆ ၊ ၂၀၂၂ SP(VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဟောင်ပါးမြို့နေ သျှမ်းနီ အမျိုးသား စာပေနဲ့ ယဥ်ကျေးမှု ကော်မတီ ရဲ့ ဒု ဥက္ကဋ္ဌဖြစ်သူ ဦးဖေသန်းဟာ မနေ့ ဇွန် ၂၅ ရက် ညပိုင်းက နေအိမ်မှာ ရှိနေတဲ့အချိန် လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ရတယ်လို့ သျှမ်းနီ အမျိုးသား စာပေနဲ ယဥ်ကျေးမှုကော်မတီ ဆီက သိရပါတယ်။ ” မနေ့က ညပိုင်း ၈ နာရီဝန်းကျင်က နေအိမ်ရှေ့အောက်မှာ ရှိနေတဲ့အချိန် သေနတ်နဲ့ လာပစ်တာကို ခံရတာပါ ” လို့ သျှမ်းနီ ယဥ်ကျေးမှု အဖွဲ့ဝင် တယောက်က ပြောပါတယ်။ အသက် ၆၀ နှစ်အရွယ် ဦးဖေသန်းဟာ သေနတ်သမား လူငယ်…

Read More

မြင်းခြံမြို့နယ်ထဲမှာ သေနတ်နဲ့ပစ်သတ်ပြီး စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၃ လောင်းတွေ့

ဇွန် ၊ ၂၆ ၊ ၂၀၂၂ SP(VOM) မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ၊ ဂျုပ်ပင်ကျေးရွာရဲ့ အရှေ့မြောက်ဘက်မှာ မနေ့ ဇွန် ၂၅ ရက် မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ် ၊ စွန့်ပစ်ထားတဲ့ အလောင်း ၃ လောင်း တွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသား အလောင်း ၃ လောင်း တွေ့ရတာပါ ၊ ဆေးရုံပို့ဆောင်ပေးဖို့ ကူညီပေးခဲ့တယ် ” လို့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။ .” သေဆုံးသူတွေက ဂျုပ်ပင်ရွာက လူတွေမဟုတ်သလို ၊ ရွာနားဝန်းကျင် အခြားရွာက လူတွေလည်း မဟုတ်ဘူး ၊ သေနတ်သမားတွေက တနေရာက ဖမ်းခေါ်လာတဲ့သူတွေကို ဂျုပ်ပင်ရွာနားရောက်မှ သတ်ထားခံရတာ ဖြစ်နိုင်မယ်…

Read More
VOM News

FREE
VIEW